5/17/2017

♪ “အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫

Image may contain: one or more people and text

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G610-U00 ဖုန်းလေးပါ။ ကျွန်တော် ဖုန်းသုံးနေရင်း Screen မှာ New Risk Old Risk စာတန်းကြီးပေါ်လာပြီး ဘာမှလုပ်လို့မရတော့ဘူး။ ဘယ်လိုဖြေရှင်းရမလဲ။ အကြံလေးပေးပါဦးဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒီ Error က Charging ခေါင်းက မကောင်းလို့ ဖြစ်တာပါ။ နီးစပ်ရာ Service ဆိုင်ကိုပို့ပြီး ပြင်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Power ဖွင့်ပြီးသုံးနေရင် အသုံးပြုရပြီး Phone ကို Second Power ဖွင့်ထားပြီး ပြန်ဖွင့်ရင် Power တက်မလာတော့ဘူး။ အဲ့ Error လေးပြောပြပေးပါ။
ဖြေ - အစ်ကိုကြုံနေရတဲ့ Error က Sleep Mode Error ပါ။ WiFi IC လဲပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - မိမိကွန်ပျူတာမှာ Internet ရလား၊ မရလား။ ရှိလား၊ မရှိလား။ ဘယ်လိုစစ်ရပါသလဲ။
ဖြေ - Run Box ဖွင့်ပါ။ CMD ဖွင့်ပြီး ping www.google.com လို့ရိုက်ပါ။ Reply ဆိုတဲ့စာသားပေါ်လာရင် Internet ရှိပါတယ်။ သုံးလို့လည်းရပါတယ်။ ကောင်းလည်းကောင်းပါတယ်။

မေး - Mi Note 4 ကင်မရာရိုက်ရင် ဇောက်ထိုးကြီးပေါ်နေလို့ ဘယ်လိုပြန်လုပ်ရမလဲဆိုတာ ပြောပြပေးပါဦးခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ Camera ရိုက်တဲ့အချိန် ဇောက်ထိုးပေါ်နေရင် Dial Phone ထဲကိုဝင်ပြီး *#*#64663#*#* ကိုနှိပ်ပါ။ ပြီးရင် Accelerator ထဲကိုဝင်ပါ။ ဘေးပတ်ပတ်လည်မြှားတွေပေါ်လာအောင် ဖုန်းကို Shake ပေးပါ။ ပြီးရင် OK ကိုနှိပ်ပါ။ >> 3 နေရာကိုရောက်ရင် အပြာရောင် အ၀ိုင်းလေးပြည့်အောင် ဖုန်းကိုလှည့်ပေးပါ။ ပြီးရင် ပုံပါအတိုင်း အတည့်ပြန်ဖြစ်အောင်ထားပါ။ ဓာတ်ပုံတွေ အတည့်ပြန်ပေါ်သွားပါ လိမ့်မယ်။

မေး - မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ဖုန်းမှာ Google သုံးလို့မရလို့ Online Game တွေဆော့ရင် Account Bind လုပ်လို့မရဖြစ်နေတယ်။ ကျွန်တော့်ဖုန်းက Huawei 8816D ပါ။
ဖြေ - ဟုတ်ကဲ့။ မင်္ဂလာပါခင်ဗျာ။ Online Game တွေကို Google အပြင် Facebook နဲ့လည်း Bind လို့ရပါတယ်။ Huawei ဖုန်းကို Google သွင်းမယ်ဆိုရင် Root Access ရှိဖို့လိုပါတယ်။ Android Version အပေါ်မူတည်ပြီး Google Service သွင်းတဲ့ Application တွေရှိပါတယ်။ Online ဖွင့်ပြီး Application ကို Run တာနဲ့ Auto Download ဆွဲပြီး Install လုပ်ပါလိမ့်မယ်။ Reboot ပြန်တက်လာရင် Google Service သုံးလို့ ရပါပြီ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Honor U19 ဖုန်းလေးပါ။ ကျွန်တော့်ဖုန်းက သီချင်းနားထောင်ရင် အသံကြားရပြီး ဖုန်းပြောရင် Speaker ဖွင့်ပြောရင်တော့ မကြားရဘူးဗျာ။ ဘာဖြစ်တာလဲ အစ်ကို။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့ Error က Software ပိုင်းမကောင်းလို့ဖြစ်တာများပါတယ်။ Firmware ပြန်ရေးရင် အဆင်ပြေတာများပါတယ်။ မရရင်တော့ Speaker နှင့်ပတ်သက်တဲ့လမ်းကြောင်းများကို စစ်ကြည့်သင့်ပါတယ်။

မေး - Huawei ဖုန်းတွေရဲ့ Setting ထဲက Add Account ထဲမှာ Google Service မပါလို့ပါ။ Google Service ထည့်လို့ရပါသလား။
ဖြေ - ဟုတ်ကဲ့ပါ။ Google Service ကို အသုံးပြုမယ်ဆိုရင် ပထမဦးဆုံး မိမိဖုန်းမှာ Root ရှိရပါမယ်။ ပြီးရင် Google Service.apk ဆိုတဲ့ Software ကို SD Card ထဲ Copy ကူးထည့်ပါ။ ပြီးရင် ဖုန်းကို Recovery Mode ခေါ်ပြီး Apply Update From SD Card ကိုနှိပ်ပြီး Install လုပ်ပေးလိုက်ရင် Setting ထဲက Add Account ထဲမှာ Google Service ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းက 7232 ဆိုတဲ့ Coolpad ဖုန်းလေးပါ။ ပါဝါသေနေတာပါ။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဖုန်းတစ်လုံးမှာ ပါဝါသေနေတယ်ဆို ဘယ်ကောင်လေးလဲလိုက်ဆိုပြီး ကျွန်တော်ကတော့ တန်းမပြော တတ်ပါဘူးဗျာ။ Power သေဖို့က Component လေးတွေကြောင့်လည်းဖြစ်တယ်။ IC တွေကြောင့်လည်း ဖြစ်တယ်။ Crystal Power Crystal ကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် စစ်ဆေးပြီးမှ ဘယ်ကောင်လေးကြောင့် Power သေတယ်ဆိုတာ ပြောလို့ရမှာပါ။ 7232 Coolpad ဖုန်းတစ်လုံးဆိုရင် Amper လက်တံ 0.3A လောက်မှာပြနေတယ်။ ငြိမ်နေတယ်။ Power Crystal လေးလဲလိုက်တာ အဆင်ပြေသွားတယ်ဗျာ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com