3/16/2017

♪ “Windows 10 မှာ Apps များကိုအင်စတောလုပ်စရာမလိုဘဲစမ်းသုံးနိုင်မည်” ♫

No automatic alt text available.

Microsoft က Windows 10 အတွက် Playable Ads စွမ်းဆောင်ချက်ကို ထည့်သွင်းပေးမယ် လို့ ကြေညာလိုက်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ဟာ Windows Store မှ Apps များကိုအင်စတောလုပ်စရာ မလိုဘဲနဲ့ စမ်းသပ် အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို Windows Dev Center ကနေ ပြီးခဲ့တဲ့ တစ်ပတ်ကစတင် ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။ Apps နဲ့ ဂိမ်းများကိုအင်စတောလုပ်စရာမလိုဘဲ ၃ မိနစ်ကြာစမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google ကလည်း Android မှာအဲဒီစွမ်းဆောင်ချက်နဲ့ ဆင်တူတဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Android Instant Apps လို့ အမည်ပေးထားပြီးယခင်နှစ် မေလက IO Developer Conference မှာမိတ်ဆက်ခဲ့ပြီးယခုနှစ် ဇန်န၀ါရီလမှာ ဖြန့်ချိပေးခဲ့ပါတယ်။ Android Instant Apps က Google Search Result ကနေ website သို့မဟုတ် ၀န်ဆောင်မှုတစ်ခုရဲ့ လင့်ကို နှိပ်လိုက်ရင် သင့်ဖုန်းမှာ App အနေနဲ့ အသုံးပြု နိုင်တာ ဖြစ်ပါတယ်။ 



Microsoft Playable Ads ဟာလက်ရှိမှာ Limited Preview အဖြစ် ဖြန့်ချိပေး ထားတာ ဖြစ်ပြီးလူအများ အတွက် ဖြန့်ချိပေးမယ့် အချိန်ကိုမကြေညာသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com