3/05/2017

♪ မိနစ် ၂၀ တည်းနဲ့ အားအပြည့်သွင်းနိုင်မယ့် စူပါဘက်ထရီ နည်းပညာ ကို Meizu မှ ထုတ်ဖော်ပြသခဲ့ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/meizusupermchargefastchargingtechunveiledatmwc2017-28-1488280308.jpg?fit=800%2C600&ssl=1

စမတ်ဖုန်းတစ်လုံးကို မိနစ် ၂၀ တည်းနဲ့ အပြည့်အ၀ အားပြန်သွင်းနိုင်မယ့် Super mCharge fast charging tech စူပါဘက်ထရီနည်းပညာ တစ်ခု ကို Meizu ကုမ္ပဏီ က MWC2017 ရှိုးပွဲမှာ ပြသခဲ့တယ် လို့ သိရပါတယ်။

ပြသမှုမှာ ရာခိုင်နှုန်း သုည ကနေ ၁၀၀ ရာခိုင်နှုန်းအထိ မြန်မြန်ဆန်ဆန် အားသွင်းမှုကို ပြသခဲ့ပြီး ၂၀ မိနစ် မရှိတရှိအချိန်မှာပဲ အောင်အောင်မြင်မြင် ဖြစ်ခဲ့ပါတယ်။ Meizu ရဲ့ သုတေသန အဖွဲ့ဟာ အပူချိန် ဖာရင်ဟိုက် ၁၀၂ ဒီဂရီ (၃၉ ဒီဂရီ ဆဲယ်စီးယပ်စ်) အခြေအနေမှာ အားဖြည့်သွင်းနိုင်မှု မြန်ဆန်ကြောင်း တွေ့ရှိချက်တစ်ခု ကို ရရှိခဲ့ပြီး အခုလို နည်းပညာအသစ် ကို တီထွင်အောင်မြင်ခဲ့တာ လို့ ဆိုပါတယ်။ စမ်းသပ်မှုတွေအရ 3000 mAh ရှိတဲ့ ဘက်ထရီတွေကို စမ်းသပ်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

အခု လို အမြန်ဆုံး အားပြန်သွင်းနိုင်တဲ့ နည်းပညာ ကို ပိုင်ဆိုင်ထားတာ ဟာ Meizu ကုမ္ပဏီတစ်ခုတည်း မဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ် MWC2016 မှာလည်း Oppo ကုမ္ပဏီ က သူရဲ့ ၁၅ မိနစ်တည်းနဲ့ အားအပြည့်သွင်းနိုင်တဲ့ Super VOOC နည်းပညာ ကို မိတ်ဆက်ပြသဖူးတယ် လို့ ဆိုပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com