3/12/2017

♪ " USB မှ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သည့် USG Dongle " ♫

Image may contain: text

Bad USB ဟူသော အသုံးအနှုန်းသည် Malware ၀င်ရောက်ခြင်းခံရသည့် USB chip များကို သုံးနိုင်ခြင်းဖြစ်ပြီး OS ၏ antivirus software ကို ဖြတ်ကျော်ကာ အန္တရာယ်ပြုနိုင်သည်ဟု ဆိုကြသည်။ USB port များသည် ထိုကဲ့သို့ တိုက်ခိုက်ခံရမည့် အန္တရာယ်အား ရှောင်ရှားရန် ခဲယဉ်းတတ်ပြီး ပြင်ပမှ USB sticks များကို လက်ခံရသည့် အလုပ်များအတွက် ပို၍ ခက်ခဲစေသည်။

မကြာသေးမီက ထုတ်လုပ်ခဲ့သော USB devices သည် USB port အတွက် firewall device ဟု ရိုးရှင်းစွာဖော်ပြထားပြီး USB codom ကို သုံးကာ စိတ်မချရသည့် USB drive မှ လိုအပ်သော data ကိုသာ ရယူ၍ သင့် PC ထဲသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ ထုတ်လုပ်ခဲ့သော နယူးဇီလန် အခြေစိုက် ကုမ္ပဏီ First ၏ အဆိုအရ USG ၏ firm ware အား စိတ်ချ ယုံကြည်နိုင်ပြီး USG ကို သုံးစွဲပါက USB device များကို ကြောက်ရွံ့စရာမရှိဟု ဆိုခဲ့သည်။ USB mass storage, keyboard နှင့် mice များကို ထောက်ပံ့ပေးပြီး အနာဂတ်တွင် ထို့ထက်ပိုများသော device များ ပါဝင်လာနိုင်သည်။

USG အား ချက်ချင်း Plug & Play သုံးနိုင်ပြီး Windows, Mac OS နှင့် Linux များအားလုံးကို ထောက်ပံ့ပေးထားသည်။ Open source hardware ဖြစ်သဖြင့် ကိုယ်ပိုင်ထုတ်လုပ်ချင်သူများအတွက်လည်း အချက်အလက်များ ထောက်ပံ့ပေးထားကြောင်း သိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com