3/07/2017

♪ “ Androidဖုန်းတွေပေါ် Google Assistant ရောက်လာတော့မည် ” ♫

Image may contain: text

ကိုညီညီ ( တောင်ကြီး )

YouTube ဗီဒီယိုတစ်ခုကနေတရားဝင်ကြေငြာလိုက်တဲ့ Google ရဲ့ ထုတ်ပြန်ချက်အရAndroid ဖုန်းတွေပေါ် Google Assistant ရောက်လာတော့မယ်ဆိုတာသိရပါတယ်။ Google ရဲ့ Android ဖုန်းလည်ပတ်မှုစံနစ်တွေဖြစ်တဲ့ Marshmallow နဲ့ Nougat အထိအနည်းဆုံး Update ရထားတဲ့ဖုန်းတွေပေါ်မှာGoogle Assistant ကိုတစ်ပါတည်းထည့်သွင်းပေးတော့မှာပါ။

ပထမဦးဆုံးအမေရိကန်၊ နောက်ပိုင်း သြစတေးလျ၊ ကနေဒါ၊ ယူကေနဲ့ ဂျာမဏီနိုင်ငံကအင်းဒရိုက်ဖုန်းသုံးစွဲသူတွေ မျှော်လင့်စောင့်စားနိုင်ပါတယ်။ Google Assistantကိုဒေါင်းလော့ဒ်ဆွဲချရတာမျိုးမဟုတ်ပဲ Google Play Services မှာအလိုအလျောက်ပါဝင်လာမယ်လို့ ပြောပြန်ပါတယ်။

သို့သော်လည်း Google Assistant Update က အင်းဒရိုက်ဖုန်း ပိုင်ရှင်အားလုံးသုံးခွင့်ရမယ်ဆိုတာထက် သုံးစွဲသူ သန်းပေါင်းရာကျော်အထိ အကျူံးဝင်မယ်လို့ သိရပါတယ်။ ဒီစံနစ်ရဲ့လုပ်ဆောင်ချက်အရ Google ရဲ့ အသံနဲ့ခိုင်းစေရတဲ့ Google Voice Search နဲ့ ဆင်တူသလိုရှိပြီး ဖုန်းပိုင်ရှင်ရဲ့အမြဲလုပ်ဆောင်တတ်တဲ့အလေ့အကျင့်နဲ့ ကြိမ်ဖန်များစွာ ခိုင်းစေတတ်တဲ့ အမူအကျင့်တွေကို မှတ်သားထားတဲ့ မှတ်ဥာဏ်တုနဲ့ မောင်းနှင်တဲ့ Google ပိုင် ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် Google Assistantကိုသုံးခြင်းအားဖြင့် Home ခလုပ်ကို လက်မနဲ့ကြာကြာဖိထားတာမျိုးလုပ်ဖို့ မလိုတော့ပါဘူး။ အသံနဲ့ခိုင်းစေနိုင်သလိုမက်ဆေ့ရိုက်ပြီးလည်း မိမိမှတ်ထားစေချင်တာကို ခိုင်းစေနိုင်တာမို့ ဖုန်းကမိမိအသံကိုနားလည်အောင်တော့ ပြောကြားရမှာ ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ဘယ်တော့ သုံးစွဲနိုင်တော့မလဲဆိုတာနဲ့ Google Play Store ပြင်ပမှာ ယူငင်သုံးစွဲခွင့် ရမရဆိုတာကိုတော့ အချိန်တစ်ခုအထိစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com