Pokemon Go ဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာလည်း Pokemon Go ကို ရူးရူးမူးမူး ကစားနေကြပါတယ်။ စီးပွားရေးလုပ်ငန်းများက Pokemon Go ကို အမှီပြုပြီး ၀င်ငွေ ရှာဖွေနေကြရတဲ့ အထိတောင် အောင်မြင်နေပါတယ်။ Pokemon Go ဟာ အခြား ဂိမ်းများလို မဟုတ်ဘဲ နေအိမ်ပြင်ပမှာ သွားရောက် ကစားရတဲ့ အတွက် ထူးခြားတဲ့ အတွေ့အကြုံကို ဖန်တီးပေးပါတယ်။ အဲဒါကြောင့်လည်း ကစားသူများက စွဲလမ်းခုံမင်ကြတာ ဖြစ်နိုင်ပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍမှာတော့ Pokemon Go မှာ လူတွေ သိပ်မသိတဲ့ လျှို့ဝှက်စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အနီးအနားမှ ပိုကီမွန်ကို လျှင်မြန်စွာ ရှာဖွေပါ။
စကရင်ရဲ့ ညာဘက်အောက်ခြေမှ အဖြူရောင် လေးထောင့်ဘားကို နှိပ်ခြင်းဖြင့် အနီးအနားမှ ပိုကီမွန်ကို တွေ့နိုင်ပါတယ်။ ၀င်းဒိုးတစ်ခုပေါ်လာမှာ ဖြစ်ပြီး အနီးအနားမှ ပိုကီမွန်ကို ပြသပေးမှာပါ။ ပိုကီမွန်ကို တစ်ချက်နှိပ်ရင် စကရင်ရဲ့ ညာဘက်အောက်ခြေမှာ အဲဒီပိုကီမွန်ကို အဖြူရောင်ဘားဖြင့် ပြသပေးမှာပါ။

အဲဒီ ပိုကီမွန်ရှိရာသို့ လမ်းလျှောက်သွားရင် အဖြူရောင်ဘားနားမှာ အစိမ်းရောင် လေးထောင့် အိုင်ကွန်လေးကို တွေ့ရမှာပါ။ ဒါဆိုရင်တော့ သင် ရွေးချယ်တဲ့ လမ်းကြောင်းဟာ မှန်ကန်နေပါပြီ။ အဲဒီလမ်းအတိုင်းဆက်သွားပါ။ ပိုကီမွန် အိုင်ကွန်ရဲ့ ဘေးမှာ ခြေရာလေးတွေကိုလည်း တွေ့နိုင်ပါတယ်။ တစ်ခုတွေ့ရင် သင်ဟာ ပိုကီမွန်နဲ့ နီးကပ်နေပါပြီ။ သုံးခုဆိုရင်တော့ ဝေးပါသေးတယ်။

pokemon-go

၂။ ကားပေါ်ကနေ ကစားပါ။
Poke Stop များမှာ Poke Balls နဲ့ အခြား Items များကို ရယူနိုင်ပါတယ်။ ကားစီးနေရင်းကနေ Poke Stop ထဲ ၀င်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ Poke Stop နား ရောက်ခါနီးရင် အသင့်ပြင်ထားပြီး လျှင်မြန်စွာ Poke Stop ထဲ ၀င်လို့ရပါတယ်။

၃။ Lucky Eggs များကို အသုံးချပါ။
Lucky Eggs များဟာ မိနစ် ၃၀ ကြာ သင့် XP ကို ၂ ဆ မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒါကို Incense နဲ့ တွဲသုံးရင် မိနစ် ၃၀ ကြာ ပိုကီမွန်များ သင့်အနားမှာ ပေါ်လာမှာပါ။ အဲဒီအတွက် XP များစွာ ရရှိနိုင်ပါတယ်။
၎။ Items အားလုံးကို အလိုအလျှောက် ရယူပါ။

ဒီနည်းက အချိန်ကုန်သက်သာစေပါတယ်။ Poke Stops များမှာ Items အားလုံးကို ရယူဖို့ Bubble တစ်ခုချင်းစီကို ထိဖို့ မလိုပါဘူး။ X Button ကို နှိပ်လိုက်တာနဲ့ အားလုံးကို သင်ရရှိပါပြီ။

4

၅။ အားလုံးကို ဖမ်းပါ။
သင် ဖမ်းပြီးသား အကောင်ဖြစ်ရင်တောင် တွေ့သမျှ ပိုကီမွန်တိုင်းကို ဖမ်းပါ။ Evolution Candy များ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ပိုကီမွန်များကို Professor Willow ထံ ပို့ပေးရင် Candy များ ထပ်မံရရှိမှာပါ။
၆။ Candy များကို ပိုကီမွန် တစ်ကောင်အတွက်သာ သုံးပါ။

Pokemon ကို Evolve လုပ်ဖို့ Candy ကို သုံးရပါတယ်။ သင့်အကောင်ရဲ့ စွမ်းရည်ကို မြှင့်တင်ချင်ရင် သင့် တည်နေရာ အနီးအနားမှာတွေ့လေ့ရှိတဲ့ အကောင်တစ်ကောင်ကိုသာ Upgrade လုပ်ပါ။ အဲဒီအတွက် မျိုးစိတ်တူ အကောင်ရဲ့ Candy များကို ရှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် သင့်အကောင်ဟာ စွမ်းရည်အလွန်မြင့်မားနေပြီး Gyms များမှာ အနိုင်ရနိုင်ပါတယ်။

၇။ ဘက်ထရီ ချွေတာပါ။
Pokemon Go ဟာ ဘက်ထရီ အလွန် ကုန်စေပါတယ်။ Internet , GPS , Camera များကို သုံးနေရသလို စကရင်ကိုလည်း အမြဲတမ်းဖွင့်ထားရလို့ ဖြစ်ပါတယ်။ Poke Ball ကို နှိပ်ပြီး Settings ထဲသွားပါ။ Battery Saver ကို Enable လုပ်ပါ။

Vibration ကို Off လုပ်ပေးရင်လည်း ဘက်ထရီ သက်သာစေပါတယ်။ Notification Bar ကနေ Screen Brightnness ကို လျှော့ချပေးရင်လည်း ဘက်ထရီ သက်သာစေမှာပါ။

7