9/24/2016

♪ Mate 9 ဖုန်းရဲ့ ကင်မရာနဲ့ Apple, Samsung တို့ကို စိန်ခေါ်လိုနေတဲ့ Huawei ♫


Huawei ဟာ သူတို့ရဲ့ အဓိကစမတ်ဖုန်း အမျိုးအစားတစ်မျိုးကို မကြေငြာခင်မှာ ဂီယာတင်လိုက်ပါပြီ။ မကြာခင်မှာ ထွက်ဖို့အတွက် စိုင်းပြင်းနေတဲ့ Mate 9 ဖုန်းမှာ မျက်ကြည်လွှာဖတ်စနစ် (Iris Scanner) နဲ့ အစွမ်းထက် ကျောဘက်ကင်မရာတစ်စုံ ပါဝင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။

တရုတ်သတင်း MyDrivers ရဲ့သတင်းအရ Huawei Mate 9 အနေနဲ့ 20 megapixel ရှိမယ့် ကျောဘက်ကင်မရာ နှစ်လုံးနဲ့အတူ iPhone 7 Plus ကို စိန်ခေါ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် Samsung ရဲ့ Galaxy Note 7 မှာ ပါဝင်ထားတဲ့ မျက်ကြည်လွှာဖတ်လုံခြုံရေးစနစ် (Iris Scanner) ကိုလည်း ရှေ့ပိုင်းမှာ ထည့်သွင်းထားမှာဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၆လက်မ၊ Kirin 960 processor နဲ့ Android 7.0 Nougat စနစ်ကို အခြေခံအလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

iris-scanner

Huawei အနေနဲ့ ဖုန်းကို ဗားရှင်း အမျိုးအစား သုံးမျိုးခွဲပြီး ထုတ်လုပ်မယ်လို့ စီစဉ်ထားတာဖြစ်ပြီး အနိမ့်ဆုံး Mate 9 ဟာ 4 GB RAM နဲ့ 64 GB Storage တို့ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ယွမ် ၃၂၀၀ (ဒေါ်လာ ၄၈၀ခန့်) နဲ့ ငွေ၊ ရွှေနဲ့ မီးခိုးဆိုပြီး အရောင်သုံးမျိုးရှိမှာပါ။ ပိုမိုဈေးကြီးတဲ့ ဗားရှင်းဖြစ်တဲ့ 128GB Storage နဲ့ဖုန်းကတော့ ခုနကအရောင်တွေအပြင် Rose gold နဲ့ White Ceramic အရောင်နှစ်မျိုးပါ ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ယွမ် ၃၄၀၀ (ဒေါ်လာ ၅၁၀) ရှိမှာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အမြှင့်ဆုံး Premium Mate 9 ဖုန်းကတော့ RAM ပမာဏ 6 GB နဲ့ 256 GB Storage တွေပါဝင်မှာဖြစ်ပြီး အရောင်အနေနဲ့ Light Black ဆိုပြီး တစ်ရောင်ထပ်တိုးမှာပါ။ ဈေးနှုန်းကတော့ ယွမ် ၄၇၀၀ (ဒေါ်လာ ၇၀၀) ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီ အနေနဲ့ အဓိကစမတ်ဖုန်းတွေအပြင် Huawei Watch 2 ကိုလည်း ဈေးနှုန်း ဒေါ်လာ တစ်ထောင်ကျော်နဲ့ ထုတ်လုပ်ဖို့ရှိပြီး စမတ်နာရီတွေထဲမှာ အတော်ဈေးကြီးတဲ့ အမျိုးအစားလို့ ဆိုနိုင်ပါတယ်။

Mate 9 ဖုန်းဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ထုတ်လုပ်ဖို့ လျာထားတာဖြစ်ပြီး Huawei အနေနဲ့ အမေရိကဒေသမှာ ဈေးနှုန်းအလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးအနေနဲ့ အဓိကထားရောင်းချဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com