11/06/2016

♪ iPhone လောက် လုံခြုံရေးပိုင်းမှာ ကောင်းမွန်တဲ့ Pixel ♫

http://www.makersofweb.com/wp-content/uploads/2016/10/Google-Pixel-vs-Apple-iPhone-7.jpg

Android အတွက် Google ရဲ့ လုံခြုံရေးဒါရိုက်တာဖြစ်သူ Android က Google Pixel နဲ့ Apple iPhone ဟာ လုံခြုံရေးနဲ့ ပတ်သတ်လို့ ထောက်ပံ့ပေးနိုင်တာခြင်း အတူတူဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အင်္ဂါနေ့က တွေ့ဆုံပွဲမှာ Ludwig က အနာဂတ်မှာ Apple iOS လုံခြုံတာထက် Android ရဲ့ open ecosystem ကပိုမိုလုံခြုံလာလိမ့်မယ်လို့ Motherboard ကို ပြောကြားခဲ့ပါတယ်။

သမိုင်းကြောင်းအရ iPhone ဟာ လုံခြုံမှုအပိုင်းမှာ အသာစီးရထားပါတယ်။ ဒါပေမယ့်လည်း Android နဲ့ iOS မတူကွဲပြားတဲ့ လုံခြုံရေးစနစ်တွေ ကွာဟမှုကြောင့်လည်း ဖြစ်ပါတယ်။ Ludwig က Android ဖုန်းတွေမှာ အန္တရာယ်ရှိတဲ့ application တွေ install နိုင်ချေနှုန်းဟာ ၁ ရာခိုင်နှုန်းထက်နည်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် fragmentation between Android systems ကိုတော့ အသိအမှတ်ပြုပြီး ခြားနားနေတဲ့ လုံခြုံမှုစနစ်တွေက နှောင့်နှေးနေစေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့မှာ ecosystem တစ်ခုလုံးမှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေကို သိရဖို့အတွက် လုပ်စရာအလုပ်တွေ ရှိနေပါသေးတယ် ” လို့ ထုတ်လုပ်သူတွေ security updates ဘယ်လိုလုပ်ရသလဲဆိုတာကို ပြောပြပါတယ်။

ဘာဖြစ်လို့ Android ရဲ့ open ecosystem က လုံခြုံရေးအပိုင်းမှာ ရေရှည်မှာ ပိုပြီးသာသွားမယ်လို့ Ludwig က ယုံကြည်နေသလဲဆိုတာတော့ မသိရသေးပါဘူး။ ဒါဟာ open source software ဖြစ်တဲ့အတွက် လုံခြုံရေးအားနည်းချက်တွေကို ရှုထောင့်ပေါင်းစုံကနေ ထောက်ပြနိုင်တဲ့အတွက်ကြောင့် ယုံကြည်တာဖြစ်နိုင်ပါတယ်။(ထုတ်လုပ်သူ ရာပေါင်းများစွာက ကုတ်ကို အသေးစိတ်စစ်ဆေးတာနဲ့ တစ်ဦးတည်းက စစ်ဆေးတာ မတူနိုင်လို့ပါပဲ)

Android အပေါ်မှာ မဖြစ်နိုင်ဘူးလို့ ပြောတဲ့ လူများစွာကို သူဟာ Android ecosystem မှာ ရနိုင်တဲ့ဟာတွေကို မြင်ဖို့ မျှော်လင့်ထားတယ်လို့ Ludwig က ဖော်ပြခဲ့ပါတယ်။


Aung Phyo Oo (Myanmar Mobile App)





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com