3/09/2017

♪ " HP Chromebook X360 11 G1 Education Edition အား ကြေညာခဲ့ " ♫

Image may contain: phone and screen

Google မှ ကျောင်းများတွင်သုံးစွဲရန် Chromebook အသစ်အား ကြေညာပေးခဲ့ပြီး HP Chromebook X360 11 G1 Education Edition ဖြစ်ကြောင်း သိရှိရသည်။ Google မှ ဆွီဒင်ကျောင်းများတွင် Chromebook အောင်မြင်မှုအတွက် blog post မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ model အတွက် အချက်အလက်များစွာကိုမူ သိရှိခဲ့ရခြင်း မရှိသေးပေ။ Google မှ အဆိုပါ Chromebook တွင် 360 ဒီဂရီလှည့်ပတ်နိုင်သော ပတ္တာများပါဝင်သည်ဟု ဆိုခဲ့ပြီး stylus လိုအပ်ပါကလည်း ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ ကင်မရာလည်း တစ်ပါတည်းပါဝင်ကြောင်း ဆိုထားခဲ့သည်။ HP Chromebook X360 11 G1 Education Edition အား Pro Book X360 11 G1 Education Edition တွင် အခြေခံထားကြောင်း သိရှိရသည်။ Pro Book တွင် Windows 10 Pro ပါဝင်ထားသည်။ 

ထိုသို့တူညီပါက Intel Celeron N 3550 (သို့) Pentium N 4200 processor ကိုသုံးထားမည်ဟု ခန့်မှန်းကြပြီး RAM 8 GB နှင့် Flash storage 128 GB ပါဝင်နိုင်ကြောင်း သိရသည်။ 11.6 လက်မ display မှာ 1366 x 768 resolution ရှိမည်ဟု ယူဆထားနိုင်သည်။ ဈေးနှုန်းကိုမသိရသေးဘဲ ဧပြီလလယ်တွင် စတင်ရောင်းချမည်ဟု သိရှိရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com