9/23/2016

♪ “Samsung Note 7 ၀ယ်ယူထားပြီး အသစ်တစ်လုံးနှင့် လဲလှယ်မည့်သူများအား ကျပ်ငါးသောင်းတန် ဈေးဝယ်ခွင့်ကတ်ပေးမည်” ♫


Samsung Galaxy Note 7 အားဘဏ်မှတစ်ဆင့် Pre-order ဖြင့် ၀ယ်ယူ ထားသူများထဲမှ အသစ်တစ်လုံး လဲလှယ်ရယူမည့်သူများအား ကျပ်ငါးသောင်း တန်ဈေးဝယ်ခွင့် ဘောက်ချာများပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ Note 7 အား အသစ်ပြန်လည်လဲလှယ်ပေးမည့်အစီအစဉ်တွင် ပစ္စည်းပြန်လည် ပေးအပ်ထားပြီး အသစ်ထုတ်ယူရန်စောင့်ဆိုင်းပေးမှုအားအထူးကျေးဇူး တုံ့ပြန် သော အားဖြင့် ကျပ်ငါးသောင်းတန်ဈေးဝယ်ခွင့် ကူပွန် (50,000 ks Gift Voucher for Samsung Smart Phones, Tablet& Original Accessories) အား အထူးလက်ဆောင်အနေဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ ကူပွန် အား မိမိဝယ်ယူခဲ့သော Samsung Brand Shop တွင်မိမိကြိုက်နှစ်သက်ရာ စမတ်ဖုန်း၊ တက်ဘ လက်နှင့် Accessories များ ၀ယ်ယူနိုင်မည်ဖြစ်ပြီး ၀ယ်ယူ ရမည့်နောက်ဆုံးရက်မှာ (၃၁အောက်တိုဘာလ ၂၀၁၆)ရက်နေ့ဖြစ်ပါသည်။ မိမိဝယ်ယူသည့် ပစ္စည်းပမာဏသည်ကူပွန်တန်ဖိုးထက်နည်းပါက ငွေပြန်အမ်း မည် မဟုတ်ဘဲ ပစ္စည်းပြန်လည်ထုတ်ယူနိုင်မည့်ရက်စွဲကိုလည်း ၀ယ်ယူသူ တစ်ဦးချင်းစီအတွက် သီးသန့်အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်သည် KBZ Bank မှတစ်ဆင့် Pre-order ဖြင့် Official ပစ္စည်းဝယ်ယူထားပြီး ပစ္စည်းအသစ်လဲလှယ် သူများအတွက်သာ အကျုံးဝင်ပြီး ငွေပြန်အမ်းရမည့် သူများအတွက် အကျုံးမ၀င်ကြောင်းလည်း Samsung ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အသေးစိတ် အချက် အလက်များ သိရှိလိုပါက (ဖုန်း ၀၉-၄၅၅၇၈၈၃၀၁-၉) သို့ ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com