3/17/2017

♪ " ဘယ်သူနဲ့တူနေလဲ Facebook Messenger Day ? " ♫

Image may contain: phone

အခု ဒီစာကိုဖတ်နေတဲ့အချိန် (မတ်လ 10 ရက်နေ့နောက်ပိုင်း) မှာ Facebook က Messenger Day ကို သုံးစွဲသူတွေထံ မိတ်ဆက်ပြီးလောက်ပါပြီ။ သူတို့ရဲ့ကြေညာချက်အရ Facebook ရဲ့ “ Messenger Day ” ဟာ ကမ္ဘာ့နေရာတော်တော်များများက Facebook ကိုစွန့်ခွာဖို့ ကြိုးစားနေတဲ့ လူငယ်စုကို ပြန်စည်းရုံးဖို့ ဟန်ပြင်နေပုံရပါတယ်။

ဒီလို Facebook ရဲ့ Newsfeed ကို စိတ်ရှုတ်တယ်လို့ ခံစားရတဲ့လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်သွယ်ကြပါသလဲ။ ဓာတ်ပုံတစ်ပုံ၊ ပို့စ်တစ်ခု၊ ဗီဒီယိုတစ်ခုရဲ့သက်တမ်းက (24) နာရီအတွင်း သံယောဇဉ်အမျှင်အတန်း မသွယ်တန်းပပျောက်ပျက်သွားတာကို သူတို့ကြိုက်ပါတယ်။ အဲဒီအရသာကို ကနဦးမိတ်ဆက်ပေးခဲ့တာကတော့ မကြာသေးမီက အများပိုင်စတော့ရှယ်ယာ IPO တွေထုတ်ရောင်းပြီး ဘီလျံပေါင်းများစွာချမ်းသာသွားတဲ့ Snapchat ပါပဲ။


သာမန်ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကို ကြားခံ - Filter အလှဆင်ပုံတွေ၊ မှန်ဘောင်အမျိုးမျိုး - Frames တွေနဲ့ မျက်နှာဖုံးပြောင် - Masks တွေ တပ်ပေးလိုက်တဲ့နောက် အများချစ်ခင်တဲ့ မှတ်ရေးမှတ်တာရေးစရာ - Commenting များလာတဲ့ ဆက်သွယ်ရေးစနစ်ဖြစ်လာပါတယ်။ ဒါနဲ့ပဲ Snapchat ဟာ အောင်မြင်ခဲ့တယ်၊ ကြီးထွားလာခဲ့တယ်။


ဒါကို Facebook က သူဝယ်ယူထားတဲ့ Instagram ရဲ့ Instagram Stories နဲ့လိုက်မီဖို့ ကြိုးစားခဲ့တဲ့အပြင် အခုနောက်ဆုံး Messenger Day နဲ့ ထပ်မံပြိုင်ဆိုင်လိုက်တာဖြစ်ပါတယ်။ Messenger မှာ သူငယ်ချင်းတစ်ယောက်ကို ဓာတ်ပုံတစ်ပုံကိုပို့ပြီးတဲ့အခါ အမြဲမပြတ်ဒေတာတွေလည်ပတ်နေတဲ့ Facebook ရဲ့ Data Center မှာ သိမ်းထားပါတယ်။ ဒါကို အခုထွက်ပေါ်လာမယ့် “ Add to your day ” ဆောင်ရွက်ချက်ပါလာတဲ့ “ Messenger Day ” မှာ (24) နာရီနောက်ပိုင်း Messenger ထဲမှာ မသိမ်းထားတော့ပဲ ဖျက်သွားပေးပါလိမ့်မယ်။


Facebook ကို တမ်းတမ်းစွဲသုံးစွဲနေသူတွေအတွက် ဒီကိစ္စဟာ ရင်ခုန်စရာတစ်ခုပါ။ သူတို့ရဲ့ Update မှာ ထည့်သွင်းလာတဲ့အခါ မြန်မာလူထုနဲ့ အသုံးတည့်မတည့်ဆိုတာကိုတော့ စည်းဝိုင်းအတွင်းမှာ စောင့်ကြည့် ကြပါစို့လို့သာ . . ။

ကိုညီညီ (တောင်ကြီး)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com