3/05/2017

♪ Selfie flash နဲ့ fingerprint ပါဝင်တဲ့ တူရကီ Brand Android One စမတ်ဖုန်းအသစ် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/IIII.jpg?fit=800%2C450&ssl=1

လက်ရှိကျင်းပနေတဲ့ MWC 2017 မှာ တူရကီ ကုမ္ပဏီ General Mobile ကလည်း GM6 လို့အမည်ပေးထားတဲ့ Android One စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။

Google ရဲ့ ထောက်ပံ့မှုနဲ့ Android One ဆိုတဲ့ စမတ်ဖုန်းနာမည်တစ်ခု တည်ဆောက်ကာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ မြန်မာ နဲ့ အခြား အာရှ တောင်ပိုင်း နိုင်ငံတွေကို Android စမတ်ဖုန်းတွေထုတ်လုပ်ရောင်းချနေတဲ့ General Mobile ကုမ္ပဏီဟာ အခုအခါမှာလည်း တန်ဖိုးနည်းပြီး Specs မြင့်မားတဲ့ စမတ်ဖုန်းတစ်ခုကို ပရိသတ်တွေဆီ မိတ်ဆက်လိုက်တာဖြစ်ပါတယ်။



အခုထွက်ရှိလာတဲ့ GM6 စမတ်ဖုန်းမှာ MediaTek MT6737T Soc Quad-core 1.5GHz processor နဲ့အတူ RAM 3GB နဲ့ internal storage 32GB တို့ ပါဝင်ပြီး (၅)လက်မ HD Display ကိုအသုံးပြုထားပါတယ်။

ကင်မရာတွေအနေနဲ့ 13MP နောက်ကင်မရာနဲ့ Flash ပါဝင်တဲ့ 8MP selfie ကင်မရာတို့ကို အသုံးပြုထားတဲ့ အတွက် ကင်မရာအရည်အသွေးကောင်းတဲ့ စမတ်ဖုန်းလို့ဆိုနိုင်တဲ့အပြင် Android 7.0 (Nougat) နဲ့ 3000mAh battery တို့ကိုလည်းအသုံးပြုထားပါတယ်။

Home Buttom ကလည်း fingerprint sensor အဖြစ်ပါအလုပ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက် မထွက်ပေါ်သေးပေမယ့် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ထွက်ရှိလာဖွယ်ရှိတယ်လို့ သုံးသပ်လျက်ရှိပါတယ်။

ဒီ GM6 စမတ်ဖုန်းကို လက်ရှိမှာ တူရကီပြည်တွင်းမှာသာ ရောင်းချမှာဖြစ်ပြီး မကြာမီကာလမှာ အခြားနိုင်ငံ ဈေးကွက်တွေကိုပါ ဖြန့်ကျက်ရောင်းချဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com