3/02/2017

♪ “လှပခန့်ညားပြီးကင်မရာကောင်းမွန်တဲ့ Huawei P10 Plus” ♫

Image may contain: phone

Mobile World Congress မှာ Huawei က P10 နဲ့ P10 Plus ကိုမိတ်ဆက် လိုက်ပါတယ်။ စမတ်ဖုန်း ၂ လုံးဟာလှပခန့်ညားပြီးဒီဇိုင်းတူညီပါတယ်။ P10 Plus ဟာ P10 ထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ အမျိုးအစားဖြစ်ပါတယ်။ P10 Plus မှာ ၅.၅ လက်မ Quad HD Display တပ်ဆင်ထားပါတယ်။

P10 နဲ့ P10 Plus တို့မှာနာမည်ကျော် ကင်မရာထုတ်လုပ်သူ Leica ရဲ့ ကင်မရာကိုအရှေ့နဲ့ အနောက် နှစ်ဘက်စလုံးမှာတပ်ဆင်ထားပါတယ်။ ကင်မရာများဟာလည်းဖုန်း ၂ လုံးစလုံးမှာတူညီပါတယ်။ ဒါပေမယ့် P10 Plus အနောက်ကင်မရာရဲ့ အလင်းဝင်ပေါက်ဟာ ပိုမိုကျယ်တဲ့အတွက် ပိုမို ကောင်းမွန်ပါတယ်။ P10 Plus ရဲ့ အနောက်ဘက်မှာ 12MP RGB နဲ့ 20MP Monochrome Camera များတပ်ဆင်ထားပါတယ်။ 8MP Selfie Camera ထည့်သွင်းထားပါတယ်။ ကင်မရာများကထူးခြားဆန်းသစ်တဲ့ Bokeh Effects များကိုရိုက်ကူးပေးနိုင်ပါတယ်။

P10 Plus ကို4GB RAM/64GB Storage Model နဲ့ 6GB RAM/128GB Storage Model ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ P10 Plus ဟာ P10 ထက် ကင်မရာနဲ့ မျက်နှာပြင် အရည်အသွေးအပိုင်းမှာပိုမိုကောင်းမွန်သလို 4.5 with 4 LTE ကိုထောက်ပံ့တဲ့အတွက် ဒေါင်းလုပ်လုပ်ရာမှာလည်းပိုမို လျင်မြန်ပါ တယ်။ ဘက်ထရီအပိုင်းမှာလည်း P10 Plus က အနည်းငယ်သာလွန်ပြီး 3750mAh Battery တပ်ဆင်ထားပါတယ်။ ဘက်ထရီမှာ လျင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာပါပါတယ်။

အခြား Specification များကတော့ ဖုန်း ၂ လုံးဟာတူညီကြပါတယ်။ P10 Plus ရဲ့ အရှေ့နဲ့ အနောက်ကိုအကြမ်းခံတဲ့ Gorilla Glass ဖြင့် ကာကွယ်ထားပါ တယ်။ Home Button အောက်မှာလက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပြီး Back , Task Switcher Button များမပါတော့ပါဘူး။ Home Button ကို ၁ ချက် နှိပ်ရင် Back , ဖိထားရင် Home နဲ့ ပွတ်ဆွဲရင် Task Switcher တို့ကို အသုံးပြု နိုင်ပါတယ်။

EMUI 5.1 နဲ့ Android Nougat တို့ကိုပေါင်းစပ်ထည့်သွင်းထားပါတယ်။ အပြာ၊ အဖြူ၊ အနက်၊ ရွှေ၊ ငွေ၊ နှင်းဆီရွှေ၊ အစိမ်းရောင်များထုတ်လုပ်ပေးထားပြီး မတ်လမှာရောင်းချမှာပါ။ 4GB RAM Model ကိုယူရို ၆၉၉ နဲ့ 6GB RAM Model ကိုယူရို ၇၉၉ သတ်မှတ်ထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com