5/06/2017

♪ Google Docs သုံးစွဲသူများ phishing scam ကို သတိပြုရန်လို ♫


ကိုယ်နဲ့သိတဲ့သူတွေကဆီက Google Document တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ email တွေ ဝင်ရောက်လာပြီ ဆိုရင် သတိကြီးကြီးထားဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါဟာ မကြာသေးခင်က အင်တာနက် တစ်ဝန်းမှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့တဲ့ phishing scam တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်လို့ပါပဲ။

CBS News အပါအဝင် သတင်းဌာနအချို့ရဲ့ ဝန်ထမ်းတွေဟာ Google Drive က ပေးပို့တဲ့ပုံစံနဲ့ အလွန်ဆင်တူတဲ့ email တွေကို လက်ခံရရှိခဲ့ပါတယ်။ Email အများစုရဲ့ “send to” section မှာ hhhhhhhhhhhhhhhh@mailinator.com ဆိုတဲ့ လိပ်စာပါဝင်တယ်လို့ ဆိုပါတယ်။


အဲ့ဒီ သံသယဖြစ်ဖွယ် email ကို လက်ခံရရှိသူတွေဟာ Twitter ပေါ်ကနေ အခြားသူတွေကို သတိပေး အကြောင်းကြားခဲ့ကြပါတယ်။

တကယ်လို့ လှည့်ဖြားထားတဲ့ link ကို သုံးစွဲသူတွေက နှိပ်မိလိုက်မယ်ဆိုရင် Google account အားလုံးကို ထိန်းချုပ်နိုင်မယ့် Google စာမျက်နှာတစ်ခုကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဲ့ဒီ စာမျက်နှာဟာ ဟက်ကာတွေက email နဲ့ private document အားလုံးကို ရရှိသွားနိုင်မယ့်နေရာဖြစ်ပါတယ်။

ဒီ phishing scam ရဲ့နောက်ကွယ်ကလှုပ်ရှားသူကိုတော့ မသိရသေးပါဘူး။ အဲ့ဒီ phishing scam ဟာ သုံးစွဲသူရဲ့ data permission ခွင့်ပြုတဲ့ စာမျက်နှာကို Google ကမပိတ်ပင်မီ အင်တာနက်မှာ အချိန်အတန်ကြာ ပျံ့နှံ့သွားခဲ့ပါတယ်။ Phishing တိုက်ခိုက်မှုနဲ့ ဆက်နွှယ်တဲ့ account တွေကို ပိတ်ပင်သွားမှာဖြစ်တယ်လို့ Google က CBS News ထံ ပြောကြားခဲ့ပါတယ်။

“Google Docs အသွင်ဟန်ဆောင်ပြီး email ပေးပို့မှုတွေကို တားမြစ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထား ပါတယ်။ Phishing scam လုပ်တဲ့ account တွေကိုလည်း ပိတ်ပင်သွားမှာပါ။ နောက်ပြီး စာမျက်နှာအတုတွေကို လည်း ဖယ်ရှားထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” လို့ Google က ထုတ်ပြန်ခဲ့ပါတယ်။




Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com