3/03/2017

♪ နည်းပညာ သိပ်မမြင့်လှပေမယ့် အလန်းစား စတိုင် G-SHOCK ကို Casio မိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/casio_ga_710_g_shock_3.jpg?fit=800%2C678&ssl=1

နည်းပညာ ပိုင်း မြင့်မြင့်မားမား သိပ်ပြီး မထည့်သွင်းထားပေမယ့် စတိုင် နဲ့ ဒီဇိုင်းအဆင်အပြင် အလန်းစားတွေ ပါရှိတဲ့ G-Shock မော်ဒယ် အသစ် ကို Casio က မိတ်ဆက်လိုက်ပါတယ်။

အခု အသစ်ထုတ်လုပ်လိုက်တဲ့ Casio G-Shock GA710 ဟာ လူငယ်ထု အကြားမှာ စိတ်လှုပ်ရှားဖွယ်ရာ အမြင်အသွေးမျိုး ရှိနေပါတယ်။ GA700 နဲ့ GA710 တွေဟာ Sport Type အမျိုးအစား ထုတ်လုပ်ထားတဲ့အတွက် အားကစားလှုပ်ရှားရင်း ကိုယ့်ရဲ့ စံချိန်၊ စံညွှန်းတွေကို မှတ်သားလိုသူတွေ အတွက် ဖြစ်ဖြစ် ၊ ကျန်းမာရေး ကို လိုက်စားလိုသူတွေအတွက် ဖြစ်ဖြစ်၊ အကောင်ဆုံး အဖော်မွန် ဖြစ်လာစေနိုင်မယ့် Wearable Gadget တစ်ခုဖြစ်လာခဲ့ပါတယ်။

Casio G-SHOCK GA710 ဟာ ရေစိမ်ခံ၊ အကြမ်းခံ ဖြစ်ပြီး သဲဒဏ်၊ ဖုန်မှုန့်ဒဏ် စတာတွေကို ခံနိုင်ရည် ရှိပါတယ်။ အများထက်သာလွန်တဲ့ illuminator LED အလင်းရော်င ပါရှိပြီး ရုပ်လုံးကြွ ဒီဇိုင်းကို သတ္တုတွေအပြည့် နဲ့ ပုံဖော်ထားပါတယ်။ အလွယ်တကူ ထိတွေ့ပုံဖော်နိုင်တဲ့အပြင် ၄၈ မြို့ စာ ၊ Time Zones တွေ ပါရှိပါတယ်။ ပြီးတော့ အော်ရီဂျင်နယ် ဘက်ထရီ ဟာ ၅ နှစ် အထိ ခံနိုင်ရည် ရှိတယ် လို့ ဆိုပါတယ်။ ကိုယ်ထည် ဟာ စတီးဘော်ဒီ၊ ပလပ်စတစ်ဘော်ဒီ ၂ မျိုး ၀င်ရောက်ပြိး အရောင်ကလည်း ၅ မျိုး ပါရှိပါတယ်။ Casio ကတော့ အခု လက်ရှိထုတ်လုပ်လိုက်တဲ့ G-SHOCK GA710 ဟာ သူ့ရဲ့ နာမည်ကျော်ပြီးသား G-SHOCK စီးရီးတွေကို ဆက်လက်အောင်ပွဲခံခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၃ လ က ကြော်ငြာခဲ့သလို စမတ်နည်းပညာတွေ ပါဝင်မှု ရာခိုင်နှုန်း အလွန်နည်းပါးခဲ့ပါတယ်။

နည်းပညာ နဲ့ Gadget တွေကို စောင့်ကြည့် သုံးသပ်နေတဲ့ ကျွမ်းကျင်သူတွေကတော့ အခု ထွက်ရှိတဲ့ Casio G-SHOCK 710 ဟာ သမားရိုးကျ နာရီတစ်လုံးမျှသာ ဖြစ်တယ် လို့ ဝေဖန်ခဲ့ပါတယ်။ Garmin တို့လို လမ်းညွှန်တည်နေရာပြစနစ် ပါရှိတဲ့ Gadget ငယ် မဟုတ်သလို ကျန်းမာရေး Gadget လည်း မဟုတ်ခဲ့ဘူး လို့ ဆိုပါတယ်။ အဲဒီအပြင် မှာ အခုချိန်မှာ နာမည်ကျော်နေတဲ့ Apple Watch, Samsung Gear 2 တို့လို စမတ်နာရီ တစ်လုံး လည်း မဟုတ်ခဲ့ပေမယ့် တစ်ချိန်တုန်းက Smart Watch လောကထဲကို G-SHOCK နဲ့ ၀င်ရောက်လာမယ် လို့ Casio ရဲ့ ကြော်ငြာချက်အတိုင်း မြန်မြန်ဆန်ဆန် ၀င်ရောက်လာမှာ မဟုတ်ဘူး ဆိုရင် နောက်ပိုင်းမှာ သမားရိုးကျ လူသုံးကုန်တွေကြားမှာ ကျန်နေခဲ့လိမ့်မယ် လို့ ဆိုထားပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com