5/09/2017

♪ မျက်နှာအာရုံခံ စနစ်ပါလာမယ့် Android Pay ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Android-Pay-AM-AH-1-1600x900.jpg?fit=800%2C450&ssl=1

Google က Credit , Debit Card များကို Android ထဲသို့ ဒစ်ဂျစ်တယ် နည်းဖြင့် ထည့်သွင်း၍ အရောင်းဆိုင် များမှာ ငွေပေးချေနိုင်မယ့် Android Pay ၀န်ဆောင်မှုကို ပြုလုပ်ပေးထားပါတယ်။ အရောင်းဆိုင်များမှာ ငွေပေးချေတဲ့ အခါမှာ ဖုန်းကို ငွေလက်ခံတဲ့ စက်အနားသို့ ကပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။ အခုတော့ Google က Android Phone ကနေ ထူးခြားဆန်းသစ်စွာ ငွေပေးချေနိုင်မယ့် နည်းပညာကို တီထွင်နေပါတယ်။ အဲဒါကတော့ မျက်နှာအာရုံခံ စနစ် ဖြစ်ပါတယ်။

Google က အဲဒီ နည်းပညာကို Visual ID လို့ အမည်ပေးထားမှာ ဖြစ်ပါတယ်။ Google က အဲဒီ ၀န်ဆောင်မှုကို တရားဝင် ကြေညာထားခြင်း မရှိသေးပေမယ့် Android Pay APK ဖိုင်ကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့ အခါမှာ Visual ID နဲ့ ပတ်သက်တဲ့ ကုဒ်များကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Google က အရောင်းဆိုင်များမှာ ငွေပေးချေမှုများအတွက် မဟုတ်ဘဲ Loyalty Cards များအတွက်သာ မျက်နှာအာရုံခံ စနစ်ကို အသုံးပြုစေမှာဖြစ်တယ်လို့ ကျွမ်းကျင်သူများက ပြောပါတယ်။

ဒီနည်းပညာကို အသုံးပြုဖို့အတွက် အရောင်းဆိုင်များမှာ Visual ID Camera များ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ Loyalty Cards များကို သင့်စမတ်ဖုန်းကနေ စကင်လုပ်ရတဲ့ သမားရိုးကျ နည်းလမ်းထက် လွယ်ကူ လျှင်မြန်စေမှာ ဖြစ်ပါတယ်။ Google က အစောပိုင်းမှာ Visual ID Camera များကို အရောင်းဆိုင် အနည်းငယ်နဲ့ စမ်းသပ်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com