9/14/2016

♪ ဘဏ်ချေးငွေဖြင့် MBA သင်တန်းများတက်ရောက်နိုင် ♫


Education Loan နဲ့ သင်တန်းတွေ တက်ရောက်နိုင်အောင် သမ၀ါယမ ဘဏ်ကဆောင်ရွက်လိုက် တယ်လို့သိရပါတယ်။

အဆိုပါဘဏ်အနေနဲ့ Myanmar Institute of Education (MIE) ကျောင်းနဲ့ချိတ်ဆက်ထားပြီး မိမိနှစ် သက်ရာ Post graduate အတန်းတွေဖြစ်တဲ့ MBA, EMBA, Ph.D, DBA (Doctorate of Business Administration) သင်တန်းတွေတက်ရောက်နိုင်မယ်လို့သိရပါတယ်။

သမ၀ါယမဘဏ်ရဲ့ Education Loan စာ သင်တန်းကြေးရဲ့အနည်းဆုံး ၁၀ ရာခိုင်နှုန်းနဲ့ ဘဏ်ဝန်ဆောင်ခအဖြစ်တစ်နှစ်ကို ၁ ရာခိုင် နှုန်းတို့ကို ကနဦးငွေအဖြစ်ပေးချေရ မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့သင်တန်းကြေးအပေါ်မှာ ဘဏ်အတိုးနှုန်း ၉ ရာခိုင်နှုန်းနဲ့လစဉ်အရစ်ကျပေးချေနိုင်မယ်လို့ သိရပါတယ်။

သင်တန်းကာလပြီးဆုံးတဲ့အချိန်ကနေ နောက်ထပ်ခြောက်လအချိန်အထိ အချိန်ထပ်ယူပြီးပြန်ပေး ဆက်နိုင် တယ်လို့သိရပါတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်တွေယူပြီးသမ၀ါယမဘဏ်မှာလျှောက် ထားနိုင်တယ်လို့ဆိုပါတယ်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com