3/02/2017

♪ " Asus Zenfone 3 Max VS Asus Zenfone 3s Max " ♫

Image may contain: phone

ဒီတစ်ပတ်မှာ နှိုင်းယှဉ်ပြသွားမယ့် အဆင့်မြင့်စမတ်ဖုန်း ၂ လုံးကတော့ Asus Zenfone 3 Max နဲ့ Zenfone 3s Max တို့ပဲ ဖြစ်ပါတယ်။ ၄င်းဖုန်း ၂ လုံးက ၂ဝ၁၆ နှစ်ကုန်ပိုင်းလောက်နဲ့ ၂ဝ၁၇ နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ Asus Zenfone 3 Max ကို အရင်ထုတ်လုပ်ထားတာဖြစ်ပြီး နောက်ထပ် version တစ်ခုအနေနဲ့ Asus Zenfone 3s Max ကို ထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။

ဖုန်း ၂ လုံးမှာ တူညီတဲ့ Specs တွေရှိသလို မတူညီတာတွေလည်း အများကြီးရှိပါတယ်။ သူ့နေရာနဲ့သူ တစ်နေရာစီမှာ အားသာချက်တွေ ရှိနေကြပါတယ်။ ဖုန်း ၂ ခုလုံးက GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM စနစ်တွေလည်း ပါရှိပါတယ်။ အနောက်ကင်မရာစွမ်းအားပိုင်းမှာ 3 Max က ပိုကောင်းပြီး အရှေ့ကင်မရာရဲ့ စွမ်းအားချင်းက အတူတူပါပဲ။ 3 Max မှာ Non-removable Li-Ion 4100mAh battery ကိုသုံးထားပြီး 3s Max မှာတော့ Non-removable Li-Po 5000mAh battery ကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။

* Design *

1. Asus Zenfone 3 Max

Asus Zenfone 3 Max ရဲ့ အရွယ်အစားက 151.4 x 76.2 x 8.3 mm ရှိပြီး အလေးချိန်က 175g လေးပါတယ်။ ဒီဇိုင်းပုံစံက ခေတ်မီဆန်းသစ်ပြီး fingerprint sensor ကို အနောက်ဘက်မှာ တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။

2. Asus Zenfone 3s Max

Asus Zenfone 3s Max ရဲ့ အထူက 8.9 mm ရှိပြီး အလေးချိန်က 3 Max နဲ့ အတူတူပါပဲ။ တည်ဆောက်ပုံဒီဇိုင်းပုံစံက 3 Max နဲ့ လုံးဝမတူတော့ဘဲ Fingerprint sensor က အရှေ့ဘက် home button ကို ရောက်ရှိလာပါတယ်။

* Processor *

1. Asus Zenfone 3 Max

3 Max ဟာ လှပတဲ့ကိုယ်ထည်ထဲမှာ Snapdragon 430 Octa-core 1.4GHz Cortex-A53 processor နဲ့ Adreno 505 GPU တို့ကို အသုံးပြုထားပြီး RAM စွမ်းအားပိုင်းမှာတော့ 2GB, 3GB နဲ့ 4GB ဆိုတဲ့ version ၃ မျိုးကို ထုတ်လုပ်ပေးထားပါတယ်။

2. Asus Zenfone 3s Max

Zenfone 3s Max မှာတော့ Mediatek MT6750 Octa-core 1.5GHz Cortex-A53 processor တို့က စွမ်းဆောင်ရည် အပြည့်အဝ ပံ့ပိုးထားပြီး RAM 3GB ပါရှိပါတယ်။ သုံးစွဲထားတဲ့ GPU က Mali-T860MP2 ပဲ ဖြစ်ပါတယ်။

* Display *

1. Asus Zenfone 3 Max

မျက်နှာပြင်အကျယ် ၅ လက်မခွဲရှိပြီး IPS LCD capacitive touch-screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက ~401 ppi pixel ပမာဏ ရှိပါတယ်။

2. Asus Zenfone 3s Max

3s Max က မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး IPS LCD capacitive touchscreen ကို အသုံးပြုပေးထားပါတယ်။ မျက်နှာပြင်က HD မြင်ကွင်းတွေကိုသာ ပေးစွမ်းနိုင်တာကြောင့် 3 Max လောက်တော့ မကောင်းပါဘူး။

* Verdict *

1. Asus Zenfone 3 Max

Asus Zenfone 3 Max ဟာ သစ်လွင်တောက်ပတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်နဲ့ ပန်းရောင်ဆိုပြီး အရောင် ၄ မျိုး ရှိပါတယ်။

2. Asus Zenfone 3s Max

Asus Zenfone 3s Max ကိုတော့ ရွှေရောင်နဲ့ အမည်းရောင် အရောင် ၂ မျိုးတည်းကိုသာ ထုတ်လုပ်ပေး ထားပြီး ဘက်ထရီစွမ်းအား ကောင်းမွန်တဲ့ ဖုန်းတစ်လုံးအဖြစ်နဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ဖုန်း ၂ ခုလုံးက သူ့အကြိုက်နဲ့သူ သုံးစွဲလို့ကောင်းပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com