3/06/2017

♪ “Android Nougat VS Marshmallow walkthrough : What's New” ♫

Image may contain: text

ဒီနေ့ထွက်ပေါ်နေတဲ့ စမတ်ဖုန်းအများစုကိုကြည့်လိုက်မယ်ဆိုရင် android OS ပေါ်မှာအခြေခံပြီး ထပ်မံတိုးချဲ့ ပြင်ဆင်ထားတဲ့ UI အပြင်အဆင်နဲ့ ဖုန်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ Google ရဲ့နောက်ဆုံးထုတ် OS စနစ်ကတော့ 7.0 Nougat ဖြစ်ပါတယ်။ Nougat မှာတော့ သင့်ရဲ့ android device ကို စိတ်ကြိုက်ပြောင်း လဲနိုင်တဲ့စွမ်းရည်များပါရှိလာပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးထွက်ဖုန်းတွေမှာ 7.0 ကို တစ်ပါတည်းထည့်သွင်းပေးလာခဲ့ ပါတယ်။ ဒါပေမယ့် android ဖုန်းတွေမှာအားနည်းချက်တော့ ရှိနေပါတယ်။ အဲဒါကတော့ နောက်ဆုံးထွက် OS ကိုချက်ချင်း update မပေးဘဲ အချိန် အတော်ကြာမှ သာပေးလေ့ရှိတာပါ။ ပြီးတော့စွမ်းရည်မြင့်စမတ်ဖုန်း တွေကို သာပေးလေ့ရှိပြီး၊ ဈေးသက်သာတဲ့ဖုန်းအများစုမှာတော့ပေးလေ့သိပ်မရှိ ပါဘူး။ လက်ရှိ အချိန်မှာတော့ 7.0 ကို highend စမတ်ဖုန်းအများစုမှာ ပေးလိုက်ပါပြီ။ အချို့စမတ်ဖုန်းတွေမှာ ဆိုရင်လက်ရှိ အချိန်ထိ 5.0 လောက် ထိမှာသာ ရှိနေပါသေးပြီး 6.0 ကို တောင်မပေးထားသေးပါဘူး။ ဒီတစ်ပတ် အတွက်တော့ android ရဲ့ OS အသစ် 7.0 နဲ့သူ့အရင်ဗားရှင်း 6.0 အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် . . . . .

<Android 7.0 ရဲ့စိတ်ဝင်စားစရာအချက်အလက်တွေ>

• Bundled Notifications : App တစ်ခုရဲ့ Notifications များကို စုစည်း ဖော်ပြပေးထားတဲ့အတွက် Notification Bar မှာ မျက်စိမရှုပ်သလို သက်ဆိုင်ရာ Notification များကို အလွယ်တကူကြည့်နိုင်ပါတယ်။
• Direct Reply : Notification Bar ကနေ Message များကို တိုက်ရိုက် စာပြန်နိုင်ပါတယ်။ အဲဒီအတွက် စာပြန်ဖို့ App များကို ဖွင့်ဖို့မလိုတော့ပါဘူး။
• Notification Controls : Notification တစ်ခုဝင်လာတဲ့အခါမှာဖိထားပြီး Settings ကိုပြောင်းနိုင်ပါ တယ်။ ဥပမာအားဖြင့်အဲဒီ App မှ Notification များနောက်ထပ်ဝင်မလာအောင် ပိတ်နိုင်ပါတယ်။
• Direct Boot : သင့် Device ကို Restart လုပ်တဲ့အခါမှာ Direct Boot က လျင်မြန်စေပြီးအရေးကြီး ဆက်သွယ်မှုများကိုလည်း အဆင်သင့်ဖြစ်စေ ပါတယ်။ သင် Password ကို မထည့်ခင်မှာတောင် အရေးကြီးစာများကို ဖတ်နိုင်ပါတယ်။
• Software Update အစောဆုံးရခြင်း : Android Nougatထည့်သွင်း ထားတဲ့ Device အသစ်အချို့မှာ OS Update ကိုနောက်ကွယ်ကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ အဲဒီအတွက်သင်အလုပ်မှာရှိနေစဉ်မှာ နောက် ဆုံးထုတ် OS ကို သင်မသိလိုက်ဘဲ Update လုပ်ပေးနေမှာပါ။
• File-Based Encryption : Android Nougat မှာလုံခြုံရေးကို အကောင်းဆုံး လုပ်ပေးထားပြီး ဖိုင်အခြေပြု Encryption ကိုမိတ်ဆက်ထား ပါတယ်။ Block Level အစားဖိုင်အခြေပြု Encryption ကိုအသုံးပြု ထားတဲ့ အတွက် သင့်ဖုန်းမှဖိုင်တိုင်းကိုအခြားလူများမမြင်နိုင်အောင် ကာကွယ်ပေး ပါတယ်။
• Scoped Folder Access : Apps များက ဖိုဒါများအသုံးပြုခွင့်ကို တောင်းဆိုလာနိုင်ပါတယ်။ တောင်းဆို မှုကိုသင်ကခွင့်ပြု သို့မဟုတ် ငြင်းဆန် နိုင်ပါတယ်။
• Trusted Face : မျက်နှာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့စွမ်းရည်ပါလာပါတယ်။ မိတ်ကပ်လိမ်းခြယ်ထားခြင်း၊ ဆံပင်ပုံစံပြောင်းထားခြင်းနဲ့ ဖုန်းကိုမည်သည့် အနေအထားဖြင့် ကိုင်ထားရင်ဖြစ်စေဖုန်းက သူ့သခင်ကို မှတ်မိပါတယ်။
• Customizable Quick Settings : Quick Setting Tiles များကိုနှစ်သက် သလိုနေရာချနိုင်တဲ့အတွက် သင်သုံးလေ့ရှိတာတွေကို လျင်မြန်စွာသုံးနိုင် မှာပါ။
• Quick Settings Bar : Quick Settings ကို ဒီဇိုင်းပြင်ဆင်ထားတဲ့ အတွက် သင်သုံးလေ့ရှိတဲ့အရာ များကို Quick Settings Bar ရဲ့ ထိပ်ဆုံး ကနေ လျင်မြန်စွာသုံးနိုင်မှာပါ။
• Improved Settings Navigation : Settings ထဲမှ Navigation Menu ကို အဆင့်မြှင့်ထားတဲ့အတွက် သင်သုံးချင်တဲ့ Settings များကို လျင်မြန်စွာ သုံးနိုင်ပါတယ်။
• Settings Suggestions : Settings ထဲမှာသင့် Device ကိုအဆုံးစွန် အသုံးချနိုင်ဖို့ အကြံပြုချက် များရယူနိုင်ပါတယ်။
• Clear All in Overview : နောက်ကွယ်မှ Run နေတဲ့ Apps များအားလုံး ကို တစ်ပြိုင်နက်ပိတ်ဖို့ Overview မှာ ‘‘ Clear All’ ကို နှိပ်နိုင်ပါတယ်။
• Emergency Information : Emergency Information က အမည်၊ သွေးအမျိုးအစား၊ Allergies များ၊ အရေးပေါ်အဆက်အသွယ်များလို သတင်း အချက်အလက်များကိုထည့်သွင်းထားနိုင်ပြီး အရေးပေါ်အခြေအနေမှာ အခြားလူများကသင့်ရဲ့ Lock Screen ကနေ အဲဒီ သတင်းအချက်အလက် များကိုသိနိုင်ပါတယ်။
• Lockscreen Wallpaper : Homescreen နဲ့ Lockscreen မှာကွဲပြားတဲ့ Wallpaper များကို ထားရှိနိုင်ပါပြီ။
• MultiLocale Support : Settings ထဲမှာ Locales များစွာကို ရွေးချယ်နိုင် လာပါတယ်။ ရှာဖွေမှုရလဒ်မှာ ဘာသာစကားများစွာဖြင့် ရေးသားထားတဲ့ website များကို မြင်လာရမှာပါ။
• ဘာသာစကားအသစ်များ : Android Nougat မှာ ဘာသာစကားများစွာကို ရွေးချယ်နိုင်လာပါတယ်။ ဘာသာစကား ၁ဝဝ နဲ့ အသုံးပြုမှုများတဲ့ English, Spanish, French, and Arabic တို့လို Locales ပေါင်း ၂၅ ခုကိုရွေးချယ်နိုင် ပါတယ်။
• Language Preference အသစ် : Language Preference ကို Sort လုပ်နိုင်တဲ့အတွက် App များက သင့်အတွက် သင့်တော်တဲ့ကီးဘုတ် ကို ရွေးချယ်ပေးမှာပါ။
• Quick Switch : မကြာခင်က အသုံးပြုထားတဲ့ App 2 ခုကို လျင်မြန်စွာ ပြောင်းလဲသုံးဖို့ Overview Button ကို နှိပ်နိုင်ပါတယ်။
• Accessibility Settings : Accessibility Settings များကို ရှာဖွေသတ်မှတ် ရတာအရင်ကထက် လွယ်ကူလာပါတယ်။ Magnification Gesture, Font Size, Display Size, TalkBack စတာတွေကို လွယ်ကူ လျင်မြန်စွာ သတ်မှတ် နိုင်ပါတယ်။
• Display Size : စာသားအရွယ်အစားကို ပြောင်းလဲနိုင်ရုံသာမက အိုင်ကွန်နဲ့ဓာတ်ပုံများရဲ့အရွယ်အစား ကိုလည်း ပြောင်းလဲနိုင်ပါပြီ။
• Accessibility Mono Output : နားတစ်ဖက်မကြားရသူများအတွက် Stereo Left နဲ့ Right Channel များကိုပေါင်းစပ်၍ Mono Stream တစ်ခုတည်းအဖြစ် ဖန်တီးပေးပါတယ်။
• Variable Text to Speech Speed : သူကစာသားများကို အသံထွက် ဖတ်ပြရာမှာ အမြန်နှုန်းနဲ့ အသံအနိမ့်အမြင့်ကိုချိန်ညှိဖို့ ရွေးချယ်စရာများ ပိုမိုထည့်ပေးထားတာ ဖြစ်ပါတယ်။
• တိုးတက်လာတဲ့ System Backup : Accessibility Settings, Run-Time Permissions for Apps, WiFi Hotspot Settings, WiFi Network Restrictions များအပါအဝင် Android Backup က Backup လုပ်ပေးနိုင်တဲ့ Device Setting များပိုမိုလာပါတယ်။
• JIT Compiler : JIT Compiler အသစ်ဟာ Device ရဲ့ စွမ်းရည်ကို တိုးတက် စေပါတယ်။ Apps များလိုအပ်တဲ့ Storage Space ပမာဏကို လျှော့ချပေးပါတယ်။ App များနဲ့ System Updates ကို ပိုမိုလျင်မြန်စေပါ တယ်။
• VR Mode : Android Nougat မှာ VR Mode ပါလာပြီး အတွေ့အကြုံ အသစ်များကို ခံစားရမှာပါ။ မကြာမီမှာ Daydream စွမ်းဆောင်ချက်နဲ့ Daydream ထောက်ပံ့တဲ့ဖုန်းများကို ထုတ်လုပ်ပေးတော့မှာပါ။
• Vulkan API : Vulkan API ဟာ အရည်အသွေးမြင့် 3D Graphics များကို ထောက်ပံ့တဲ့ အစွမ်းထက်ဆော့ဝဲပါ။
• Split-Screen Mode : Android Nougat မှာ App များကို တစ်ပြိုင်နက် သုံးနိုင်ပါပြီ။ Split-Screen Mode ဖြင့် App 2 ခုကိုဘေးချင်း ယှဉ်သုံးနိုင်ပါပြီ။ ဥပမာအားဖြင့် ရုပ်ရှင်ကြည့်နေရင်းကနေ Chat နိုင်ပါတယ်။
• Picture-in-picture : Android TV မှာ ဗီဒီယိုကြည့်နေရင်းကနေ browser ကနေ website များကြည့် နိုင်ပါတယ်။

<Android 6.0 ရဲ့စိတ်ဝင်စားစရာအချက်အလက်တွေ>

Contextual Search: Google Now on Tap ဟာ အဆက်အစပ်မရှိတဲ့ မေးခွန်းများကို လည်းဖြေပေးနိုင်ပါတယ်။ ဥပမာအားဖြင့်သီချင်းနားထောင်နေစဉ်မှာ ''ဒါဘယ်သူလဲ''လို့ မေးလိုက်တာနဲ့ သူက သီချင်းဆိုသူရဲ့ အမည်ကိုပြောပြပေးမှာပါ။


Private Information: ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များ လုံခြုံမှု ရှိရေးဆိုတာ Android Users အားလုံးအတွက် အရေးကြီးပါတယ်။ Now on Tap မှ စုဆောင်းထားတဲ့ဒေတာများကို ဖုန်းကနေအမြဲတမ်း ဖျက်ပစ်ပေး မယ်လို့ Google ကပြောထားပါတယ်။


Boot animation : Google မှ အင်ဂျင်နီယာများက Boot Animation ကို ဟာသမြောက်အောင်ပြုလုပ်ထားလေ့ရှိ ပါတယ်။ ဒီဗားရှင်းကိုတော့ အကြိုက်ဆုံးပါပဲ။ အဓိကပြောင်းလဲတိုးတက်မှုမဟုတ်ပေမယ့်ဖုန်းကို ပါဝါဖွင့် လိုက်တိုင်းတွေ့မြင်ခဲ့ကြရတဲ့ Boot Animation တွေနဲ့တော့ကွာခြားပါတယ်။ Android Marshmallow မှ Boot Animation ကကြည့်ရတာ ပျော်စရာ ကောင်းပါတယ်။

Memory : Android Marshmallow မှာသင့်ရဲ့ Apps များကအသုံးပြုတဲ့ Memory ပမာဏကိုစစ်ဆေး နိုင်မယ့်နည်းလမ်းကို ဆန်းသစ်ထားပါတယ်။ Settings အောက်မှ Memory Menu ထဲသွားရင် အချိန် ကာလ တစ်ခုအတွင်း မှာ ပျမ်းမျှအသုံးပြုတဲ့ Memory ပမာဏကို ပြသပေးမှာပါ။ အဲဒီကနေသီးခြား App တစ်ခုစီက Memory စားသုံးတဲ့ ပမာဏကိုတွေ့ရမှာဖြစ်ပြီး လိုအပ်ရင် ပိတ်နိုင်ပါတယ်။ ဒါဟာ Lollipop မှာအသုံးပြုထားတဲ့ ပါးလွှာတဲ့ သီးခြားဘား များထက် Memory အခြေအနေကို ပိုမိုလျင်မြန်စွာတွေ့နိုင်ပါတယ်။ Performance Tracker အသစ်ကလည်း နှစ်သက်စရာကောင်းပါတယ်။


Fingerprint : Marshmallow ဟာလက်ဗွေရာလုံခြုံရေးနည်းပညာကို စံနှုန်းတစ်ခုအဖြစ် သတ်မှတ်နိုင်တဲ့ ပထမဆုံး Android Version ဖြစ်လာ ပါတယ်။ Android App Developer များအနေနဲ့ ဒီလုံခြုံရေး စွမ်းဆောင် ချက်ကိုအသုံးပြုလို့ရလာပါပြီ။ ဒါဟာတစ်ကမ္ဘာလုံးမှ Android Users များ အတွက် ကိုယ်ရေးကိုယ်တာလုံခြုံမှု အပိုင်းမှာ အကျိုးကျေးဇူး ရလာမှာဖြစ် ပါတယ်။

App Link : Minor Upgrade များထဲမှ တစ်ခုကလင့်များကို သက်ဆိုင်ရာ Apps များမှာ ဖွင့်ပေးတာဖြစ်ပါ တယ်။ လင့်ကိုနှိပ်ရင်ဖွင့်ချင်တဲ့ Apps ကိုရွေးချယ်ရတဲ့ Dialogue Box ကို ပြသပေးခြင်းမရှိတော့တဲ့အတွက် အလုပ်မရှုပ်တော့ပါဘူး။ နောက်ဆုံးထုတ် Preview မှာအလိုအလျောက် ဖွင့်ပေးရမယ့် App များကို သတ်မှတ် လို့ရလာပါတယ်။ Apps Menu ထဲ သွားပြီး Settings ခလုတ်ကိုနှိပ်ပါ။ App Links ကိုနှိပ်ရင် အလိုအလျောက် ဖွင့်ပေးမယ့်အရာတွေကို မြင်နိုင်ပါတယ်။ အဲဒီနေရာမှာဖွင့်မယ့် Links များ ကိုပြောင်းလဲနိုင်ပါတယ်။


App Permission : Android Marshmallow ရဲ့စိတ်လှုပ်ရှားမှုအကောင်းဆုံး ထဲမှ တစ်ခုက App Permission များကို သီးခြားစီခွင့်ပြုပေးနိုင်တာဖြစ်ပါ တယ်။ App တစ်ခုကို ဒေါင်းလုပ်ပြုလုပ်ရင် Dialer အတွက်သင့်ရဲ့ Contacts List ကိုအသုံးပြုခွင့်ပေးတဲ့ ခွင့်ပြုချက်လို App ရဲ့အဓိကတောင်းဆိုမှုများကို သာ ခွင့်ပြုပေးနိုင်တာ ဖြစ်ပါတယ်။ သင့်ဖုန်းမှ ကိုယ်ရေးကိုယ်တာဒေတာများ ကို တောင်းဆိုမှုများကိုတော့ လိုအပ်မှသာခွင့်ပြုပေးနိုင်ပါတယ်။ 


Android Pay : အသုံးပြုသူများက Android Pay App ကို ဒေါင်းလုပ်ရယူပြီး သူတို့ရဲ့ Credit Card နဲ့ချိတ် ဆက်နိုင်ပါတယ်။ လက်ရှိမှာ Android Pay ကိုလက်ခံတဲ့အရောင်းဆိုင်ပေါင်းခုနှစ်သိန်းကျော်မှာ ကုန်ပစ္စည်း တစ်ခုဝယ်တဲ့ အခါတွင် သင်လုပ်ရမယ့်အရာက ဖုန်းကိုလက်နဲ့ပွတ်လိုက်ရုံနဲ့ App က ငွေပေးချေမှုအတွက် Payment Token ကိုဖန်တီးပေးမှာပါ။


Screenshots : Android က Ice Cream Sandwich မှာပထမဆုံးအနေနဲ့ Screenshot ရိုက်တဲ့စွမ်းရည်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒါနဲ့အတူ Previews Mode မှာ Screenshots များကို View, Share, Delete လုပ် နိုင်တဲ့စွမ်းရည်လည်းပါလာပါတယ်။ ဒါပေမယ့် Lollipop မှာ Preview Mode မှာ Screenshot များကို Delete လုပ်နိုင်တဲ့စွမ်းရည်ကိုပယ်ဖျက်လိုက်ပါတယ်။ အဲဒီအစားဓါတ်ပုံကို Gallery ထဲမှာဖွင့်ပြီးမှ ဖျက်နိုင်ပါတယ်။ အခုတော့ Marshmallow မှာ အဲဒီစွမ်းရည်ကို ပြန်လည်ထည့်သွင်းပေးလိုက်ပါတယ်။ Screenshot ရိုက်ပြီးလို့ Notification Bar ကိုဆွဲချရင်အမှိုက်ပုံးကိုပြန်လည် တွေ့မြင်ရပါပြီ။ ဒါဟာသဘာဝကျပြီး Lollipop ရဲ့အမှား တစ်ခုကို ပြန်လည် ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်

System UI Tuner : ဖုန်းကို Root လုပ်စရာမလိုဘဲ Settings ကို Edit လုပ်နိုင်တဲ့ Tool အသစ်ဖြစ်ပါတယ်။ သင့်ဖုန်းမှာ Marshmallow ထည့်သွင်း ပြီးရင် Tuner ကို Activate လုပ်ရမှာပါ။ Quick Settings Menu ကိုဆွဲချပြီး Settings Icon ကို ငါးစက္ကန့်လောက်ဖိထားပါ။ လွှတ်လိုက်တာနဲ့ သင့် Settings မှာ System UI Tuner ကို ထည့်သွင်းပြီးကြောင်း စာပေါ်လာမှာပါ။ မပေါ်ရင်တော့ အနည်းငယ်ပိုကြာအောင်ဖိပေးပါ။ Settings Icon ကို တစ်ချက်နှိပ်ပြီး Menu ရဲ့အောက်ဆုံးကိုသွားပါ။ Quick Settings ကို Edit လုပ်နိုင်မယ့် System UI Tuner ကိုမြင်နိုင်ပါတယ်။

<Android 5.0 ရဲ့စိတ်ဝင်စားစရာအချက်အလက်တွေ>

Check your percentage: ကိုယ့် battery သက်တမ်းဘယ်လောက် ကျန်သေးတယ်ဆိုတာကို သိချင်တယ် ဆိုရင် Screen ရဲ့ ဘယ်ဘက်အခြမ်း ကနေ လက်ချောင်းနှစ်ချောင်းနဲ့ swipe လုပ်လိုက်ပါ။ အဲဒါဆိုရင် Quick Settings menu ပေါ်လာပြီး၊ battery ရဲ့ ကျန်ရှိနေသေးတဲ့ရာခိုင်နှုန်း အတိအကျကို Screen ရဲ့ အပေါ်ဘက်မှာ ပြပေးပါလိမ့်မယ်။


Fully charged:Device တစ်ခုနဲ့တစ်ခုဟာ အားသွင်းထားရင် အားပြည့်တဲ့ အချိန် မတူပါဘူး။ ဒါပေမယ့် Lollipop မှာဆိုရင် lock screen ရဲ့ အောက်ခြေ ကိုကြည့်မယ်ဆိုရင် battery လုံးဝအားပြည့်သွားဖို့အချိန် ဘယ်လောက်လို သေးတယ်ဆိုတာကို ပြပေးပါတယ်။ ဒီ feature ဟာဆိုရင် ဘက်ထရီအားပြည့် ဖို့ ဘယ်လောက်လိုတယ်ဆိုတာကို တွက်ချက်ဖို့အချိန်အနည်းငယ်ပေးရ ပါတယ်။ အဲဒီအတွက် ကြာတဲ့အချိန်က ကိုယ့် device ရဲ့ စွမ်းဆောင်ရည် အပေါ်မူတည်ပြီး ကြာမြင့်တတ်ပါတယ်။


What's eating you: Quick Settings menu ကိုခေါ်ဖို့ လက်နှစ်ချောင်းနဲ့ swipe လုပ်ယူလိုက်ပါ။ ပြီးရင် အောက်ဘက်ကို scrolling လုပ်လာပြီး battery icon ပေါ်ကို tap လုပ်ပါ။ အဲဒီမှာ လူတွေသတိထားမိဖို့ မလွယ်တဲ့ Battery Status screen ရှိပါတယ်။ ဒီ screen မှာဆိုရင် ကိုယ့်ဘက်ထရီသက်တမ်း ဘယ်လောက် ကျန်သေးတယ်၊ ဘယ် app တွေက ဘက်ထရီကို အဓိက ကုန်နေစေတယ်အစရှိတဲ့ battery နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို မြင်ရမှာဖြစ်ပါတယ်။


Power Saver mode: Power Saver mode ဟာဆိုရင် ကိုယ့်ရဲ့ဘက်ထရီ စွမ်းဆောင်ရည်ကို အချွေတာ နိုင်ဆုံးတတ်နိုင်သမျှ ချွေတာပေးမယ့် mode ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကသာမန် mode နဲ့ သုံးနေတယ် ဆိုရင် ဘက်ထရီသက်တမ်း 15% ပဲကျန်တော့တဲ့အချိန်ကို ရောက်သွားတာနဲ့ သူ့အလိုလိုသူ Power Saver mode ကို ပြောင်းပေးမှာပါ။ Power Saver mode ကို activate လုပ်လိုက်တာနဲ့ battery screen ကြီးတစ်ခုလုံးက လိမ္မော်ရောင်ကို ပြောင်းသွားပါလိမ့်မယ်။

<Metered Wi-Fi>

Settings menu အောက်မှာ Data Usage screen ရှိပါတယ်။ အဲဒီမှာ Network Restrictions menu ဆိုတာ ပါတယ်။ အသုံးပြုသူတွေဟာ အခု အခါမှာ သူတို့ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ meterd network ကို ဖန်တီး နိုင်ပြီး၊ ကိုယ်မပေးပို့လိုတဲ့ background data တွေကို ကန့်သတ်တာတွေ လုပ်နိုင်ပါတယ်။ တကယ်လို့ data ပမာဏများများစားစားကို download လုပ်မယ်၊ data တွေ အများကြီးကို sync လုပ်မယ်ဆိုရင် ဖုန်းကနေ သတိပေး တာတွေ လုပ်သွားမှာလည်းဖြစ်ပါတယ်။

<Disable auto app icons>

ကျွန်တော်တို့ တစ်ခုစိတ်ပျက်ရတာက app အသစ်တစ်ခုကို install လုပ်လိုက် တိုင်း home screen မှာ လာလာပြီး ပေါ်နေတာပါ။ ဒါပေမယ့် Lollipop update မှာတော့ အဲဒီပြဿနာကို ဖြေရှင်းပေးထား ပါတယ်။ Play Store app ထဲကိုဝင်ပါ။ ပြီးရင် app ရဲ့ Settings menu ထဲက option မှတစ်ဆင့် အဲဒါကို disable လုပ်လိုက်နိုင်ပါတယ်။

<Create a guest profile>

တကယ်လို့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကိုယ့်ဖုန်းကို ခဏငှားသုံးလို့ ပေးသုံးရတယ်ဆိုပါတော့ ဒါဆိုရင် ကိုယ့် app တွေနဲ့ file တွေကို လုံခြုံအောင် ကာကွယ်နိုင်ဖို့ guest profile တစ်ခု ဖန်တီးထားဖို့ လိုနေပါပြီ။ Users section ကိုသွားပြီး guest option ကို ဖွင့်လိုက်ပါ။ အဲဒီ profile ကို ဝင်မယ်ဆိုရင် device ရဲ့ lockscreen ကနေ ဝင်နိုင်ပါမယ်။

<Stay awake>

တကယ်လို့ ကိုယ့် device ကို အားသွင်းနေတုန်းအားသွင်းတာ ဘယ်လို အခြေအနေရှိတယ်ဆိုတာကို သိချင် တယ်ဆိုရင် Stay Awake feature ကို သုံးနိုင်ပါတယ်။ အဲဒီအတွက် Settings menu ထဲကိုဝင်ပြီး menu ရဲ့ အောက်ခြေနားက Developer Options ဆိုတာကို ရှာလိုက်ပါတယ်။ အဲဒီမှာ Stay Awake option ရဲ့ toggle လေးကိုပြောင်းပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ device ဟာ အားသွင်းနေချိန်မှာ သူ့အလိုလိုသူ ပိတ်မသွား တော့ပါဘူး။

<Set a priority app>

တကယ်လို့ app တစ်ခုဟာ အခြား app တွေထက် ပိုအရေးကြီးတယ်လို့ ထင်တယ်ဆိုရင် App Notification menu ကိုသွားပါ။ ကိုယ်အရေးကြီးတယ် ထင်တဲ့ app ကို အဲဒီနေရာမှာ priority app အဖြစ် သတ်မှတ်နိုင်ပါတယ်။ noti အသစ်ရောက်ပြီဆိုတာနဲ့ ချက်ချင်းကိုပဲ သူကထိပ်ဆုံးကနေ screen ပေါ်မှာ ပြပေးနေမှာပါ။

<Instant access>

ကြိုက်တဲ့ notification ကို doubletap လုပ်လိုက်ရုံနဲ့ သူနဲ့သက်ဆိုင်ရာ app ကို ဖွင့်ပေးမှာဖြစ်ပြီး၊ ဘယ်ဘက် ကို swipe လုပ်လိုက်ရင် lockscreen ကို ဖြုတ်ပစ်နိုင်ပါတယ်။

Android ဟာ အဆင့်မြှင့်တင်မှုတွေ တဖြည်းဖြည်းပြုလုပ်လာတာနဲ့အမျှ UI အပြင်အဆင်တွေလည်း ပြောင်းလဲ လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့အနေနဲ့ သုံးစွဲသူတွေရဲ့ အမြင်တွေပေါ်မှာ ပြန်လည်စစ်တမ်းကောင်း ယူပြီး အသုံးပြုရလွယ်ကူစေမယ့် အပြင်အဆင်ရအောင် ဖန်တီးပေးရလို့ပါ။ Android ရဲ့အဓိကပြောင်းလဲမှုဟာ 5.1 မှာစတင်ခဲ့ပြီး နောက်ဆုံး Update ပေးထားခဲ့ တဲ့ Nougat မှာတော့ Fingerprint နဲ့အတူ Noti လုပ်ဆောင်ချက်အသစ်တွေ ကိုမြင်တွေ့ရမှာပါ . . .

<Lock Screen>

6.0 နဲ့ 7.0 တို့မှာ Lock Screen တည်ဆောက်မှုပုံစံပြောင်းလဲသွားပါတယ်။ ကင်မရာပါဝင်မှုကပုံမှန်ပဲဖြစ်ပြီး 6.0 မှာတော့ Micro Phone လုပ်ဆောင်ချက် ထည့်သွင်းထားကာ 7.0 ရောက်တဲ့အခါမှာတော့ Unlock နေရာမှာ Finger Print ဖြစ်သွားပါတယ်။

<Notification Panel>

Noti ပြောင်းလဲမှုကတော့ လုံးဝအသစ်ဖြစ်သွားပါတယ်။ Doze လုပ်ဆောင်ချက်၊ Now on tap လုပ်ဆောင် ချက်ပါ ထည့်သွင်းလာခဲ့ပါတယ်။ 7.0 မှာတော့ Noti ရဲ့ဧရိယာကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်လာနိုင်ပြီး Space Optimize ပြုလုပ်လို့ရနိုင်ပါတယ်။

<Security>

ပုံမှန်ပါဝင်နေကျ Pattern lock သဘောမျိုးမဟုတ်တော့ဘဲနဲ့ အဆင့်မြှင့်တင် လာတဲ့ ဖုန်းတွေရဲ့လုပ်ဆောင် ချက်ကြောင့် Finger Print Lock ကို ထည့်သွင်း လာကြပါတယ်။ 7.0 မှာတော့ Print Lock ပုံစံနဲ့အတူ ပိုမို သွက်လက်တဲ့ Finger Print ကိုမြင်တွေ့ရမှာပါ။

<Volume>

5.1 မှာတုန်းက Ring အတိုးအချဲ့ကိုသာ ပြုလုပ်လို့ရနိုင်မှာဖြစ်ပြီး 6.0 မှာ တော့ သီချင်းနားထောင်စရာအချက် ပေးသံတွေကိုပါ ပြင်ဆင်လို့ရနိုင်ပါပြီ။ 7.0 မှာတော့ Status Bar ပုံစံနဲ့အတူ မိမိကြိုက်ရာကို ပြင်ဆင်ပြောင်းလဲနိုင် ပါပြီ။

<Alert Messages>

5.0 မှာ Noti ပုံစံကိုပြောင်းလဲခဲ့ပေမယ့် 6.0 ရောက်တဲ့အခါမှာတော့ ပိုအဆင့်မြင့်တဲ့ System Ui Tuner ပုံစံ ပြောင်းသွားပါတယ်။ 7.0 ရောက်တဲ့ အခါမှာတော့ သုံးစွဲသူစိတ်ကြိုက်ပြင်ဆင်လို့ရတဲ့ အရည်အသွေးမြင့် Noti ဒီဇိုင်းကို အပေါ်ဘက်မှာဖော်ပြပေးနေမှာပါ

<App Info>

5.1 အထိ အဖြူရောင်မျက်နှာပြင်ဒီဇိုင်းနဲ့ အချက်အလက်အနည်းငယ်သာ ဖော်ပြနေရာကနေ 6.0 ရောက်တဲ့ အခါမှာတော့ အနက်ရောင်မျက်နှာပြင်မှာ App နဲ့ပတ်သက်တဲ့အချက်အလက်တွေ ပိုမိုအပြည့်အစုံ ဖော်ပြလာခဲ့ပါတယ်။ 7.0 မှာတော့ App Shortcut ပြုလုပ်လို့ရနိုင်ပါပြီ။

<What's Special>

အထူးထည့်သွင်းပေးထားတဲ့ Recent App Menu ကိုတွေ့ရမှာဖြစ်ပြီး၊ 6.0 မှာတော့ Finger Print Scanner တွေ့ရမှာဖြစ်ပါတယ်။ 7.0 မှာတော့ Unicode 9.0 emoji တွေကို သုံးစွဲလာနိုင်မှာပါ။

<What's Special>

7.0 မှာ Multi Window Mode ကိုသုံးစွဲလာနိုင်မှာဖြစ်ပြီး 5.1 မှာတုန်းက ဖုန်းခေါ်ဆိုဖို့နဲ့ Contact သာမြင် တွေ့ရမှာပါ။ 6.0 မှာတော့ ဖုန်းရဲ့ အချက်အလက်သိုလှောင်နိုင်မှုတွေကိုပါ ဖော်ပြပေးလာခဲ့ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com