11/07/2016

♪ " သတင်းဖတ်ရှုခြင်းတွေအပြင် ဂိမ်းကစားခြင်းတွေပါ ပြုလုပ်နိုင်မည့် ZeeKwat Mobile Application " ♫


သတင်းဖတ်ရှုခြင်းတွေအပြင် ဂိမ်းကစားခြင်းတွေပါ ပြုလုပ်နိုင်မည့် ZeeKwat Mobile Application ကို (၂၀၁၆) ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပြီး ယခုအခါ အသုံးပြုသူပေါင်း သောင်းဂဏန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Application တွင် ပြည်တွင်း၊ ပြည်ပသတင်းအစုံအလင်၊ အားကစားသတင်းများ၊ အိမ်၊ခြံ၊မြေနှင့်ကား အရောင်းအ၀ယ်ဈေးနှုန်း များကို သိရှိနိုင်ပြီး ရွှေဈေး၊ ငွေဈေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ ZeeKwat Mobile Application မှတာဝန်ရှိသူတစ်ဦးက “ ဒီ App ရဲ့ ထူးခြားချက်ကတော့ Point စနစ် ပဲဖြစ်ပါတယ်။ အသုံးပြုလိုရင် Facebook Accoun (သို့) Gmail နဲ့ Login ၀င်နိုင်မှာပါ။

 နေ့စဉ် App သို့ တစ်ကြိမ်ဝင်ရင် Point တွေရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကြော်ငြာတွေကြည့်ခြင်းဖြင့်လည်း Point တွေရရှိပါလိမ့်မယ်။ ရရှိလာတဲ့ Point တွေကနေပြီးတော့ Coupon များလဲလှယ်ကာ လက် ဆောင်တွေနဲ့ Discount တွေရရှိနိုင်မှာဖြစ်ပါတယ်။ Point တွေနဲ့လည်း ဂိမ်းတွေကစားလို့ရပါတယ်။

Point ကုန်သွားတဲ့အခါမှာလည်း ထပ်လိုချင်ရင် Point Gift Card တွေအလွယ်တကူဝယ်ယူနိုင်ပါလိမ့်မယ် " ဟု ပြောသည်။ ထို့အပြင် ZeeKwat App တွင် လုပ်ငန်းရှင်များအနေဖြင့်လည်း ကြော်ငြာများ နှင့် မိမိတို့၏ Promotion အစီအစဉ်တွေကိုပါ ထည့်သွင်းဖော်ပြနိုင်မှာဖြစ်ကြောင်း သိရှိရသည်။


Download




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com