9/23/2016

Snapdragon 625 SoC နှင့် ၅.၅ လက်မ full HD display ပါဝင်သည့် Samsung Galaxy On7

 

Samsung Galaxy On7 ၂၀၁၆ ဗားရှင်းသည် ကုမ္ပဏီ၏ တရုတ်ဝက်ဘ်ဆိုက်တွင် တရားဝင်ထွက်ပေါ်လာခဲ့သည်။

အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ Galaxy On7 တွင် octa-core 2GHz processor (Snapdragon 625 SoC) နှင့် ၅.၅ လက်မ full HD TFT display ကို အသုံးပြုထားကြောင်း သိရသည်။ RAM က 3GB ဖြစ်ပြီး internal memory က 32GB ဖြစ်ကာ microSD card မှတစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်သည်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။



အရွယ်အစားမှာ ၁၅၁.၇ x ၇၅ x ၈ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၇ ဂရမ်ဖြစ်သည်။ Android Marshmallow ကို အသုံးပြုထားပြီး ဘက်ထရီက 3,300mAh ဖြစ်ကာ လျင်မြန်စွာအားသွင်းနိုင်သည့်စနစ် ထောက်ပံ့ပေးထားသည်။ Home ခလုတ်တွင် fingerprint sensor ပါဝင်ပြီး ရွှေရောင်၊ ပန်းရောင်နှင့် အနက်ရောင်များဖြင့် ရရှိနိုင်သည်။
တန်ဖိုးမှာ ၁,၅၉၉ ယွမ် (၂၄၀ ဒေါ်လာ) ဖြစ်သည်။




Ref: GSMArena
Credit Internet Journal
သီဟထိုက်(ဆွေသဟာMobile)






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com