3/07/2017

♪ " Nokia 6 အား တစ်ကမ္ဘာလုံးသို့ ဖြန့်ချိမည် " ♫

Image may contain: phone

Nokia 6 သည် ယခုနှစ်အစောပိုင်းက တရုတ်သို့ စတင်ရောက်ရှိခဲ့သော်လည်း ယခုအခါ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွားမည်ဟု Nokia မှ ကြေညာသွားခဲ့ပြီ ဖြစ်သည်။ Nokia သည် 5.5” Full HD display ပါဝင် ပြီး 2.5 D Gorilla Glass ဖြင့် ဖုံးအုပ်ထားကာ Qualcomm Snapdragon 430 processor အား သုံးစွဲထားသည်။

RAM 4 GB ထိ ပါဝင်ပြီး storage မှာ 64 GB ဖြစ်သည်။ အဓိကကင်မရာမှာ 16 MP ဖြစ်ပြီး ရှေ့ဘက်တွင် 8MP ကင်မရာပါဝင်သည်။ Dual amplifier ပါ ၀င်ပြီး HMD Global ၏ အဆိုအရ ပုံမှန်ထက် 6 dB ပိုမိုကျယ်သောအသံအား ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်

Dolby Atmos ကိုလည်း ထောက်ပံ့ပေးထားသဖြင့် အသံကို 3D sound effect ပို၍ ရစေမည် ဖြစ်သည်။ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိရာတွင် Google services များလည်း ပါဝင်လာမည်ဖြစ်ပြီး Google Assistant ကိုလည်း ထောက်ပံ့ပေးထားသည်။

Nokia 6 သည် ဒေါ်လာ 250 ၀န်းကျင်ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး Nokia 6 ARTE ကိုလည်း ထုတ်လုပ်ပေးသွားမည်ဖြစ်ကာ 64 GB/4 GB RAM တို့ ပါဝင်ပြီး 299 ဒေါ်လာဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ARTE ဟူသော စာသားကို ယခင်တစ်ချိန်က Nokia ၏ အကောင်းဆုံး ဖုန်းများ ဥပမာ Nokia 8800 ကဲ့သို့ ဖုန်းများတွင် တွေ့ကြရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com