စမတ်ဖုန်းဆိုတာ သွားလေရာကိုယ်နဲ့မကွာသယ်ဆောင်သွားရပြီး လက်နဲ့ကိုင်တွယ် အသုံးပြုရတဲ့ပစ္စည်းဖြစ်ရတာကြောင့် အံဝင်ခွင်ကျရှိမှုနဲ့ သက်သောင့်သက်သာရှိမှုက ဖုန်းအသုံးပြုသူတိုင်းအတွက် အရေးပါတဲ့ အချစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Sony Xperia XA ကို လက်ထဲမှာကိုင်တွယ်အသုံးပြုတဲ့အခါ အဆင်ပြေဆုံးပုံစံရရှိအောင် ဒီဇိုင်းထုတ်ဖန်တီးထားပါတယ်။ ဒါ့အပြင် အကောင်းဆုံဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကိုလည်း Xperia XA နဲ့အတူ ခံစားရရှိနိုင်ဦးမှာလည်းဖြစ်ပါတယ်။
သက်သောင့်သက်သာရှိစွာနဲ့ သင့် လက်ထဲမှာ အံဝင်ခွင်ကျမှု၊ ကျယ်ပြန့် တဲ့ Display ၊ ပြေပြစ်တဲ့ ထောင့်စွန်း တွေနဲ့ ကွေးညွှတ်နေတဲ့ဖန်မျက်နှာပြင်
သင့်လက်ထဲမှာ ပြီးပြည့်စုံစွာအံဝင်ခွင်ကျမှုအတွက် ဒီဇိုင်းထုတ်ဖန်တီးမှု
xa-body-design

Xperia XA ဟာလက်နဲ့ကိုင်တွယ် အသုံးပြုရာမှာ ကောင်းမွန်တဲ့ ခံစားမှုအတွေ့အကြုံ ကိုပေးစွမ်းနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ကွေးညွတ်နေတဲ့ ဖန်မျက်နှာပြင်နဲ့ အစွန်း တစ်ဖက်ကနေ တစ်ဖက် 5 လက်မအထိကျယ်ပြန့်တဲ့ Display ကြောင့် နှစ်လိုဖွယ် ရာ အသွင်အပြင်ကိုရရှိစေပါတယ်။ဒါဟာ ပြီးပြည့်စုံတဲ့ 2 in 1 ပေါင်းစပ်မှုဖြစ်ပြီး ဂရပ်ဖိုက်အနက်ရောင်၊ အဖြူရောင်၊ သံပုရာရွှေရောင်၊ နှင်းဆီရွှေရောင်ဆိုပြီး အ ရောင် 4 မျိုးနဲ့ရရှိနိုင်ပါတယ်။

ခဏတာအခိုက်အတန့်လေးတွေကို ဘယ်တော့မှလက်လွှတ်မသွားစေမယ့် Quick Launchကင်မရာ၊ မှုန်ဝါးမှုကင်း စေတဲ့ အထူးလျှင်မြန်မှုရှိသော Autofocus ၊ အလင်းရောင်အားနည်း တဲ့နေရာတွေမှာ အထူးစွမ်းဆောင်နိုင် တဲ့ကင်မရာစွမ်းရည်
တချို့အခိုက်အတန့်တွေက သင့်ကိုစောင့်နေမှာမဟုတ်လို့ အမိအရဖမ်းယူထားပါ
XA camera

သင့်ပတ်ဝန်းကျင်မှာ အဖြစ်အပျက်တွေ မြန်ဆန်သလောက်အမိအရ ဖမ်းယူထားနိုင်ဖို့ ကင်မရာကောင်းကောင်းတစ်ခုတော့လိုအပ်ပါတယ်။ Xperia XA ရဲ့ကင်မရာဟာဆို ရင် အမှန်တကယ်ကို လျှင်လျှငမြနမြန်ွစတင်နိုင်ပြီး Hybrid autofocus စနစ်က အရောင် အသွေးစုံလင်ပြီး ပြတ်သားတဲ့ပုံရိပ်တွေကို အလျှင်မြန်ဆုံး ဖမ်းယူပေးနိုင်ပါတယ်။ နေ၀င်ချိန်ရောက်သွားလို့ အလင်းဖျော့ဝန်းကျင်မှာ ပုံရိပ်ကောင်းကောင်းလေးတွေ မရ တော့မှာကိုလည်း စိုးရိမ်စရာမရှိတော့ပါဘူး။ နောက်ဖက် 13MP နဲ့ ရှေ့ဖက် 8MP ရှိ တဲ့ကင်မရာတွေက အလင်းရောင်အားနည်းတဲ့နေရာတွေမှာတောင် ကောင်းမွန်စွာ အလုပ်လုပ်ပြီး ကြည်လင်တဲ့ ဓာတ်ပုံတွေကို ရရှိစေနိုင်တာကြောင့်ဖြစ်ပါတယ်။
နှစ်ရက်ကြာအသုံးခံတဲ့ ဘက်ထရီ၊ သက်တမ်းနှစ်ဆကြာရှည်ခံတဲ့ ဘက်ထရိသက်တမ်း
စွမ်းအားပိုမိုသိုလှောင်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ပါပြီ


လုံးဝအားပြန်သွင်းစရာမလိုဘဲ 2 ရက်ကြာ အသုံးခံတဲ့ ဘက်ထရီအားကြောင့် နေ့ ရက်တွေကို အဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်မှာပါ။ ဘက်ထရီအများစုဟာ အသုံး ပြုတဲ့ကာလကြာမြင့်လာတာနဲ့အမျှ အသုံးပြုနိုင်စွမ်းကျဆင်းလာတတ်ပေမယ့် Xperia XA မှာတော့ Qnovo Adaptive Charging နည်းပညာပါဝင်လို့ ဘက်ထရီသက်တမ်း ကို 2 ဆပိုမိုကြာရှည်ခံစေပါတယ်။

Xperia XA is now available @ Wai Yan Electronics and Sony Official Dealers 09 455533667