5/06/2017

♪ Gmail Android app တွင် phishing တိုက်ခိုက်မှုကိုတားဆီးပေးမည့် feature သစ် ပါဝင်လာ ♫


သုံးစွဲသူတွေကို phishing တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးမယ့် လုံခြုံရေး feature သစ်တစ်ခုကို Google က Gmail Android app မှာ ထည့်သွင်းပေးလိုက်ပါတယ်။
 
ဒီ feature သစ်ဟာ သုံးစွဲသူက email မှာပါဝင်တဲ့ မသင်္ကာစရာ link တစ်ခုကို နှိပ်လိုက်တဲ့အခါ link က အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ pop-up သတိပေးစာတန်းတစ်ခု ပြသပေးမှာဖြစ်ပါတယ်။

ဒီသတိပေးချက်ဟာ click လုပ်လိုက်တဲ့ link တွေနဲ့ link တွေကခေါ်ဆောင်သွားမယ့် နေရာတွေအကြောင်းကို သုံးစွဲသူတွေက ပိုမိုသတိထားလာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Google က ဆိုပါတယ်။

အဲ့ဒီ feature ကို ဖြည်းဖြည်းချင်း ဖြန့်ချိပေးသွားမှာဖြစ်ပြီး သုံးစွဲသူအားလုံး အသုံးပြုနိုင်ဖို့အတွက် ရက်အနည်းငယ်ကြာမြင့်နိုင်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။




Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com