9/14/2016

♪ ထူးခြားဖြစ်စဉ်သတင်းတွေကို ဖုန်းဆက်မေးမြန်းနိုင် ♫


ထူးခြားဖြစ်စဉ်သတင်းတွေကို ဖုန်းဆက်မေးမြန်းနိုင်ဖို့ Call Center ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ စက်တင်ဘာ ၉ ရက်ကကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရာမှ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနနဲ့သက်ဆိုင်တဲ့ ရုံးလုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းစဉ်တွေ အပါအဝင် အခြားသော ဝန်ကြီးဌာနတွေရဲ့သတင်းအချက်အလက်တွေ၊ မိုးလေဝသသတင်းတွေ၊ ထူးခြားဖြစ်စဉ် သတင်းတွေနဲ့ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုသတင်းတွေကို ပြည်သူတွေအလွယ်တကူ မေးမြန်း သိရှိနိုင်စေဖို့ ပြန်ကြားရေးဝန်ကြီးဌာန Call Center Hot Line 1883 ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့ပါတယ်။

 ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသော ဦးစီးဌာနနှင့် ဌာနများတွင် လုပ်ငန်းစဉ်များနှင့် အချက်အလက်များကို ပြည်သူမြင်သာသောနေရာများတွင် ချိတ်ဆွဲပြသထားခြင်းနှင့် အင်တာနက် လူမှုကွန်ရက်များတွင် ဖြန့်ချိပေးရန်အစီအစဉ်ရှိ၊ မရှိမေးခွန်းနဲ့ စပ်လျဉ်းပြီးဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အများပြည်သူမြင်သာတဲ့နေရာတွေမှာချိတ်ဆွဲပြသခြင်း၊ လိုအပ်တဲ့အချက်အလက်တွေ ထုတ်ယူအသုံးပြုနိုင်ဖို့ ဌာနဆိုင်ရာဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေ မှာ ဖော်ပြခြင်းတို့ကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အခြားသောဝန်ကြီးဌာနတွေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားမယ်လို့လည်း ဆိုပါတယ်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com