MSI ၏ နောက်ဆုံးလက်ရှိမှာ ခေတ်စားနေတဲ့ VR ready support လုပ်တဲ့ GE62VR 6RF Apache Pro Gaming Laptop ဟာ နောက်ဆုံးအသစ်ထွက်ရှိလာတဲ့ 10series Graphic ဖြစ်တဲ့ GTX 1060M 6G GPU နှင့် Skylake 6th Gen CPU core i7  ကို တပ်ဆင်အသုံးပြုထားသောကြောင့် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပိုမိုရရှိစေမှာဖြစ်ပါတယ်။ Memory ကို   နောက်ဆုံး ထွက်ရှိတဲ့ DDR4 16GB  (2*8GB) * 2133 MHz တပ်ဆင်ထားပြီး  Slot 2 ခု ပါဝင်သောကြောင့် 32GB အထိ အမြင့်ဆုံးတပ်ဆင်နိုင်မှာဖြစ်ပါတယ်။

Graphic အနေဖြင့် VR ready support လုပ်တဲ့ nVidia Geforce GTX 1060M , 6GB GDDR5  အမျိုးအစားကို အသုံးပြုထားသောကြောင့် Gaming Performance ကို စွမ်းဆောင်ရည်အမြင့်ဆုံးရရှိနိုင်ပါတယ်။ 1TB HDD (7200 rpm)  ပါဝင်သည့်အပြင် Super RAID support လုပ်တဲ့ 128MB SSD SATA HDD ပါ ပါရှိသောကြောင့် Data သိုလှောင်မှုအပိုင်းမှာလည်း ပြောစရာမရှိလောက်အောင် လုံလောက်စေမှာ ဖြစ်ပါတယ်။ Anti-glare (Wide-viewing angle) ဖြစ်တဲ့ 15.6” LED Display က အကောင်းဆုံးပုံထွက်တွေကို ပေးစွမ်းမှာဖြစ်ပြီး Full HD ကို Resolution (1920 x 1080) ဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

GameSense ရရှိတဲ့ Steelseries Engine 3 အမျိုးအစားနှင့် LED Backlight Full Color Keyboard ကို အသုံးပြုထားသောကြောင့် အလင်းရောင်အားနည်းတဲ့နေရာတွင်ဖြစ်စေ၊ အမှောင်ထဲမှာ ဖြစ်စေ ပိုမိုပေါ်လွင်စေပြီး အသုံးပြုသူများအတွက် လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။

“SHIFT “ Feature ဟာ Gaming Notebook ၏ performance  နဲ့ temperature အတွင်းရှိ စနစ် ထိန်းညှိမှုကို လုံးဝထိန်းချုပ်ပေးနိုင်ပါတယ်။

ထို့အပြင် 9.5mm Super Multi DVD Drive ၊ Killer E2400 Gigabit Ethernet LAN , WLAN ၊ HD Webcam, Bluetooth 4.0 version ၊ HDMI, Display  port, USB 3.1 (Data Transfer မှာ ၂ဆပိုမြန်ခြင်း) , Mini Display Port , eSATA တို့ပါဝင်ပါတယ်။ Battery အားဖြင့် 6cells ဖြစ် သော်လည်း အခြား Model များထက် 46 % ပိုပြီး ကြာရှည်အသုံးခံနိုင်သော ဒီဇိုင်းနှင့် ပြုလုပ်ထားပါတယ်။

MSI ၏ Gaming Feature တွေဖြစ်တဲ့ 4K output ထောက်ပံ့ပေးတဲ့ Matrix Display system  (လုပ်ဆောင်ချက် ၂ မျိုးကို Monitor Display ၂ ခုပေါ်မှာ တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ စနစ်) ၊အအေးပေးစနစ်ကို ပိုကောင်းအောင်ပြုလုပ်ထားတဲ့ နောက်ဆုံးအသစ် ပြုလုပ်ထားတဲ့ Cooler Boost 4 နည်းပညာ ၊ အသံစနစ်တွင် အသံ၏ အသေးစိတ် ကြည်လင်ပြတ်သားမှု နှင့် Surround Sound  system တွေကို အပြည့်အ၀ ခံစားနိုင်မည့် Audio Boost 2 နှင့် Sound Blaster Cinema System ၊ Nahimic 2 Sound Technology တွေ အပြင် Online ပေါ်က HD Video ၊  High Quality Audio တွေ နဲ့ Online Game တွေကို အထစ်အငေါ့မရှိပဲ အသုံးပြုနိုင်မယ့် Killer E2400 Gigabit Ethernet LAN နှင့် Xsplit Gamecaster နည်းပညာ တွေ ပါဝင်တာကြောင့် Game ၀ါသနာပါသူများအတွက်သာမက စွမ်းဆောင်ရည်အမြင့်ဆုံးကို ကြိုက်နှစ်သက်ပြီး အသုံးပြုလိုသူများအတွက်ပါ လုံးဝအဆင်ပြေစေမှာဖြစ်ပါတယ်။

 ထို့အပြင် VR Ready Level Enthusiast ,  X-Boost ,WT Fast , SSE3 , Game Sense ,Silver Lining Print , True Color Technology  နည်းပညာ တွေ ပါဝင်သောကြောင့် နောက်ဆုံးနည်းပညာ VR Experience နှင့် highest end game အမျိုးအစားများကိုပါ အသုံးပြုကစားနိုင်တဲ့ MSI GE62VR 6RF Apache Pro Gaming Laptop ဖြစ်ပါတယ်။
Price – USD 1550
Ph: 01-240110, 09-73020981