European Imaging and Sound Association ( EISA ) က နှစ်စဉ်ကျင်းပတဲ့ အကောင်းဆုံး မိုဘိုင်းဖုန်း ဆုပေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် Huawei P9 က အကောင်းဆုံး Consumer Smartphone ဆုကို ရရှိခဲ့ပါတယ်။ ယခင်နှစ်တုန်းကလည်း Huawei P8 က အဲဒီဆုကိုပဲ ရရှိခဲ့တာပါ။ ဒီဇိုင်းလှပခြင်း၊ စွမ်းရည်မြင့်မားခြင်းနဲ့ ဆန်းသစ်တဲ့ ကင်မရာတို့ကြောင့် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

HTC 10 ကတော့ European Advanced Smartphone ဆုကို ရရှိခဲ့ပါတယ်။ စွမ်းရည်မြင့်မားတဲ့ Hardware များကို စုဖွဲ့တည်ဆောက်ထားလို့ ဖြစ်ပါတယ်။ HTC 10 မှာ 5.2” IPS Quad HD Display, Snapdragon 820, 4GB RAM, 12MP UltraPixel OIS Camera , 3000mAh Battery တို့ ပါရှိပါတယ်။ HTC Vive ဟာလည်း အကောင်းဆုံး VR Headset ဆုကို ရရှိခဲ့ပါတယ်။