3/06/2017

♪ " Windows 10 Creator Update တွင် Store apps မဟုတ်ပါက block လုပ်နိုင် " ♫

Image may contain: 1 person, smiling, text

နောက်ဆုံး version Windows 10 Insider Preview Build တွင် စိတ်ဝင်စားစရာ toggle setting အသစ်တစ်ခု ပါဝင်လာခဲ့သည်။ Apps & Features မှတစ်ဆင့် install လုပ်မည့် app များကို ရွေးချယ်ခွင့်ပေးထားခဲ့ပြီး apps များကို Windows Store သီးသန့်သာခွင့်ပြုရန် ရွေးချယ်ခွင့်ရှိကြောင်း သိရှိရသည်။

အဆိုပါ switch သည် installation အတွက် သက်ရောက်မည်ဖြစ်ပြီး ယခင်က install လုပ်၍သုံးစွဲနေသော app များပေါ်တွင် သက်ရောက်မှုလုံးဝရှိမည်မဟုတ်ပေ။ Insider Preview Build 15042 တွင် မူ toggle အား “ Allow apps from anywhere ” တွင် ထားရှိထားကြောင်း သိရသည်။ အဆိုပါ settings သည် MacOS Gatekeeper နှင့် ဆင်တူပြီး 2012 ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်သည်။ Microsoft entry level Windows အားထုတ်လုပ်ရန် မျှော်လင့်နေပြီး ထို version တွင် “ Allow apps from the store only ” ကိုသာ ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါ version တွင် အဆိုပါ settings အား ပိတ်ရန်ဖြစ်နိုင်မည်မဟုတ်ပေ

Windows 10 cloud သည် Google ၏ Chrome Book နှင့် ယှဉ်ပြိုင်မှုဖြစ်နိုင်သော်လည်း နောက်ပိုင်းတွင် ထပ်မံအဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ Windows 10 Cloud အကြောင်း စတင်ကြားကြရသည်မှာ ရက်သတ္တပတ်သာရှိသေးပြီး Windows 10 Creator Update နှင့်အတူတူ ဧပြီလထဲတွင် မြင်ကြရမည်ဖြစ် သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com