9/23/2016

♪ ဈေးနှုန်းချိုသာသောစမတ်ဖုန်း - “Vital V1” (62,000.00 Ks) ♫


Vital တံဆိပ်မှ စမတ်ဖုန်းများစွာကိုထုတ်လုပ်ရောင်းချပေးထားပြီးဈေးနှုန်း တန်ဖိုး မှာလည်းသင့်တင့် မျှတပါတယ်။ အချို့သောဖုန်းများကိုစွမ်းရည်ပိုင်း အပြောင်းအလဲပြုလုပ်၍ ထုတ်လုပ်ပေးထားပါတယ်။ လူတန်းစားမျိုးစုံ ကိုင်ဆောင် အသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ V1ရဲ့ ပုံပန်း သဏ္ဌာန်သည် လေးထောင့်ကျသောအသွင်ဒီဇိုင်းရှိပြီးကိုင်ဆောင် အသုံးပြုတဲ့ အခါတွင် စတိုင်ကျလှပမှုကိုရရှိစေပါလိမ့်မယ်။

မျက်နှာပြင် အကျယ်အ၀န်း သင့်တင့်မျှတသောဖုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာ ပြင်သည် 4.5 inches အကျယ်အ၀န်း ရှိပါတယ်။ ကြည်လင်တောက်ပသောပုံရိပ်များကို ပေးစွမ်း နိုင်စေဖို့အတွက် မြင်ကွင်း စွမ်းရည်တွင် 850 × 480 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် ကင်မရာနှစ်မျိုး နှစ်စားတပ်ဆင် ပေးထားပါတယ်။

အဓိကကင်မရာသည် 5 MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ရှိပါတယ်။ ဆင်းကတ်များစွာ သုံးစွဲနေ သည့်သူများအတွက်လည်းအဆင်ပြေစေမယ့်ဖုန်းပါ။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော ဖုန်းအမျိုးအစားဖြစ်ခြင်းကြောင့်ပါ။

2G, 3G Network အထောက်အပံ့ပေးပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် ROM ကို4GB ထည့်သွင်းပေးထားပြီးRAMကို512MB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။ Smart Wake စနစ်ကိုအသုံးပြုနိုင်အောင် ဆောင်ရွက် ပေးထားပါတယ်။ ထည့်သွင်းပေးထားသောCPU ရဲ့ စွမ်းရည်သည် Quad Core 1.3 GHz ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါမှာလျင်မြန်သော တုံ့ပြန်မှုများကိုပေးစွမ်းပါလိမ့်မယ်။ အသုံးပြုနိုင်မယ့် Android Version ကတော့ Lollipop ဖြစ်ပါတယ်။

အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့ 1600 mAhဖြစ်ပါတယ်။ Official Myanmar Font ပါရှိခြင်းကြောင့် လည်း ၀ယ်ယူသုံးစွဲသူများအတွက် အဆင်ပြေစေပါလိမ့်မယ်။ V1 အတွက် အာမခံသက်တမ်းကိုတစ်နှစ်ပေးထားပါတယ်။

<Specification>
Network - GSM/ WCDMA
Memory - 4 GB
CPU - Quad Core 1.3GHz
Camera - 5MP
Screen - 4.5 inches
OS - Android OS, v5.1
Contact - 09-970333884
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com