9/23/2016

♪ ရှမ်းကိုးမီးကစားရင်း ရွှေပြားရယူနိုင် ♫


ဂိမ်းကုမ္မဏီတစ်ခုဖြစ်သော MyPlay ၏ Shan Koe Mee world ဂိမ်းဆော့ကစာရင်း ရွှေပြားနှင့် အခြား ဆုတံဆိပ်များ ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
.
Boss Fight ခေါင်းစဉ်ဖြင့် မော်ဒယ် လုလုအောင်အား ဂီမ်းဇာတ်ကောင်အဖြစ ဖန်တီးပေးထားသည်။ ထိုဂီမ်းဇာတ်ကောင်အား easy ၊ normal ၊ insane level များကို အနိုင်ရအောင် ယှဉ်ပြိုင်ရမည်။ Boss Fight ပြိုင်ပွဲ တွင် ပထမဆုရသူအား ရွှေပြား ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဒုတိယ မှ ဒဿမ အထိ(၉)ဦးအား Telenor Topup ဘေလ် ၃၀၀၀ မှ ၁၀၀၀၀ အထိဆုချီးမြှင့်သွားမည်ဖြစ်သည်။
.
ပြိုင်ပွဲကာလအတွင်း ရမှတ်အများဆုံးသူ (၁၀)ယောက်အား ဆုချီးမြှင့်မည့် အစီအစဉ်များလည်းပါဝင်သည်။ Shan Koe Mee world ဂီမ်းသည် Google Play ဂီမ်း ကဏ္ဍတွင် စတင်ထုတ်လုပ်သည့် နိုဝင်ဘာ ၂၀၁၅ မှစတင်၍ လူကြိုက်အများဆုံး နံပါတ်တစ်ဂီမ်း အဖြစ် ရပ်တည်နေကြောင်းလည်းသိရသည်။
.
ပြိုင်ပွဲအနိုင်ရလဒ်အား Shan Koe Mee World facebook page မှတဆင့်ကြေငြာသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား ဖုန်းနံပါတ် ၀၉-၇၉၉၈၂၉၄၆၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း Marketing Manager ကိုစိုင်းပြည့်ဖြိုးဟန်မှပြောကြားသွားခဲ့သည်။
.
ပြိုင်ပွဲကာလမှာ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်အထိ တစ်ပတ်ကြာ Boss Fight ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
.
MyPlay ကုမ္မဏီသည် ကိုယ်တိုင်ဖန်တီးထားသော ဂီမ်းများကို၂၀၁၃မှ စတင်ကာ Total Game Play အမည်ဖြင့်ဖန်တီးခဲ့ပြီး ၂၀၁၅ခုနှစ်တွင် MyPlay ဖြင့် မြန်မာမှု ဂီမ်းများ ၊ ဇာတ်ကောင်များကို ထုတ်လုပ်ခဲ့သည် ။ထို့ပြင် MyPlay မှထုတ်လုပ်သော အခြားသော ဂီမ်းများတွင်လည်း ကစားသူများအတွက် ရင်ခုန်စရာ ဇာတ်လမ်း၊ဇာတ်ကောင်များ ပြိုင်ပွဲများပြုလုပ်ပေးပြီး ဆုများလည်းချီးမြှင့်လျက်ရှိကြောင်းလည်း သိရသည်။

ဂိမ်းကို အောက်ပါလင့်များမှ ရယူဆော့ကစားနိုင်ကြောင်း သိရသည်။
Playstore link : https://play.google.com/store/apps/details?id=com.myplay.shan
Direct download link : http://myon.club/download/SKMWorld.apk


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com