3/15/2017

♪ Facebook ကြောင့် လူတွေ လိင်ဆက်ဆံမှု နည်းပါးလာ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/married-couples-how-much-sex-f1N.jpg?fit=800%2C450&ssl=1

Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ တီဗီကြည့်ခြင်းတို့ကြောင့် လူတွေ လိင်ဆက်ဆံမှု နည်းပါးလာတယ်လို့ သုတေသန စစ်တမ်းတစ်ခုက ဖော်ပြနေပါတယ်။ Archives of Sexual Behavior ဂျာနယ်က စစ်တမ်းကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဂျာနယ်က ၁၉၉၀ ခုနှစ်များမှာ အမေရိကန်လူမျိုးတွေဟာ တစ်နှစ်လျှင် အကြိမ်ပေါင်း ၆၀ ကနေ ၆၅ အထိ လိင်ဆက်ဆံကြ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်ရောက်တဲ့အခါမှာ အမေရိကန် လူမျိုးတွေဟာ တစ်နှစ်လျှင် ၅၃ ကြိမ်လောက်သာ လိင်ဆက်ဆံကြပါတော့တယ်။

ထူးဆန်းတာက အသက် ၇၀ နဲ့ အထက်လူကြီးတွေဟာ ၁၉၈၉ ခုနှစ်မှာထက် ၂၀၁၄ ခုနှစ်မှာ ပိုမိုလိင်ဆက်ဆံလာကြတာ ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ ခန္တာကိုယ်ရော၊ စိတ်ကိုပါ ကျန်းမာစေတယ်လို့ သုတေသနစစ်တမ်းများက ဖော်ပြထားပါတယ်။ သုတေသနပညာရှင်များက လူတွေ လိင်ဆက်ဆံမှု နည်းပါးလာရတဲ့ အကြောင်းအရင်းများမှာ လူမှုကွန်ရက်များနဲ့ အွန်လိုင်းကို အသုံးပြုမှု များပြားလာခြင်း၊ တီဗီကြည့်ခြင်း၊ အလုပ်ချိန်များလာခြင်းနဲ့ အွန်လိုင်းမှ အပြာကားများကြောင့် ဖြစ်တယ် လို့ ပြောပါတယ်။

အိမ်ထောင်သည်များရဲ့ လိင်ဆက်ဆံမှုဟာလည်း ၁၉၈၉ ခုနှစ်မှာ ၆၇ ကြိမ်ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ ၅၆ ကြိမ်သို့ ကျဆင်းသွားပါတယ်။ အသက် ၁၈ ကနေ ၂၉ နှစ်အတွင်းမှာ ရှိတဲ့ လိင်ဆက်ဆံခြင်း မရှိတဲ့ အမေရိကန်လူမျိုးများဟာ ၂၀၀၅ ခုနှစ်မှာ ၄၈ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ်မှာ ၆၄ ရာခိုင်နှုန်းသို့ တိုးတက်လာပါတယ်။



Credit To ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com