Huawei က ဒီဇိုင်းလှပပြီးစွမ်းဆောင်ရ ည်မြင့်မားတဲ့
P10 ကိုကြေညာလိုက်ပါ တယ်။ Mobile World Congress မှာမိတ်ဆက်လိုက်တာ
ဖြစ်ပြီး P10 မှာ နာမည်ကြီးကင်မရာထုတ်လုပ်သူ Leica ရဲ့
ကင်မရာများကိုအရှေ့နဲ့ အနောက်ဘက်မှာတပ်ဆင်ထားပါတယ် ။ P10 မှာ ၅.၁ လက်မ Full HD Display တပ်ဆင်ထားပြီး Huawei ရဲ့ Kirin 960 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။
P10 ဟာအနောက်ကင်မရာ ၂ လုံးတပ် စမတ်ဖုန်းဖြစ်တဲ့အတွက် ထူးခြား ဆန်းသစ်တဲ့ ဓါတ်ပုံများကိုရိုက်ကူးနိုင်မှာ
ဖြစ်ပါတယ်။ အနောက်ကင်မရာ များမှာ 12MP Color နဲ့ 20MP Monochrome တို့
ဖြစ်ပါတယ်။ Selfie Camera မှာလည်း Leica ရဲ့ 8MP ဖြစ်ပါတယ်။
ကင်မရာများဟာBokeh Effects များကို ရိုက်ကူးပေးနိုင်ပါတယ်။
P10 မှာ 4GB RAM , 3200mAh Battery တပ်ဆင်ထားပါတယ်။ ဘက်ထရီမှာ လျင်မြန်စွာအားသွင်းနိုင်တဲ့ 
နည်းပညာထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာကို Home Button
အောက်မှာ မြှုပ်နှံထားပါတယ်။ ထူးခြား တာက Back Button နဲ့ Task Switcher
Button တို့ မပါတော့ဘဲ Home Button ကနေသာအဲဒီခလုတ်များကိုအသုံး ပြုရမှာ ဖြစ်ပါတယ်။ Home Button ဟာထိတွေ့မှုကိုအာရုံခံနိုင်ပါတယ်။ သူ့ကိုတစ်ချက်နှိပ်ရင် Back , ဖိထားရင် Home နဲ့ ပွတ်ဆွဲရင် Task Switcher တို့ကိုအသုံးပြုနိုင်ပါတယ်။
P10 ကို Android Nougat နဲ့ Emotion UI 5.1 တို့ကမောင်းနှင်မှာ ဖြစ်ပါ တယ်။ အစိမ်း၊ အပြာ၊ နှင်းဆီရွှေ၊ အဖြူ၊ အနက်၊ ငွေ၊ ရွှေရောင်များ ထုတ်လုပ် ထားပြီးမတ်လမှာယူရို ၆၄၉ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
P10 ဟာအနောက်ကင်မရာ ၂ လုံးတပ် စမတ်ဖုန်းဖြစ်တဲ့အတွက် ထူးခြား ဆန်းသစ်တဲ့ ဓါတ်ပုံများကိုရိုက်ကူးနိုင
P10 မှာ 4GB RAM , 3200mAh Battery တပ်ဆင်ထားပါတယ်။ ဘက်ထရီမှာ လျင်မြန်စွာအားသွင်းနိုင်တဲ
P10 ကို Android Nougat နဲ့ Emotion UI 5.1 တို့ကမောင်းနှင်မှာ ဖြစ်ပါ တယ်။ အစိမ်း၊ အပြာ၊ နှင်းဆီရွှေ၊ အဖြူ၊ အနက်၊ ငွေ၊ ရွှေရောင်များ ထုတ်လုပ် ထားပြီးမတ်လမှာယူရို ၆၄၉ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com