5/02/2017

♪ " Acer မှ Predator Helios 300 နှင့် Predator Monitor အသစ်များကို ပြသ " ♫

Image may contain: screen and laptop

Acer သည် အကောင်းဆုံးဂိမ်းကစားနိုင်စွမ်းကို အလယ်အလတ် ဈေးမျှဖြင့် ရရှိနိုင်ရန် ကြိုးစားမှုပြုခဲ့သည်ကို Predator Helios 300 တွင်တွေ့ရ သည်။ အဆိုပါ laptop သည် 15.6” (သို့) 17.3” Full HD IPS display ပါဝင်မည်ဖြစ်ပြီး အဓိကအားဖြင့် 7th Gen Intel Core i7 (သို့) i5 အား သုံးစွဲမည်ဖြစ်ပြီး overclock ပြုလုပ်နိုင်မည်ဖြစ်သည်။

ဂရပ်ဖစ်အနေဖြင့်လည်း Nvidia GeForce GTX 1060 (သို့) 1050 Ti ဂရပ်ဖစ်ပါဝင်မည်ဖြစ်ပြီး SSD ကို သုံးထားကာ မြန်ဆန်သော wireless connectivity လည်း ပါဝင်ကြောင်း သိရသည်။ Dual Aero Blade 3 D Fans များမှ အေးမြန်နေစေရန် ထိန်းသိမ်းပေးထားမည်ဖြစ်သည်။ Predator Sense Software ကြောင့် GPU overclocking နှင့် System control များ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ အနီရင့်ရောင် blacklit keyboard ကို သုံးထားပြီး ခိုင်မာမှုရှိစေရန် ဖန်တီးပေးထားသည်။ အဆိုပါ laptop ကို သြဂုတ်လတွင် ဥရောပ၌ စတင်ရောင်းချမည်ဖြစ်ပြီး ယူရို 1199 သတ်မှတ်ပေးထားသည်။

Acer မှ 4K Predator x 27 မော်နီတာအား ပြသခဲ့ပြီး Nvidia G- SYNC HDR ကို ထောက်ပံ့ပေးထား ကာ Predator Z 271 UV သည် 1800 curved panel ဖြစ်သည်။ ဂိမ်းအတွက် မော်နီတာများဖြစ်ကာ Quantum Dot နည်းပညာပါဝင်ပြီး Tobii eye tracking နည်းပညာလည်း ပါဝင်ခဲ့သည်။ Predator x 27 သည် Adobe RGB 99% ထောက်ပံ့ပေးပြီး Predator Z 27 ZUV မှာ sRGB ကို 130% ထောက်ပံ့ပေးနိုင်သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com