3/17/2017

♪ 4GB RAM ပါတဲ့ Xiaomi Redmi Note 4 ကို ရောင်းမည် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/xiaomi_redmi_note_4_colours_1486045785689.jpg?fit=800%2C450&ssl=1

ရှောင်မီရဲ့ Redmi Series များဟာ တန်ဖိုးနည်း စမတ်ဖုန်းဈေးကွက်မှာ လူကြိုက်များ ရေပန်းစားပါတယ်။ သူထုတ်လုပ်ရောင်းချထားတဲ့ Redmi Note 4 ဟာလည်း ရောင်းအားကောင်းနေပါတယ်။ အဲဒီ စမတ်ဖုန်းမှာ RAM ပမာဏအများဆုံး အနေဖြင့် 3GB Model ကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ ရှောင်မီက 4GB RAM , 64GB Internal Storage ထည့်သွင်းထားတဲ့ အထူးထုတ် မော်ဒယ်ကို အွန်လိုင်းကနေ ရောင်းချပေးလိုက်ပါပြီ။

အထူးထုတ် မော်ဒယ်ရဲ့ အခြား Specifications များဟာ ယခင်မော်ဒယ်များနဲ့ တူညီပါတယ်။ Redmi Note 4 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 2.1GHz Helio X20 CPU မောင်းနှင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ 4100mAh Battery က အလွန် အသုံးခံပါတယ်။ Dual-SIM Slots များ တပ်ဆင်ထားပါတယ်။

Xiaomi ရဲ့ အွန်လိုင်းစတိုးနဲ့ JD.com ကနေ တရုတ်ယွမ် ၁၃၉၉ ( ဒေါ်လာ ၂၀၀) ဖြင့် ရောင်းချပေး လိုက်ပါပြီ။ အပြာနဲ့ အနက်ရောင်များ ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com