3/12/2017

♪ Samsung Galaxy S8 ကို ယှဉ်မယ့် Nokia ဖုန်း ၂ လုံး ဒီနှစ်မှာ လာမည် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/nF9MLHpSeGWkKjK9DqEHwE-970-80.jpg?fit=800%2C450&ssl=1

Nokia ကို ၀ယ်ယူခဲ့တဲ့ HMD Global က Nokia 3310 ဖြင့် စမတ်ဖုန်း လောကထဲကို ပြန်လည် ၀င်ရောက်လာပါတယ်။ ဒါ့အပြင် မကြာခင်က ကျင်းပခဲ့တဲ့ Mobile World Congress မှာ Nokia 3, 5, 6 စမတ်ဖုန်း အသစ် ၃ လုံးကို မိတ်ဆက်ခဲ့ပါတယ်။

MyDrivers ရဲ့ အဆိုအရ Nokia က Qualcomm Snapdragon 835 Processor ထည့်သွင်းထားတဲ့ စမတ်ဖုန်း အသစ် ၂ လုံးကို ဖန်တီးနေတယ်လို့ သိရပါတယ်။ အဲဒီ စမတ်ဖုန်းများဟာ အဲဒီ Processor ကိုပဲ ထည့်သွင်းထားတဲ့ Samsung Galaxy S8 ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Nokia ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း အသစ် ၂ လုံးမှာ အနောက် ကင်မရာ ၂ လုံးစီ တပ်ဆင်ထားမှာ ဖြစ်တယ်လို့ သတင်းများ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး 6GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

သတင်းများအရ Nokia က အဲဒီ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ် ၂ လုံးကို ဇွန်လမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ Nokia က Apple နဲ့ Samsung တို့ကို ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။




Credit to ==> DigitalTimes.com.mm


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com