3/09/2017

♪ “ ရွှေတစ်အောင်စဈေးနှုန်းထက်မြင့်လာတဲ့ တစ်ယူနစ် Bitcoin ” ♫

Image may contain: text

သတင်းအရပြောရရင် အွန်လိုင်းငွေကြေးလို့ပဲခေါ်ခေါ် အင်တာနက် ပိုက်ဆံလို့ပဲဆိုဆို Bitcoin ရဲ့ တစ်ယူနစ်ဈေးနှုန်းဟာ (1293)ဒေါ်လာဈေး ဖြစ်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူအများကို အံ့အားသင့်စေ ခဲ့တာနဲ့တင် ပြီးပါတယ်။ ဒါပေမယ့် Bitcoin ဆိုတာဘာလဲ? ဘယ်နေရာမှာသုံးရတာလဲဆိုတဲ့အပေါ်မှာတော့ လက်ခံယုံကြည်မှုတွေ ကွဲပြားနေပါတယ်။

( ၂ဝဝ၉ ) ခုနှစ်မှာစတင်ခဲ့တဲ့ Bitcoin ဟာ အဲဒီတုန်းက ပြားဂဏန်း ဆင့်ဂဏန်း - ( Less than Tenth of A Cent ) ရှိရာကနေ အခုလို အဆပေါင်းများစွာ တန်ဖိုးတက်လာတာက အမှောင်ထဲက ရင်းနှီးမြှုပ်နှံသူတွေကြောင့်လို့ အများကပြောကြတယ်။


Bitcoin ဟာရာဇဝတ်မှုကျူးလွန်ထားတဲ့ ငွေ၊ လက်နက်ဝယ်ရန်ငွေ၊ မူးယစ်ဆေးဝါးငွေ၊ အကြမ်းဖက်ကိရိယာတွေဝယ်ယူဖို့ငွေ၊ အခွန်ရှောင်ချင်တဲ့ငွေ၊ ခဝါချလျှော်ဖွတ်ချင်တဲ့ငွေ . . စတဲ့ ငွေလွှဲပြောင်းမှုအစုစုကို ချိတ်ဆက်နေတဲ့ တိုင်းပြည်တွေရဲ့အစိုးရတွေကိုမသိစေချင်တဲ့ မြေအောက်ဝယ်ယူ ရောင်းချခြင်း လွှဲပြောင်းမှုတွေကိုလုပ်ဆောင်ပေးတယ်။


သို့သော်လည်း လက်ဆုတ်လက်ကိုင်ပြလို့ရတဲ့ ငွေအကြွေ၊ ငွေစက္ကူ၊ ရွှေတုံး၊ ငွေတုံးတွေလို Bitcoin မှာ ရုပ်ပြငွေကြေး - Physical Currency ဂုဏ်သတ္တိ မရှိပါဘူး။ ဒါကြောင့် Bitcoin နဲ့ပတ်သက်မိရင် မမြင်ရတဲ့ စွန့်စားမှုက နောက်က ကပ်လျက်လိုက်ပါလာနိုင်ပါတယ်။ 


ဒါကြောင့်လည်းအင်တာနက်ငွေကြေးတည်ထောင်သူများကအမေရိကန်ရဲ့ ဘဏ်ငွေကြေး အာမခံကော်ပိုရေးရှင်း - FDIC ( Federal Deposit Insurance Corporation)လိုမျိုးမှာ မှတ်ပုံတင် ( ငွေပေါင်၊ ရွှေပေါင် ) ပြီး အာမခံချက် ရှိအောင် လုပ်နေကြနေတုန်းမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်မှုအစီအစဉ်နဲ့ အမေရိကန်ကမူလတီထွင်သူနဲ့ စတော့ရှယ်ယာပိုင်ရှင်တွေကို အပြင်းအထန်နှိပ်ကွပ်နေပါတယ်


မိမိဘာဝယ်ဝယ် ဘယ်သူမှမသိသလို ဘယ်အစိုးရဆီမှ သတင်းမပို့ဘူး ဆိုပေမယ့် အနက်ရောင်ကွင်းဆက် - Blackchainလို့ခေါ်ဆိုနေကြတဲ့ Online Server မှာ Bitcoin လွှဲပြောင်းမှုမှတ်တမ်း - List ထဲက အပြည်ပြည်ဆိုင်ရာ စာရင်းစာအုပ်ကြီး - Universal Ledgerထဲမှာ မှတ်တမ်းသွင်း ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။
သို့သော်လည်းတွင်ကျယ်လာတဲ့ ဈေးကွက်နဲ့အညီ ဝယ်ယူသုံးစွဲသူများလာတဲ့ အကျိုးဆက်အနေနဲ့ အမှောင်ထဲကရင်းနှီးမြှုပ်နှံမှု လက်မည်းကြီးတွေကြောင့် ဒီလိုဈေးအထိတက်လာတာစဉ်းစားစရာပါ။ အခုဆိုရင် Bitcoin နဲ့ သာမန် ဝက်ဘ်ဆိုဒ်တွေမှာ ဝယ်လို့မရတဲ့ဆေးဝါးတွေ၊ ဘဏ္ဍာရေးခိုးယူမှုတွေနဲ့ နောက်ဆုံးရွေးကောက်ပွဲမဲပေးခွင့်ရှိတဲ့အထိ လွှမ်းမိုးလာတာသိရတယ်။


ဒါကြောင့် Bitcoin မှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူတစ်ဦးကို သတိပေးလိုတာက ဝက်ဘ်ဆိုဒ်ထဲဝင်ဖို့ ရှားပါးသင်္ကေတ -Unique Code လို့ခေါ်တဲ့ ကိုယ်ပိုင်နံပါတ် - Private Keyပျောက်သွားတယ်ဆိုရင်တော့ အသံမကြားရပဲနှုတ်ဆက်သွားပြီးလို့သာ အောက်မေ့နိုင်ပါကြောင်း . .။



ကိုညီညီ ( တောင်ကြီး)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com