11/08/2016

♪ “Xiaomi Mi Mix” ♫


Xiaomi ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်းဆန်းလေးနဲ့တီထွင်ဆန်းသစ်ထားတဲ့ Xiaomi Mi Mix ဟာဆိုရင် မျက်နှာပြင် ကျယ်ကျယ်ပေါ်မှာ အရည်အသွေးပြည့်ဝတဲ့ Full HD မြင်ကွင်းတွေကိုထောက်ပံ့ပေးနိုင်ပါတယ်။ ၎င်းရဲ့ဒီဇိုင်းလေးကအလွန် ထူးခြားပြီး အပေါ်ဘက်ဘောင်ကိုဖျောက်ထားတာကြောင့် ကြီးမားကျယ်ပြန့် တဲ့မျက်နှာပြင်ကထင်ရှားနေပါတယ်။

GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM Card 2 Card ကို တစ်ပြိုင်နက်တည်းထည့်သုံး နိုင်ပါတယ်။ 6.4 inch ရှိတဲ့ မျက်နှာပြင်ကျယ်ကြီးကို IPS LCD capacitive touchscreen နဲ့ ပြုလုပ်ပေးထားပြီး 1080x2090 pixels ရှိတဲ့ မြင်ကွင်း စွမ်းအား ကိုပေးစွမ်းနိုင်ပါတယ်။ 1” အတိုင်းအတာအရဆိုရင်တော့ 362ppi pixels သိပ်သည်းဆပမာဏကိုရရှိနိုင်မှာပါ။

အနောက်ကင်မရာ ကြီးက 16MP resolution ရှိပြီး 30fps မှာ 2160p အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူး ပေးနိုင်သလို 5MP ရှိတဲ့ အရှေ့ ကင်မရာကလည်း Selfie ဓာတ်ပုံတွေကို ရိုက်နိုင်ပါတယ်။ Data သိမ်းဆည်းဖို့အတွက် Internal Memory 128GB နဲ့ 256GB ပါရှိတဲ့ Version 2 မျိုးကိုထုတ်လုပ်ပေးထားပါတယ်။ လုံလောက်တဲ့ Memory စွမ်းအားကိုတစ်ခါ တည်းထောက်ပံ့ပေးထားတဲ့ အတွက် Micro SD Card ကို ထပ်စိုက်ဖို့ နေရာမပေးထားတော့ပါဘူး။

RAM ကလည်း 4GB နဲ့ 6GB အသီးသီးပါရှိပါတယ်။ အတွင်းမှာထည့်သွင်းအသုံးပြုထားတဲ့ Chipset က Qualcomm MSM8996 Snapdragon 821 ဖြစ်ပြီး Adreno 530 ဆိုတဲ့ Graphic Card ကို ပံ့ပိုးပေးထားတာတွေ့ရပါတယ်။ ဘက်ထရီစွမ်းအားပိုင်း အနေနဲ့သုံးထားတဲ့ ဘက်ထရီအမျိုးအစားကတော့ Non- removable Li-Ion 4400mAh ပဲ ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
CPU - Quad-core (2x2.35 GHz Kryo & 2x1.6 GHz Kryo) Memory - 128GB, 256GB
OS - Android OS, v6.0 (Marshmallow)
Bluetooth - v4.2, A2DP, LE
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com