3/02/2017

♪ “LG G6 ကို ကြေညာပြီ” ♫

Image may contain: 1 person, smiling, phone

LG က Mobile World Congress မှာ စွမ်းဆောင်ရည်မြင့် G6 ကို မိတ်ဆက် လိုက်ပါတယ်။ G6 ရဲ့ ထူးခြားချက်ကတော့ မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းကို ဖန်တီးထားတာ ဖြစ်တဲ့အတွက် လှပခန့်ညားပါတယ်။ LG က အဲဒီ ဒီဇိုင်းကို FullVision လို့ ညွှန်းဆိုပါတယ်။ G6 မှာ ၅.၇ လက်မ 2880x1440 Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၆၅ ဖြစ်တဲ့အတွက် ရုပ်ထွက်များ အလွန်ကြည်လင်ပြတ်သားပါတယ်။ မျက်နှာပြင်ကို မာကျောတဲ့ Corning Gorilla Glass 3 နဲ့ အနောက်ဘက်ကို Corning Gorilla Glass 5 ဖြင့် ဖုံးအုပ်ထားပါတယ်။

G6 ဟာ အနောက်ကင်မရာ ၂ လုံးတပ် ဖုန်းဖြစ်ပြီး 13MP Camera များ ဖြစ်ပါ တယ်။ ကင်မရာ ၁ လုံးမှာသာ OIS နဲ့ Autofocus နည်းပညာပါပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 5MP ဖြစ်ပါတယ်။ Samsung Galaxy S8 မှာ Snapdragon 835 ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေတဲ့အတွက် G6 ရဲ့ Snapdragon 821 က အားနည်းနေပါတယ်။

LG က G Series များမှာ ရေစိုခံနိုင်တဲ့ စွမ်းရည်ကို အရင်က ထည့်သွင်းခဲ့ဖူး ခြင်း မရှိပါဘူး။ အခုတော့ G6 မှာ ရေစိုခံနိုင်တဲ့ စွမ်းရည်နဲ့ ဖုန်မ၀င်အောင် ကာကွယ်နိုင်တဲ့ စွမ်းရည်များ ပါလာပါပြီ။ ရေစိုခံနိုင်အောင် ဒီဇိုင်းထုတ်ထား တဲ့အတွက် ဘက်ထရီကို အသေတပ်ဆင်ထားပါတယ်။ LG ဟာ အစိတ် အပိုင်းများ ဖြုတ်၊ တပ် လဲလှယ်လို့ရတဲ့ G5 ရဲ့ Modular Design ဟာ မအောင်မြင်ခဲ့တဲ့အတွက် G6 ကို သာမန်စမတ်ဖုန်းများအတိုင်း ဖန်တီးထား ပါတယ်။

LG က နိုင်ငံအပေါ် မူတည်၍ 32GB နဲ့ 64GB Storage Model များ ထုတ်လုပ် ပေးထားပါတယ်။ မော်ဒယ်အားလုံးမှာ 4GB RAM နဲ့ microSD Card Slot ထည့်သွင်းထားပါတယ်။ Android 7.0 Nougat ကို LG Full-Screen UX နဲ့ ပေါင်းစပ်ထားပါတယ်။ G6 ဟာ Pixel ပြီးနောက် Google Assistant ပါလာတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အဖြူ၊ အနက်နဲ့ ပလက်တီနမ် အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ LG က ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက်ကို ကြေညာခြင်း မရှိသေးပါဘူး။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com