
စာဖတ်သူအမျိုးသမီးတစ်ဦးအနေ ဖြင့်
အွန်လိုင်းမှတစ်ဆင့် စိတ်လှုပ်ရှားစရာ ကောင်းသော ချိန်းဆိုတွေ့ဆုံမှု တစ်ခု
ပြုလုပ်တော့မည်ဆိုပါစို့။ နာမည်ကြီးသော Dating App တစ်ခုကိုသုံး၍
ခပ်လန်းလန်းချိန်းဆိုမှုပြု လုပ်ထား သော်လည်း သူမ အတွက် ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့်သ က်ဆိုင်သောပြဿနာ များက ကျန်ရှိနေဆဲဖြစ်လေ သည်။ အနည်းဆုံးတော့ အွန်လိုင်းပေါ်တွင် သူမသိထားသောကိုလူချောမှာ ၎င်းကိုယ်တိုင်ပြောပြ ထားသောလူစားမျိုး အစစ်အမှန်ဟုတ်ပါရဲ့လားဆိုသည့်မေးခွန်း မျိုးကချိန်းတွေ့မည့် မိန်းမပျို၏ ရင်ကို စိုးထိတ်စေနိုင်ဆဲပင်။
ခြုံပြောရလျှင် ယနေ့ခေတ်၌ အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖျားပြီး ချိန်းတွေ့ခြင်းများသည် မကြာခဏပေါ်ပေါက် နေသောပြစ်မှုများဖြစ်လာနေကြသ ည်။ အွန်လိုင်းလူမှုရေး website များ၊ Dating App များတွင် သက်သေခံအထောက် အထားအတု၊ ဓာတ်ပုံအတု၊ ကိုယ်ရေး မှတ်တမ်းအမှားအယွင်းများကို
လုပ်ကြံဖန်တီးရသည်မှာ လွယ်ကူ လာခဲ့ပြီ မဟုတ်ပါလား။ ကံကောင်းသည့်အချက်က
မိမိ၏ချိန်းဆိုတွေ့ဆုံမှု အပေါ် သံသယရှိပါက တစ်ဖက်လူ၏အကြောင်းကိုစစ်ဆေး နိုင်သော
နည်းပညာ ၀န်ဆောင်မှုများ၊ မသမာသူများကို စစ်ထုတ်ဖယ်ရှားထားသည့်
တိကျမှန်ကန်သော Dating website များလည်း ထွက်ပေါ်လာခြင်းပင် ဖြစ်တော့သည်။
အွန်လိုင်းမှတစ်ဆင့် ချိန်းဆိုတွေ့ဆုံရေးဝန်ဆောင်မှုသည် ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ထွန်းကား လာသောစီးပွားရေး လုပ်ငန်းအမျိုးအစားဖြစ်လာခဲ့ ပြီး အမေရိကန်တစ်နိုင်ငံတည်းမှာပ င်
ဈေးကွက် တန်ဖိုးဒေါ်လာ ၂.၅ ဘီလီယံ ရှိလာခဲ့ကြောင်း ဈေးကွက်သုတေသနအဖွဲ့
Marketdata Enterprises ၏ ဖော်ပြချက်အရ သိရသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော
Get Safe Online လှုပ်ရှားမှုမှ ရရှိလာသောအချက် အလက်များကလည်း
ဗြိတိန်အွန်လိုင်း မသမာမှု တိုက်ဖျက်ရေးအဖွဲ့သည် တစ်ရက်လျှင် အင်တာနက်ပေါ်မှ
လိမ်လည် ချိန်းတွေ့မှု ၇ မှုအထိ တိုင်ကြားခံနေရကြောင်း၊ ယင်းပမာဏမှာ
လွန်ခဲ့သော ၂ နှစ်ကထက် ၃၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း
ဖော်ပြသွားခဲ့သည်။
<User များကို ကာကွယ်ခြင်း>
သို့ဆိုပါလျှင် ဖောက်သည် User များ၏ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Online Dating ၀န်ဆောင်မှုကုမ္ပဏီများ၊ website များက မည်သို့သော အကာအကွယ်တွေပေးထားကြပါသနည်း ။ Website အသေးစားအချို့ကတော့ Jumio ကဲ့သို့ဒစ်ဂျစ်တယ်ကိုယ်ရေးအ ချက်အလက်စစ်ဆေးမှုနည်းပညာကို သုံးကြသည်။ ဥပမာအားဖြင့် True View ဟုအမည် ပေးထားသော Dating App သည် ယင်းနည်းပညာမျိုးကိုအသုံးပြုထားပြီး ၀င်ရောက်လာသည့် User များအား ၎င်းတို့၏ ကိုယ်ရေးအချက်အလက်တိကျမှန်က န်မှုကို စစ်ဆေးပြီး ယုံကြည်မှုရမှတ်များပေးအပ်သည့်
စနစ်ကို ကျင့်သုံးထားကြောင်း တွေ့ရ၏။
True View ၏ပူးတွဲ တည်ထောင်သူ Matt Verity ကတော့ “အွန်လိုင်းပေါ်မှာ ကိုယ်စကားပြောနေတဲ့သူအပေါ် ယုံကြည်စိတ်ဖြစ်လာနိုင်တဲ့ဝ န်ဆောင်မှု မျိုးကို ကျွန်တော်တို့ဖန်တီးချင်ခဲ့ တာပါ။
User တစ်ယောက်အနေနဲ့ ကျွန်တော် တို့ရဲ့ Dating App ၀န်ဆောင်မှုထဲကို
လူမှုရေး website အမျိုးမျိုးမှာ ဖွင့်ထား တဲ့အကောင့်တွေ
များများချိတ်ဆက်ပေးလေလေ၊ သူ့အတွက် ယုံကြည်မှု ရမှတ်ပိုရလေလေပဲ”ဟု
ပြောကြားခဲ့သည်။
သို့သော် လူမှုရေး website အကောင့်ဆိုသည်မှာလည်း လိုသလောက် အများအပြားပြုလုပ်နိုင်ပေသည်။
အကောင့် တစ်ခုဖွင့်ရန် မိနစ်ပိုင်းမျှသာ အချိန်ပေးရသည်ဖြစ်ရာ
ယင်းစနစ်ဖြင့်လည်း စိတ်မချရသေးပေ။ ထို့ကြောင့် Jumio နည်းပညာတွင် နောက်ထပ်
စမ်းသပ်စစ်ဆေးသည့်စနစ်တစ်ခု ကို
လည်း ထည့်သွင်းရပြန်သည်။ ထိုအချက်ကို မစ္စတာ Verity က “နောက်ထပ်
ထည့်သွင်းထားတဲ့စနစ်တစ်ခုက User ရဲ့ ကားမောင်းလိုင်စင်နဲ့ ပတ်စ်ပို့တွေ ကို
Scan ဖတ်ပြီးပြခိုင်းတာပဲ။ ဒါဆိုရင် သူပြောတဲ့အချက်အလက်တွေနဲ့ ကိုက်ညီ၊
မညီဆိုတာ သိနိုင်ပြီလေ။ ယုံကြည်မှုရမှတ်တွေပိုရလာလေေ လ၊ ၀က်ဘ်ဆိုက်ထဲမှာ ခင်ဗျားဟာ ပိုပြီးယုံကြည်ခံလာရလေလေပေါ့ဗျာ”ဟု ရှင်းပြခဲ့သည်။
အခြားတစ်ဖက်တွင် Yoti ဟုခေါ်သော App ကိုလည်း အွန်လိုင်းပေါ်တွင် မိမိချိန်းဆိုရန်စိတ်ဝင်စား နေသော လူတစ်ယောက်၏ သတင်းအချက် အလက်များကို စုံစမ်းရန်အသုံးပြုနိုင်ပါေ သးသည်။ ယင်း software ဖြင့် အွန်လိုင်းပေါ်တွင် တွေ့သောတစ်စုံတစ်ယောက်၏အမည် ၊ ဓာတ်ပုံနှင့် အသက်တို့ကို ရှာဖွေနိုင်မည်ဖြစ် သည်။ ထိုသူကိုအွန်လိုင်းပေါ်တွင် ဆက်သွယ်မိသည်နှင့်တစ်ပြိုင် နက်
Yoti မှတစ်ဆင့် Selfie ဓာတ်ပုံ၊ မိုဘိုင်းဖုန်း နံပါတ်၊ ပတ်စ်ပို့ကဲ့သို့
ID ကတ်ပြားနံပါတ်များကို တောင်းဆို ပေးပါလိမ့်မည်။ သို့သော် Vieloco ဆိုသော
Dating Website အသေးစားတစ်ခုကတော့ ဗီဒီယိုဖြင့် စစ်ဆေးခြင်းကသာ
အသုံးဝင်သောနည်းလမ်းဟု ယူဆထားပုံ ရလေသည်။ Vielcoco ၏ပူးတွဲတည်ထောင်သူ Nora
Lee Notzon ဆိုသူက “Live ဗီဒီယိုနဲ့စစ်ဆေးခြင်းဟာ တစ်ဖက်လူပြထားတဲ့ဓာတ်ပုံနဲ့ လက်ရှိရုပ်ရည်တူ၊မတူ သိရှိထားသလို ခင်ဗျား မျှော်လင့်ထားတဲ့အမူအရာမျိုး ရှိ၊မရှိ လည်းသိနိုင်မယ့်အကောင်းဆုံး နည်းလမ်းပဲ”ဟု ပြောကြားခဲ့သည်။
<Dating ကုမ္ပဏီကြီးများ၏ကာကွယ်ရေးနည်းလမ်းများ>
အထက်ကဖော်ပြခဲ့သည်မှာ Dating App အသေးစားများ၏လုပ်ဆောင်ချက် များသာဖြစ်ပြီး ပိုမိုကြီးမားသော Dating ကုမ္ပဏီကြီးများ၏ ကာကွယ်ရေး နည်းလမ်းများက အဘယ်သို့ရှိပါသနည်း။ ပုဂ္ဂိုလ်ရေးအချက်အလက်များ မပေးရန်၊ ထူးဆန်း သောစကားနှင့်မက်ဆေ့များ ပေးပို့လာပါက (သို့) ပုံမှန်မဟုတ်သည့် Profile ဖြစ်နေပါက သတိထားရန်စသည့်ယေဘုယျ Guideline များကိုသာတွေ့ရပြီး အဓိကအသုံးပြုသည့်လုံခြုံရေး နည်းလမ်း များကို ကုမ္ပဏီကြီးတိုင်းလိုလိုက လျို့ဝှက် ထားလေ့ရှိကြသည်။ နာမည်ကြီး Dating website တစ်ခုဖြစ်သော Match.com မှ တာဝန်ရှိသူတစ်ဦးက “Website ထဲက User တွေရဲ့ လုံခြုံရေးကို စောင့်ကြည့်တဲ့အဖွဲ့ ကျွန်တော် တို့မှာရှိပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေ အပြင် လူကိုယ်တိုင် ပြင်ပ မှာလှုပ်ရှားပြီးတော့ စောင့်ကြည့်အကဲခတ်တဲ့အဖွဲ့ပါ။
ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ လိမ်လည်လှည့်ဖျားမှုဖော်
ထုတ်ရေးနည်းလမ်းတွေကိုတော့ တခြား website တွေ လိုပဲ ပြောပြခွင့်မရှိပါဘူး။
ဒါတွေကိုပြောလိုက်ရင် မသမာသူတွေကို ကူညီပေးလိုက် သလိုဖြစ် သွားပါလိမ့်မယ်”
ဟု ဆိုခဲ့သည်။
သို့ဆိုလျှင် ယင်း website ကြီးများအပေါ် မည်သို့ယုံကြည်နိုင်ပါမည်နည်း။ Online Dating Association (ODA) မှ CEO ဖြစ်သူ Andrew McClelland ကတော့ ကုမ္ပဏီကြီးများသည် သတင်းအချက်မှတ်တမ်းအမျိုးမျိုးကို
လိမ်လည်မှု တန်ပြန်တိုက်ဖျက်ရာတွင် အသုံးပြုလေ့ရှိကြောင်း ထုတ်ဖော်
ပြောကြားခဲ့သည်။ Dating website တစ်ခုတွင် ဒစ်ဂျစ်တယ် မားကတ်တင်း
အတိုင်ပင်ခံတစ်ယောက်အဖြစ် အလုပ် လုပ်ခဲ့ဖူးသော Tom Bourlet ဆိုသူ ကတော့ “
Website ကြီးတွေဟာ မန်ဘာလုံခြုံရေးအတွက် အသုံးပြုတဲ့ စနစ်တစ်ခုခုတော့
ရှိကြပါတယ်။ ဒါပေမယ့် ဒါကိုထုတ်ဖော်ကြေညာလိုက်ရင်
ပြိုင်ဘက်တွေ သိရှိသွားမှာကြောင့် လျှို့ဝှက်ထားကြတာပါ။ အများစုကတော့
Photo -Recognition Software အမျိုးအစားတွေ သုံးကြပါတယ်” ဟု ရှင်းပြ
ခဲ့သည်။ အချို့သော ကျွမ်းကျင်သူများကတော့ အွန်လိုင်း Dating website
တချို့အနေဖြင့် User များ၏ဘာသာစကားအသုံးပြုပုံကိုလည်း လေ့လာ စစ်ဆေးလိမ့်မည်ဟု ယုံကြည်ကြောင်းဆိုကြသည်။
ပြီးခဲ့သောနှစ်အတွင်းက လန်ဒန်မြို့ရှိ City University မှ Tom Van Laer ဆိုသူနှင့်အခြားသုတေသီတစ်စု သည် Dating website များတွင် အသုံးပြု ၀င်ရောက်ထားသောအီးမေးလ်များ ကို
နှိုင်းယှဉ်လေ့လာခဲ့ရာတွင် ပုဂ္ဂိုလ်ရေး အချက်များကို စစ်မှန်စွာ
ဖော်ပြထားသောအီးမေးနှင့် ဒေတာများ လိမ်လည် ထည့်သွင်းထားသော
အီးမေးများအကြားတွင် ဘာသာစကားဆိုင်ရာအရ ကွဲပြားချက်များရှိနေကြောင်း တွေ့ ရလေသည်။ မစ္စတာ Van Laer က “လူလိမ်တွေဟာ သူတို့ရဲ့ပင်ကိုယ်စိတ်ကနေ လှည့်စားတဲ့ အီးမေးမျိုး
မဖန်တီးနိုင်ကြဘူး။ ဒါကြောင့် အလိမ်အညာတွေဆိုတာ တခြားလူတွေ မသိနိုင်အောင်
သဘာဝကျတဲ့ ဘာသာစကားမျိုးကိုရှောင်ကြတယ်။
ကျွန်တော်တို့အသုံးပြုတဲ့ Algorithm က ဒီလိုမူမမှန်တာမျိုးကို
ရှာဖွေဖော်ထုတ် နိုင်တယ်လေ” ဟုပြောခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ Dating ၀က်ဘ်ဆိုက်၊ သို့မဟုတ် အလားတူ ၀န်ဆောင်မှုကုမ္ပဏီကြီးများသည် အဓိကအသုံးပြုသော လုံခြုံရေးနည်းပညာများကိုပွ င့်လင်းမြင်သာစွာထုတ်ဖော်ြေ ကညာခြင်းမပြုကြပေ။ ၎င်းင်းတို့အနေဖြင့် User များ၏ယုံကြည်မှုကို ဆုံးရှုံးရမည့်အခြေအနေသို့ ရောက်ရှိနေပြီလားဆိုသည့်မေး ခွန်းများလည်း ထွက်ပေါ်လာခဲ့တော့သည်။ သို့သော် မကြာသေးမီက ပြုလုပ်ခဲ့သည့် YouGov ဆိုသောစစ်တမ်းတစ်ရပ်ကမူ အွန်လိုင်းမှတစ်ဆင့် ချိန်းဆိုတွေ့ဆုံကာ
အချစ်ရှာဖွေသည့်ဗြိတိန် User များအနက် ထက်ဝက်ခန့်က တစ်ဖက်လူဖော်ပြ ထားသော
Profile ကို မှန်ကန်သည်ဟု ယုံကြည်နေဆဲပင်ဖြစ်ကြောင်း ဖော်ပြသွားခဲ့သည်။
ယနေ့ကမ္ဘာအရပ်ရပ်ရှိ လူသားသန်းပေါင်းများစွာတို့ အနေဖြင့်
အွန်လိုင်း Dating website များ၊ App များသုံးခြင်းမှ
ရပ်တန့်သွားမည့်အလားအလာ ကိုတော့ မတွေ့မမြင်ရသေးပါ။ ၎င်းတို့ထဲမှ အချို့သည်လည်း
အွန်လိုင်းမှ တစ်ဆင့် အချစ်ကိုရှာဖွေတွေ့ရှိခဲ့ကြ သည်မဟုတ်ပါလား။
သို့ရာတွင် လိမ်လည်လှည့်ဖျားပြီး ချိန်းဆိုတွေ့ဆုံခြင်းမှ ကျိန်းသေ
ကင်းဝေးနိုင်သည့် နည်းလမ်းထွက်ပေါ်မလာမချင်း လိုအပ်သည့် အကာအကွယ်များနှင့် အတူ အွန်လိုင်းပေါ်တွင် သတိမလပ်ရှိနေသင့်ပါ၏။
Ref : (What are online dating sites doing to keep us safe? - By Sarah Finley)
ကိုဆွဲ (မုံရွာ)
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ခြုံပြောရလျှင် ယနေ့ခေတ်၌ အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖျားပြီး ချိန်းတွေ့ခြင်းများသည် မကြာခဏပေါ်ပေါက် နေသောပြစ်မှုများဖြစ်လာနေကြသ
အွန်လိုင်းမှတစ်ဆင့် ချိန်းဆိုတွေ့ဆုံရေးဝန်ဆောင
<User များကို ကာကွယ်ခြင်း>
သို့ဆိုပါလျှင် ဖောက်သည် User များ၏ဘေးအန္တရာယ်ကင်းရှင်းရေ
True View ၏ပူးတွဲ တည်ထောင်သူ Matt Verity ကတော့ “အွန်လိုင်းပေါ်မှာ ကိုယ်စကားပြောနေတဲ့သူအပေါ် ယုံကြည်စိတ်ဖြစ်လာနိုင်တဲ့ဝ
သို့သော် လူမှုရေး website အကောင့်ဆိုသည်မှာလည်း လိုသလောက် အများအပြားပြုလုပ်နိုင်ပေသည
အခြားတစ်ဖက်တွင် Yoti ဟုခေါ်သော App ကိုလည်း အွန်လိုင်းပေါ်တွင် မိမိချိန်းဆိုရန်စိတ်ဝင်စား
<Dating ကုမ္ပဏီကြီးများ၏ကာကွယ်ရေးနည
အထက်ကဖော်ပြခဲ့သည်မှာ Dating App အသေးစားများ၏လုပ်ဆောင်ချက် များသာဖြစ်ပြီး ပိုမိုကြီးမားသော Dating ကုမ္ပဏီကြီးများ၏ ကာကွယ်ရေး နည်းလမ်းများက အဘယ်သို့ရှိပါသနည်း။ ပုဂ္ဂိုလ်ရေးအချက်အလက်များ မပေးရန်၊ ထူးဆန်း သောစကားနှင့်မက်ဆေ့များ ပေးပို့လာပါက (သို့) ပုံမှန်မဟုတ်သည့် Profile ဖြစ်နေပါက သတိထားရန်စသည့်ယေဘုယျ Guideline များကိုသာတွေ့ရပြီး အဓိကအသုံးပြုသည့်လုံခြုံရေး
သို့ဆိုလျှင် ယင်း website ကြီးများအပေါ် မည်သို့ယုံကြည်နိုင်ပါမည်နည
ပြီးခဲ့သောနှစ်အတွင်းက လန်ဒန်မြို့ရှိ City University မှ Tom Van Laer ဆိုသူနှင့်အခြားသုတေသီတစ်စု
မည်သို့ပင်ဖြစ်စေ၊ Dating ၀က်ဘ်ဆိုက်၊ သို့မဟုတ် အလားတူ ၀န်ဆောင်မှုကုမ္ပဏီကြီးများသည
ယနေ့ကမ္ဘာအရပ်ရပ်ရှိ လူသားသန်းပေါင်းများစွာတို့
Ref : (What are online dating sites doing to keep us safe? - By Sarah Finley)
ကိုဆွဲ (မုံရွာ)
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com