9/14/2016

♪ Zenfone စီးရီး၏ မျိုးဆက်သစ် Zenfone 3 ပြည်တွင်း ဈေးကွက်ဝင် ♫


ASUS Zenfone စီးရီး၏ နောက်ဆုံးမျိုးဆက် ဖုန်းတစ်လုံးဖြစ်သည့် Zenfone 3 ကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ အဆိုပါ Zenfone ကို Sapphire Black အနက်ရောင် တစ်မျိုးသာ ၀ယ်ယူနိုင်ဦးမည်ဖြစ်ပြီး ယခုဝင်ရောက်သည့် အမျိုးအစားမှာ 4GB RAM နှင့် သိုလှောင်မှုပမာဏ 64GB ရှိမည်ဖြစ်သည်။

Zenfone 3 သည် GSM နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သည့် Dual-SIM အမျိုးအစား ဖုန်းဖြစ်ပြီး 2G/3G နှင့် 4G ကွန်ရက်များထိ ထောက်ပံ့ပေးနိုင်သည်။ မြင်ကွင်း အရွယ်အစား ၅.၅ လက်မရှိပြီး အမြန်နှုန်း 2.0 GHz ရှိသည့် Octa-core CPU ကို တပ်ဆင်ထားသည်။ 4GB RAM နှင့် သိုလှောင်မှု 64GB Internal ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

16 MP ကျောဘက် ကင်မရာနှင့် 8MP အမျိုးအစား ရှေ့ကင်မရာများ ပါဝင်ပြီး 0.03s Laser Auto Focus, 32 second long exposure, 4-axis OIS, DUAL LED Real Tone Flash စနစ်နှင့် Camera Mode တွင် DOF, Night Mode, Manual Mode (Like DSLR Cam), Super Resolution Mode (4K) နည်းပညာများ ထောက်ပံ့ ပါဝင်လာသည်။

ZenUI 3.0 ကို Android 6.0 ဖြင့် ထုတ်လုပ်ထားသည်။ လက်ဗွေ လုံခြုံရေး စနစ်ပါဝင်ပြီး လက်ချောင်းငါးချောင်းထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Fast Charing စနစ်၊ USB Type C စနစ်များထောက်ပံ့ပါဝင်ပြီး ဘက်ထရီမှာ Li-Ion 3000 mAh ကိုထည့်သွင်းထားသည်။ အဆိုပါ Zenfone 3 စမတ်ဖုန်း၏ တန်ဖိုးမှာ ၃၇၅,ဝဝဝ ကျပ် ရှိမည်ဖြစ်သည်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com