Facebook က ဗီဒီယိုများကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်တဲ့ Live Video
ဝန်ဆောင်မှုကို ပြုလုပ်ပေး ထားပါတယ်။ အခုတော့ အသံ တိုက်ရိုက်
ထုတ်လွှင့်နိုင်တဲ့ Live Audio ၀န်ဆောင်မှုကို ပြုလုပ်ပေး လိုက်ပါတယ်။
ဒီဝန်ဆောင်မှုဟာ Publishers , Podcasters နဲ့ Authors များအတွက် အလွန် အသုံးဝင်ပါတယ်။ အင်တာနက်လိုင်း မကောင်းရင်တောင် Live Audio များ ထုတ်လွှင့်နိုင်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်တောင် အဆင်ပြေစေပါတယ်။ Live Video များလိုပဲ Users များက Audio များကို သူတို့ Follower များရဲ့ Newsfeed သို့ ထုတ်လွှင့်နိုင်မှာ ဖြစ်ပြီး အမေး၊ အဖြေ ကဏ္ဍလို Live Feedback များကို ရရှိကြမှာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ အကျိုးကျေးဇူးတစ်ခုက Android Users များဟာ အခြား Apps များကို အသုံးပြုနေစဉ် သို့မဟုတ် Lock Screen ကနေ Live Audio များကို နားဆင်နိုင်တာ ဖြစ်ပါတယ်။ iOS Users များကတော့ Facebook App မှ အခြား အရာများကို ကြည့်နေစဉ်မှာ Live Audio များကို နားဆင်နိုင်ပါတယ်။
Facebook က ဒီ ၀န်ဆောင်မှုကို BBC, World Service, LBC, Harper Collins တို့နဲ့ ပူးပေါင်း၍ စမ်းသပ်မှာ ဖြစ်ပါတယ်။ အခြား Publishers များနဲ့ Users များအတွက် လာမယ့်နှစ် အစောပိုင်းမှာ ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့ Users များမှာ Live Audio ကို အသုံးပြုနိုင်ပြီလို့ သိရပါတယ်။