9/09/2016

♪ Brazzers ဖိုရမ်ဟက်ခံရမှုကြောင့် အကောင့်ပေါင်းရှစ်သိန်းကျော်ရဲ့ အချက်အလက်တွေ ပေါက်ကြား ♫


နာမည်ကျော်အပြာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Brazzers ဖိုရမ် ဟက်ခံရမှုကြောင့် အကောင့်ပေါင်းရှစ်သိန်းကျော်ရဲ့ username နဲ့ password တွေ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။

Brazzers အဓိကဆိုက်ကြီးက ပေါက်တာမဟုတ်ပေမယ့်၊ ဖိုရမ်ဆိုက်နဲ့ အဓိကဆိုက်နှစ်ခုကြားမှာ အကောင့်တွေကို ချိတ်ဆက်ထားတာကြောင့်၊ ဖိုရမ်မသုံးတဲ့ Brazzers အကောင့်တွေလည်း ဟက်ခံရတဲ့ထဲ ပါဝင်သွားခဲ့တယ်လို့ လုံခြုံရေးချိုးဖောက်မှုစောင့်ကြည့်ရေးဆိုက်တစ်ခုဖြစ်တဲ့ Vigilante.pw က ဖွင့်ဟခဲ့ပါတယ်။

ယခုဟက်ခံရတဲ့ထဲမှာ အကောင့်စုစုပေါင်း ၉၀၀၀၀၀ ကျော်ပါဝင်တာဖြစ်ပြီး၊ inactive အကောင့်တွေနဲ့ duplicate အကောင့်တွေဖယ်ရင် အကောင့်ပေါင်း ၇၉၀၇၂၄ ခုရဲ့ အီးမေးလိပ်စာ၊ username နဲ့ password တွေ ပါဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။

Brazzers ရဲ့ လူထုဆက်ဆံရေးမန်နေဂျာ Matt Stevens က အဆိုပါဒေတာပေါက်ကြားမှုဟာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး၊  ‘vBulletin’ ဆိုတဲ့ third party ဆော့ဖ်ဝဲအားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

Brazzers forum ဟာ Brazzers ဆိုက်က အပြာကားတွေအကြောင်း အသုံးပြုသူအချင်းချင်း ဆွေးနွေး တဲ့နေရာဖြစ်ပြီး၊ သူတို့ကြည့်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံတွေကိုလည်း တောင်းဆိုတဲ့နေရာဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းစီအလိုက် စိတ်ကူးယဉ်ထားတဲ့ ဇာတ်လမ်းအကြောင်းအရာတွေနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ ပါနေတဲ့ ဖိုရမ်အကောင့် ပေါက်တာက သာမန်ညစ်ညမ်းဆိုက် အကောင့်တစ်ခု ပေါက်တာထက် ပိုဆိုးတယ်လို့ Hunt က ထပ်လောင်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ Brazzers forum ဆိုက်ဟာ ပြုပြင်နေဆဲအဆင့်မှာပဲ ရှိသေးတာကို တွေ့ရပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com