သင့်ရဲ့ Android Device မှာ အင်တာနက်တွင် ရှာဖွေမှုများအတွက် Google
Search ကို အသုံးပြုကြသူများအတွက် နည်းလမ်းများစွာ ရှိပါတယ်။ Android
Device ရဲ့ Home Screen မှ Google Search Bar ကနေ အင်တာနက်မှာ
ရှာဖွေနိုင်သလို Google Now or Google Assistant ဒစ်ဂျစ်တယ်
ကိုယ်ရေးလက်ထောက်များကို အသံအမိန့်များဖြင့် ရှာဖွေခိုင်းနိုင်ပါတယ်။
Google Chrome ဘရောက်စာကနေလည်း ရှာဖွေမှုများ ပြုလုပ်နိုင်ပါတယ်။ Google Now
on Tap ကလည်း သင်သိချင်တာတွေကို ရှာဖွေပေးမှာပါ။ Google ရဲ့ Gboard
Keyboard App ကနေလည်း ရှာဖွေမှုများကို ပြုလုပ်နိုင်ပါတယ်။ ဒီ Tutorial
မှာတော့ Android Device များကနေ Google Search ကို
အသုံးပြုနိုင်မယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
OK, Google

Google က Google Now ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို အဆင့်မြှင့်ထားတဲ့ Google Assistant ကို Android Devices များအတွက် ထည့်သွင်းပေးနေပါတယ်။ Google Now or Google Assistant ကို အသံအမိန့်များဖြင့် အင်တာနက်မှာ ရှာဖွေမှုများပြုလုပ်ခိုင်းနိုင်ပါတယ်။ Google Settings App > Settings> Voice ထဲသွားပြီး OK Google Detection မှာ Enable လုပ်ပေးပါ။ ပြီးရင်တော့ သင့်ပါးစပ်ကနေ OK Google လို့ ပြောလိုက်တာနဲ့ Google Now or Google Assistant ကို ဆင့်ခေါ်နိုင်ပါပြီ။ အဲဒီနောက်မှာတော့ OK Google လို့ ပြောပြီး သင် အင်တာနက်မှာ ရှာဖွေချင်တာများကို ပါးစပ်ကပြောပြီး ရှာဖွေနိုင်ပါပြီ။
Google Bar

Android Device များရဲ့ Home Screen မှာ Google Search Bar ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ Google Search Bar ကနေ အင်တာနက်မှာ ရှာဖွေမှုများ ပြုလုပ်နိုင်သလို သင့်ဖုန်းမှ Messenger , Apps , Email နဲ့ အခြား သတင်းအချက်အလက်များကိုလည်း ရှာဖွေနိုင်ပါတယ်။ Google> Settings> In-Apps ထဲမှာ Google Search Bar ကနေ ရှာဖွေချင်တဲ့ Apps များကို သတ်မှတ်နိုင်ပါတယ်။
Google Chrome

Google Chrome ရဲ့ Omnibox ကနေလည်း အင်တာနက်မှာ ရှာဖွေမှုများ ပြုလုပ်နိုင်ပါတယ်။ Omnibox လို့ ခေါ်တဲ့ Address Bar ကနေ ၀က်ဆိုက်များထံ သွားရောက်နိုင်သလို အင်တာနက်မှာ ရှာဖွေမှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။
Google Now on Tap

Google Now on Tap လို့ ခေါ်တဲ့ Google ရဲ့ Andorid Device များမှာ ထည့်သွင်းပေးထားတဲ့ စွမ်းဆောင်ချက်ကလည်း အင်တာနက်မှာ ရှာဖွေမှုများကို ပြုလုပ်ပေးနိုင်ပါတယ်။ App တစ်ခုကို သုံးနေရင်းကနေ ရှာဖွေမှုများ ပြုလုပ်ချင်ရင် Home Button ကိုဖိထားရမှာ ဖြစ်ပါတယ်။ သူက လက်ရှိ သုံးနေတဲ့ စကရင်မှ အရာများကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။
Gboard

Google က သူ့ရဲ့ Gboard Keyboard App မှာလည်း Google Search စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ကီးဘုတ်မှာ Google Search Button တစ်ခုကို ထည့်သွင်းပေးထားပြီး အဲဒီ ခလုတ်ကို နှိပ်၍ အင်တာနက်မှာ ရှာဖွေမှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

www.pyaephyo.com