5/15/2017

♪ “Best Dual Camera Phone 2017” ♫

Image may contain: phone

ယနေ့ခေတ်မှာကျွန်တော်တို့အားလုံးဟာ ဓာတ်ပုံဆရာတွေဖြစ်လာကြပါတယ်။ ကျွန်တော်တို့ရဲ့တစ်နေ့တာပြု လုပ်သမျှအရာတွေ ကိုရိုက်ကူးပြီးလူမှု ကွန်ရက်များ၊ ဘလော့များမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာများကို အချိန်နဲ့တစ်ပြေးညီရိုက်ယူ နေခဲ့တဲ့အတွက်ဖက်ရှင်ဓာတ်ပုံဆရာများ၊ ဓာတ်ပုံသတင်းထောက်များကဲ့သို့ ဆောင် ရွက်နေကြပြီဖြစ်ပါတယ်။ ဒါဟာမိုဘိုင်းစမတ်ဖုန်းကင်မရာတွေရဲ့တိုးတက်ပြောင်းလဲလာမှုဆိုရင်ပိုမှန်ပါလိမ့်မယ်။ စမတ်ဖုန်းထုတ်လုပ်သူများဟာသူတို့ရဲ့ ဖုန်းများမှာ အကောင်းဆုံး ကင်မရာနည်းပညာများကို အပြိုင်အဆိုင်ထည့် သွင်းနေကြပါတယ်။ HTC M8 ကနေစခဲ့တဲ့ Dual-Lens နည့်းပညာနဲ့ ဓာတ်ပုံရိုက်ကူးနိုင်စွမ်းဟာ အခုဆိုရင် စမတ်ဖုန်းအများစုမှာပါ ထည့်သွင်းလာခဲ့ပါပြီ။ ကင်မရာနှစ်လုံးက အလင်းရောင်ကိုအသေးစိတ်ကျစွာ ဖမ်းယူပေး နိုင်တဲ့အတွက် အရည်အသွေး မြင့်တဲ့ဓာတ်ပုံများကိုပံ့ပိုးပေးပါတယ်။ အလင်းရောင်နည်းပါးတဲ့အခြေအနေမှာ တောင်ဓာတ်ပုံကောင်းများ ဖမ်းယူပေးနိုင်ပါတယ်။

ဒီနေ့ခေတ်စမတ်ဖုန်းကင်မရာနည်းပညာဟာ သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးအနေအထားဖြစ်နေပါတယ်။ ဟိုးအစောပိုင်းကာလက ဆိုရင်တော့ HTC ရဲ့M8 က ရိုက်ကူးမှုအတွက်အကောင်းဆုံးလို့ သတ်မှတ် နိုင်ပါလိမ့်မယ်။ ဒါပေမယ့်၂၀၁၇ခုနှစ်အရောက်မှာတော့ စမတ်ဖုန်း ကင်မရာတွေရဲ့တိုးတက်ပြောင်းလဲမှုဟာအတော်ကြီးကို အဆင့်အတန်း မြင့်လာပါပြီ။ ဒါကြောင့် dual-lens သုံး ထားတဲ့ဖုန်းတွေရဲ့လုပ်ဆောင်ချက် တွေအကြောင်းကို လေ့လာကြည့်ရအောင် . . . .

<Huawei P10>

P10 မှာ ၅.၁ လက်မ Full HD Displayနဲ့ 4GB RAM, 64GB Internal Storage,3200mAh Battery, Android 7.0 တပ်ဆင်ထားပါတယ်။ Huawei P10 မှာ Kirin 960 Processor အသစ်တပ်ဆင်ထားပြီး ဥာဏ်ရည်မြင့် Machine Learning Algorithm ပါတဲ့အတွက် အမြန်နှုန်းကတော့အံ့မခန်းပါပဲ။ Hardware နဲ့ Software တို့ သင့်တင့်အချိုးကျစွာ ပူးပေါင်းအလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကြောင့် Huawei P10 ဟာအလွန်လျင်မြန်နေပါတယ်။ Kirin 960 Processor တပ်ဆင်ထားတဲ့အတွက် Apps များအသုံးပြုခြင်း၊ ဗီဒီယိုကြည့် ခြင်းနဲ့ HD Games များကစားခြင်းတို့ ပြုလုပ်ရင် စွမ်းဆောင်ရည်အလွန် ကောင်းမွန်ပါတယ်။ CPU ပိုင်းမှာတော့ Core A73 2.4GHz လေးလုံးနဲ့ Core A53 1.8GHz လေးလုံးတပ်ဆင်ထားတဲ့ ဆန်းသစ်တဲ့ ARM Cortex A73 CPU ကိုအသုံးပြုထားပါတယ်။ စွမ်းဆောင်ရည်အပိုင်းမှာ ၁၈ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Mali-G71 Octa-Core GPU က စွမ်းဆောင်ရည်ကို ၁၈ဝ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါတယ်။ LPDDR4 RAM အသစ်ကအမြန်နှုန်းကို ၄ဝ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါတယ်။ P10 ရဲ့ တချို့လုပ်ဆောင်ချက်တွေဟာ မျိုး ဆက်သစ် Mate series နဲ့အလွန်ဆင်တူ တာကိုလည်း တွေ့ရပါတယ်။ အနောက်ဘက်မှာ 20MP Camera 2 လုံးနဲ့ အရှေ့ဘက်မှာ 12MP Camera 1 လုံးတပ်ဆင်ထားပါတယ်။ ကင်မရာများကို Leica က ထုတ်လုပ်ပေး ထားတာဖြစ်ပါတယ်။ UFS 2.1 Flash Memory အသစ်ကြောင့် ဒေတာကူးပြောင်းမှုအမြန်နှုန်းဟာ eMMC 5.1 ထက် ၁ဝဝ ရာခိုင်နှုန်းပိုမိုမြန်စေပါတယ်။ သင့်တင့်ကောင်းမွန်တဲ့အရွယ်အစားဖြစ်သည့် 3200mAh Battery နဲ့စမတ်ကျတဲ့စွမ်းအင်ချွေတာတဲ့နည်းပညာကြောင့် အားအပြည့်သွင်းထားရင် ၂ ရက်ကြာအသုံးခံပါတယ်။

<Key specs>

P10 မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor 2 လုံးကို အနောက်ဘက်မှာ ပူးတွဲတပ်ဆင် ထားတဲ့ ဒုတိယမျိုးဆက် Leica Dual Camera ပါပါတယ်။ RGB Sensor က အရောင်စုံရိုက်ကူးပေးနိုင်ပြီး Monochrome Sensor က အသေးစိတ်ကျစွာဖမ်းယူပေးပါတယ်။ Hybrid Zoom စွမ်းရည်ပါတဲ့အတွက် Leica အရည်အသွေးဓာတ်ပုံများကို Focal Length ကြီးကြီးဖြင့် ရိုက်ကူးပေးပါတယ်။

<LG G6>

G6 ရဲ့ဒီဇိုင်းဟာ မျက်နှာပြင်ကို ပိုမိုကြီးမားသွားစေတဲ့ ပုံစံတစ်မျိုးဖြစ်ပေမယ့် လက်တစ်ဖက်တည်းနဲ့ အသုံးပြုရ တာအဆင်ပြေအောင် ပြုလုပ်လိုက်ပါတယ်။ LG အနေနဲ့ မျက်နှာပြင်ရဲ့ပုံစံကိုလည်း ပြောင်းလဲလိုက်ပြီးတော့ ၅.၇လက်မ ရှိတဲ့ LCD မျက်နှာပြင်ရဲ့ Resolution ပိုင်းမှာ 2880 x 1440 နဲ့ ပိုမို ရှည်လျားတဲ့မျက်နှာပြင် အချိုး အစားတစ်ရပ်ဖြစ်တဲ့ 18:9 ပုံစံကို ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ထောင့်တွေကိုလည်း အကွေးပုံစံထည့် သွင်းထားပါတယ်။ ဖုန်းရဲ့အထူကတော့ 7.9mm ရှိပြီး ရေနဲ့ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိစေဖို့ IP68 စနစ်ကို ထည့်သွင်းပေးထားပါတယ်။ LG ဟာ မနှစ်ကထုတ်လုပ်ခဲ့တဲ့ G5 အတိုင်းပဲကင်မရာကို မပြောင်းလဲဘဲထည့် သွင်းခဲ့ပါတယ်။ အဓိကပါဝင်တဲ့ အချက်အလက်တွေအနေနဲ့ G6 မှာ Android 7.0 Nougat ဗားရှင်းနဲ့ ထည့် သွင်းအလုပ်လုပ်မှာဖြစ်ပြီး Qualcomm Snapdragon 821 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM က တော့ 4GB ပါဝင်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 32GB နဲ့ microSD ကတ်ထပ်စိုက်နိုင်ပါ လိမ့်မယ်။ ဘက်ထရီက G5 တုန်းကလို Removable မလုပ်နိုင်တော့ပေမယ့် 3300mAh ဘက်ထရီက အတော် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ နာရီဝက်အားသွင်းရင်ဘက်ထရီ ၃၄ရာခိုင်နှုန်းအထိရနိုင်ပြီး တစ်နာရီကျော် အားသွင်းမယ်ဆိုရင်တော့ ၁ဝဝ ရာခိုင်နှုန်းပြည့်အောင်သွင်း နိုင်မှာဖြစ်ပါတယ်။ LG ဟာ Landscape အနေနဲ့ အသုံးပြုရင်လည်း အဆင်ပြေနိုင်အောင်တချို့ App တွေကို Develop လုပ်ခဲ့ပြီး Gallary, Contacts, Calendar, E-mail နဲ့ Music တွေကို မျက်နှာပြင်နှစ်ခုခွဲပြီး အလုပ်လုပ်နိုင်မှာပါ။ Google Assistant ဆိုတဲ့ AI ပါဝင်တဲ့ Google ဖုန်းမဟုတ်တဲ့ ပထမဆုံး Android စမတ်ဖုန်းလည်းဖြစ်လာတာကြောင့် သင့်အနေနဲ့ AI စနစ် ကိုအတွေ့အကြုံသစ်နဲ့ အသုံးပြုနိုင်မှာပါ။

<Key specs>

Normal နဲ့ Wide-Angle Camera ၂လုံးကိုအနောက်ဘက်မှာ တပ်ဆင်ထား ပေမယ့် 13MP သို့ အဆင့်မြှင့် ထားပါတယ်။ ဒါပေမယ့် အလင်းဝင်ပေါက်နဲ့ Pixel အရွယ်အစားကတော့ တိုးတက်လာခြင်းမရှိပါဘူး။ အဓိက Camera မှာ Optical Image Stabilization နည်းပညာနဲ့ ပိုမိုလျင်မြန်တဲ့ f/1.8 Aperture ပါတဲ့အတွက် ဓာတ်ပုံများက အရည်အသွေးကောင်းမွန်ပါတယ်။ Wide-Angle Camera မှာတော့ OIS မပါတဲ့အတွက် ကြည် လင်ပြတ်သားမှု အားနည်းနိုင် ပါတယ်။

<Xiaomi Mi 6>

Mi 6 စမတ်ဖုန်းကို 3D curved Glass ကိုယ်ထည်နဲ့ Ceramic ကိုယ်ထည်ဆိုပြီး 2မျိုးထုတ်လုပ်ပေးထားပါ တယ်။ မျက်နှာပြင်ကတော့ 5.15လက်မရှိမှာဖြစ်ပါ တယ်။ အကြမ်းခံနိုင်စွမ်းရှိအောင်လို့ splash resistant နည်းပညာကိုသုံးထား ပါတယ်။ Xiaomi Mi 6 က အဆင့်မြင့်စမတ်ဖုန်းပီပီ ဒီဇိုင်းပိုင်းကောင်းမွန် ပါတယ်။ ဘေးဘက် 3D မှန်ကွေးကို အသုံးပြုထားပါတယ်။ 3.5 mm နားကြပ်ပေါက်မပါဝင်ပါဘူး။ Xiaomi ဟာ ကျောဘက်ကို မှန် တစ်ချပ်လိုပဲ ပြောင်လင်းနေအောင် လုပ်ထားပါတယ်။ ကျောဘက်ကင်မရာနှစ်ခုစနစ်၊ LED Flash၊ Mi လိုဂိုတို့ပဲ ပါဝင်ပါတယ်။ Xiaomi Mi 6 ကို 10nm နှင့် ထုတ်လုပ် ထားတဲ့ Qualcomm Snapdragon 835 SoC နှင့် ပါဝါ ထောက်ပံ့ထားပါ တယ်။ ဒီစမတ်ဖုန်းကို RAM6GB နှင့်လည်း ထောက်ပံ့ထားတာကြောင့် ဂိမ်းကစားတာပဲ ဖြစ်ဖြစ်၊ ဘရောက်စာတွေ အသုံးပြုရာမှာပဲဖြစ်ဖြစ် သင့်အနေနဲ့ပေါ့ပါးစွာ အသုံးပြုနိုင်ပါမယ်။ Snapdragon 835 က Snapdragon 820 နှင့်နှိုင်းယှဉ်မယ်ဆိုရင် ပါဝါသုံးစွဲမှု ၂၅ ရာခိုင်နှုန်း နည်းပါးပါတယ်။ ဒါကြောင့် Mi 6 အသုံးပြုတွေအနေနဲ့ ဘက်ထရီပိုမိုတာ ရှည်စွာ သုံးနိုင်ပါမယ်။ ဒါ့အပြင် Snapdragon 835 SoC က Gigabit LTE လည်း သုံးနိုင်တာကြောင့် 5G ကွန်ရက်ရရှိတဲ့နေရာမှာ တစ်စက္ကန့်လျှင် 1GB အထိ ဒေါင်းနိုင်ပါမယ်။ ဘက်ထရီစွမ်းအားပိုင်းအတွက်တော့ Li-po 3350mAh နဲ့ဖြစ်ပြီး အားသွင်းမြန်ဆန်စေဖို့အတွက် Quick charge 3.0နည်းပညာ ထောက်ပံ့ ပေးထားမှာပါ။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းအတွက်ကတော့ Bluetooth 5.0 ဟာသွက် လက်မြန်ဆန်တဲ့ ချိတ်ဆက်မှုရအောင် ပြုလုပ် ပေးပါလိမ့်မယ်။ Xiaomi ဟာ မှန်အောက်မှာ လက်ဗွေရာစနစ် ထည့်သွင်း ထားတဲ့နည်းပညာကို နောက်ထပ်တစ်ကြိမ်အသုံးပြုလာပါတယ်။ Xiaomi ဟာ Mi 5s မှာလည်း လက်ဗွေရာစနစ်ကို မှန်အောက်မှာ ထည့်သွင်းနိုင်အောင် Ultrasonic Technology ကို သုံးခဲ့ပါသေးတယ်။ စပီကာနှစ်လုံးကို အပေါ်နှင့်အောက်မှာ ထည့်သွင်းလာခဲ့ပြီဖြစ်ပါတယ်။ စပီကာနှစ်ခုကြောင့် သီချင်း၊ ဗီဒီယို နား ဆင်ကြည့်ရှုတဲ့အခါနဲ့ ဂိမ်းကစားတဲ့အခါ အသံပတ်လည် စနစ်ကို ခံစားနိုင်စေမှာ ဖြစ်ပါတယ်။

<Key specs>

ကျောဘက်ကင်မရာနှစ်ခုက 12MP+12MP ဖြစ်ပါတယ်။ တစ်ခုက မြင်ကွင်း ကျယ်ရိုက်ကူးနိုင်ပြီး ကျန်တစ်ခုက Zoom ဆွဲ ရိုက်ကူးနိုင်အောင် ထောက်ပံ့ ပေးပါမယ်။ 10x Digital Zoom အထိ အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် 4-axis OlS Stabilisation စနစ်ကြောင့်လက်တုန်နေချိန်မှာလည်း ဓာတ်ပုံကောင်း၊ ဗီဒီယိုကောင်းတွေ ရိုက်ကူး နိုင်ပါမယ်။

<Apple iPhone 7 Plus>

Apple ရဲ့ iPhone 7 Plus ကိုအနောက်ဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင် ထားပြီး 2x Optical Zoom ကို ပံ့ပိုး ပေးထားပါတယ်။ ဒီလိုကင်မရာမျိုးကို LG G5 နဲ့ V20 တို့မှာလည်း အသုံးပြုထားပါတယ်။ Wide Angle Lens နဲ့ Tele-photo Lens များဖြစ်ကြပြီး 12 MP Sensors များဖြစ်ပါတယ်။ Nokia, HTC, Google နဲ့ အခြားဖုန်းထုတ်လုပ်သူများက ဒီနည်းပညာကိုအသုံးပြုနေ ကြပြီဖြစ်ပါတယ်။ 12MP Sensor အသစ်များဟာ ၆ဝ ရာခိုင်နှုန်း ပိုမို မြန်ပြီး ၃ဝရာခိုင်နှုန်းပိုမိုစွမ်းရည်မြင့်ပါတယ်။ ယခင်မျိုးဆက်မှာလိုပဲကင်မရာမှာ Optical Image Stabilization ပါပါတယ်။ အရှေ့ကင်မရာက 7 MP Photoနဲ့ 4K Video များကို ရိုက်နိုင်ပါတယ်။ မှန်လိုတောက်ပြောင်တဲ့ Jet Black အနက်ရောင် မော်ဒယ်အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီး ရွှေ၊ ငွေ၊ နှင်းဆီရွှေရောင်များကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ Home Button ကို 3D Touch Button အဖြစ်ပြုလုပ်ပေးထားပြီး ယခင်လိုဖိနှိပ်စရာ မလိုဘဲ ဖိအားကိုအာရုံခံအလုပ်လုပ်မှာပါ။ 3.5mm Headphone Jack ကိုဖယ်ရှား လိုက်တဲ့အတွက်သာမန် Headphone များနဲ့ချိတ်ဆက်လို့မရတော့ပါဘူး။

Lightning EarPods နဲ့ Lightning Adapter တို့ဖြင့် Headphone များကို ချိတ်ဆက်ရမှာဖြစ်ပြီး iPhone 7 Plus နဲ့အတူ ထည့်သွင်းပေးထားပါတယ်။ Bluetooth Air-Pods နားကြပ်ကိုထုတ်လုပ်ပေးထားပြီး ဒေါ်လာ ၁၆ဝ ဖြင့်သီးခြားဝယ်ရမှာပါ။ IP67 စံနှုန်းရှိပြီးရေအနက် ၁ မီတာအထိယူဆောင် သုံးနိုင်ပါတယ်။ Quad-Core A10 Fusion Chipset အသစ်ထည့်သွင်း ထားပါတယ်။ Home Button ကတော့ Non-mechanical အမျိုးအစား ဖြစ်ပါတယ်။ Non-mechanical လို့ဘာကြောင့်ခေါ်သလဲဆိုတော့ ရုပ်ပိုင်း ဆိုင်ရာအရရွေ့လျားမှုမရှိတော့လို့ပါ။ တစ်နည်းအားဖြင့်အသေပါ (Force Sensitive Static Version) နှိပ်လိုက်ရင် အရင်လိုကျွံဝင်သွားမှာမဟုတ်ပါ ဘူး။မြန်ဆန်တဲ့ WiFi နဲ့ Cellular Networks များကို ချိတ်ဆက်နိုင်တဲ့အတွက် နေရာတိုင်းမှာ ရုပ်ရှင်များကို ဒေါင်းလုပ်လုပ်ခြင်း၊ website များ ကြည့်ခြင်း၊ Documents များကို မျှဝေခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ WiFi လိုင်းမိ သည်ဖြစ်စေ၊ မမိသည်ဖြစ်စေ အလွန် လျင်မြန်တဲ့ WiFi + Cellular Model ဟာ LTE Bands များစွာကို ထောက်ပံ့ပါတယ်။ Speaker တွေကို ဖုန်းရဲ့အပေါ် ဘက်ခြမ်းနဲ့ အောက်ဘက်ခြမ်းမှာထည့်သွင်းပေးထားပါတယ် ။ iPhone 6s ထက် Speaker အသံ ၂ဆကျယ်မယ်။ အသံရောက်နိုင်မယ့်အကွာအဝေး လည်းပိုပါတယ်။

<Key specs>

iPhone 7 Plus Dual Cameras အတွက် Zoom Shooting Mode အသစ် ပါလာပါတယ်။ Telephoto Lens ကနေ ၂ ဆ အထိ Optical Zoom ဆွဲနိုင်ပြီး ၁၀ ဆအထိ Digital Zoom ဆွဲနိုင်ပါတယ်။

<LG V20>

LG က စွမ်းရည်မြင့် V20 ဟာပေါ့ပါးတဲ့ အလူမီနီယမ် ကိုယ်ထည် တပ်ဆင် ထားပေမယ့် မာကြောပါတယ်။ လေယာဉ်နဲ့ သင်္ဘောများကိုတည်ဆောက် ရာမှာသုံးတဲ့ အလူမီနီယမ်ကိုသုံးထားတယ်လို့ LG က ပြောပါတယ်။ အနောက်ကင်မရာရဲ့ အောက်မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာပါပါတယ်။ V20 မှာ ၅.၇ လက်မ IPS Quad HD Display တပ်ဆင်ထားပါတယ်။ စွမ်းရည်မြင့် Snapdragon 820 Chip , 4GB RAM , 64GB Storage ထည့်သွင်းထားပါတယ်။ LG G5 မှာလိုပဲ V20 ရဲ့ အနောက်ဘက်မှာ Laser & Phase Detection Autofocus ပါတဲ့ 16MP OIS Camera နဲ့ Wide-Angle 8MP Camera ၂ လုံးပူးတွဲတပ်ဆင်ထားပါတယ်။ V20 ဟာ Qualcomm ရဲ့ ဗီဒီယိုရိုက်တဲ့အချိန်မှာ တည်ငြိမ်အောင်လုပ်ပေးတဲ့နည်းပညာပါသည့် ပထမဆုံးဖုန်းဖြစ်ပါ တယ်။ လှုပ်ရှားနေတဲ့ အရာဝတ္ထုများကိုလည်း တည်ငြိမ်စွာရိုက်ကူးပေးနိုင်ပါတယ်။ 5MP Selfie Camera နဲ့အတူ ဘက်ထရီစွမ်းအားပိုင်းအတွက် 3200mAh Battery, Android 7.0 Nougat တို့ထည့်သွင်းထားပါတယ်။ အနက်၊ ငွေ၊ ပန်းရောင်များထုတ်လုပ်ပေးထား ပါတယ်။

<Lenovo Phab2 Plus>

Lenovo Phab2 Plus ဟာTango ထည့်သွင်းထားတဲ့ ပထမဆုံး Consumer Phone ဖြစ်ပါတယ်။ Tango ဟာ ပတ်ဝန်းကျင်မှ အရာဝတ္ထုများကိုသုံးဖက်မြင် ပုံရိပ်အဖြစ် အာရုံခံနိုင်တဲ့ Google ရဲ့ ကင်မရာစနစ်ဖြစ်ပါတယ်။ Phab2 Plus မှာ ၆.၄ လက်မမျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Phab2 Plus မှာ 1080p IPS Display , Quad-Core MediaTek 8783 CPU, 3GB RAM, 32GB Internal Storage, microSD Card Slot တို့ တပ်ဆင်ထားပါ တယ်။ Phab2 Plus ဟာ Phab2 နဲ့ နှိုင်းယှဉ်ရင် ကင်မရာအပိုင်းမှာပိုမိုကောင်းမွန်ပါတယ်။ Plus Model မှာနောက်ခံများကိုပြောင်းလဲဖို့၊ ဓါတ်ပုံရိုက်ကူးပြီးမှ Focus ကို ပြန်လည် ချိန်ညှိဖို့အတွက် ကင်မရာ နှစ်လုံးတွဲ ဖက်တပ်ဆင်ထားပါတယ်။ Laser Autofocus Sensor ဖြစ်ပါတယ်။ အနောက်ဘက်မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာလည်းပါပါတယ်။

<Asus Zenfone 3 Zoom>

မျိုးဆက်သစ် Zenfone 3 Zoomဟာ၅.၅ လက်မ Full HD Display ကို Gorilla Glass 5 ဖြင့် ကာကွယ် ထားပါတယ်။ Zenfone 3 Zoom ရဲ့ အနောက်ဘက် မှာ 12MP ကင်မရာ ၂ လုံးတပ်ဆင်ထားပြီး ၂.၃ ဆ Zoom ဆွဲနိုင်တဲ့ Optical Zoom စွမ်းရည်ပါ ပါတယ်။ 4K Video များကိုရိုက်ကူးနိုင်ပြီး ၀.၀၃ စက္ကန့် အတွင်းမှာ Autofocus လုပ်နိုင်ပါတယ်။ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 625 chip၊ ဘက်ထရီပိုင်းဆိုင်ရာ အတွက်တော့5000mAh စွမ်းအားနဲ့ဖြစ်ပြီး Android 6.0 Marshmallow ထည့်သွင်းထားပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com