ပိုမိုတိုးတက်အောင်မြင်လျက်ရှိသော ကမ္ဘာ့စမတ်ဖုန်းအမှတ်တံဆိပ် OPPO ကုမ္ပဏီမှာ အမေရိကန်အခြေစိုက် ထိပ်တန်းသုတေသနကုမ္ပဏီ IDC (International Data Corporation) အဖွဲ့အစည်းကထုတ်ပြန်သည့် နောက်ဆုံးသတင်းအချက်အလက်များအရအရှေ့တောင်အာရှဈေးကွက်တွင် နံပါတ်-၂ နေရာသို့ တက်လှမ်းရောက်ရှိလာခဲ့ဖြစ်ပြီးကြောင်း သိရှိရသည်။ IDC ၏ထုတ်ပြန်ချက်အရ အဆိုပါ အရှေ့တောင်အာရှဒေသတွင် ၂၀၁၆ ဒုတိယ၃လပတ်အတွင်း စုစုပေါင်းစမတ်ဖုန်းတင်ပို့မှုမှာ ၂၈သန်းနီးပါးအ ထိရှိခဲ့ပြီး OPPO အနေဖြင့် ၄င်းတို့၏ F1 Series ထုတ်ကုန်စမတ်ဖုန်းများအတွက် တောင့်တင်းခိုင်မာသည့် brand အမှတ်တံဆိပ်တန်ဖိုးတည်ဆောက်နိုင်စေရန် စဉ်ဆက်မပြတ်ဈေးကွက်မြှင်တင်မှုဆိုင်ရာ ရင်နှီးမှုများပြုလုပ်ခြင်းကြောင့် တင်ပို့ရောင်းချသည့်ထုတ်ကုန်အရေ အတွက်ကို တိုးမြှင့်အောင်လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ဈေးကွက်ဝေစုရယူထားနိုင်မှုအပိုင်းကိုကြည့်မည်ဆိုလျှင် အလုံးစုံစမတ်ဖုန်းဈေးကွက်ကို Samsung က အဓိကကြီးစိုးထားပြီး OPPO က ဒုတိယနေရာတွင်ရပ်တည်လျက်ရှိသည်။ ယခုဈေးကွက်မှ စမတ်ဖုန်းအလုံးရေ ၂၈သန်းတင်းပို့နိုင်ခြင်းမှာ ၃လပတ်အလိုက်တိုးတက်မှုနှုန်းတွင် ၁၈.၁ ရာခိုင်းနှုန်းတိုးတက်လာခြင်းဖြစ်ပြီး နှစ်အ လိုက်တိုးတက်မှုနှုန်းတွင် ၆.၅ ရာခိုင်နှုန်းအထိမြင့်တက်သွားစေခဲ့သည်။

OPPO အနေဖြင့် ယခုကဲ့သို့ တိုးတက်အောင်မြင်လာခဲ့ခြင်းမှာ ပိုမိုကျယ်ပြန့်ထိရောက်မှုရှိသည့် offline ရောင်းချမှု လမ်းကြောင်းများနှင့် ၄င်းတို့၏ထုတ်ကုန်ပိုင်းဆိုင်ရာကွဲပြားခြားနားမှုရှိစေမှု အပေါ်အလေး အာရုံစိုက်ခြင်းနှင့်အတူ ၀န်ဆောင်မှုစင်တာများပိုမိုတိုးချဲ့ဖွင့်လှစ်ခြင်းဗျူဟာများကြောင့် အဓိကဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ အိန္ဒိယဈေးကွက်တွင် OPPO အနေဖြင့် တိုက်ရိုက်ဝယ်ယူနိုင်မည့် Point of Sales နေရာပေါင်း ၃၅,၀၀၀ နှင့် သုံးစွဲသူ customer များကိုပိုကောင်သည့်အတွေ့အကြုံများပေးစွမ်းနိုင်စေရန် ၀န်ဆောင်မှုစင်တာပေါင်း ၁၈၀ ကိုပစ်မှတ်ထားဖွင့်လှစ်ပေးခြင်းဖြင့် ၄င်းတို့၏ တိုက်ရိုက်ရောင်းချမှု offline စနစ်ပိုမိုကျယ်ပြန့်စေရန်လုပ်ဆောင်ပေးလျက်ရှိသည်။ ဗျူဟာကျသည့် လှုပ်ရှားရပ်တည်မှုနှင့် Selfie ပိုင်းဆိုင်ရာကို အထူးအလေးပေးထားသည့် ဓာတ်ပုံဆိုင်ရာနည်းပညာများနှင့်ပတ်သက်သော သတင်းပေးမှုများက ပြိုင်ဆိုင်မှုပြင်းထန်သောဈေးကွက်များတွင် OPPO အမှတ်တံဆိပ်ကို သုံးစွဲသများလက်ခံလာစေရန် များစွာထောက်ကူပေးနိုင်ခဲ့သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ OPPO ကုမ္ပဏီ၏ ဒု-ဥက္ကဋ္ဌ၊ နိုင်ငံတကာမိုဘိုင်းစီးပွားရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှုနှင့် OPPO အိန္ဒိယ၏ ဥက္ကဋ္ဌရာထူးများကိုထမ်းဆောင်လျက်ရှိသော Mr. Sky Li က “ အရှေ့တောင်အာဒေသဟာ ကျွန်တော်တို့အတွက် အထူးဦးစားပေးဈေးကွက်တစ်ခုပါ။ တခြားသောဈေးကွက် တွေမှာကျွန်တော်တို့ရရှိထားတဲ့ အောင်မြင်မှုတွေနဲ့ အလားတူလက်ခံယုံကြည်မှုတွေ ကို ထိတွေ့ရရှိစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ထိပ်တန်းအရည်အသွေးရှိထုတ်ကုန်များနဲ့ သုံးစုံသူတွေကို တောက်ပံ့ပေးနိုင်စေဖို့ဆိုတဲ့ အဓိကအာရုံစိုက် မှုနဲ့အတူ OPPO အနေနဲ့ ဓာတ်ပုံဆိုင်ရာနည်းပညာရပ်၊ ဒီဇိုင်းပိုင်းဆိုင်ရာ၊ သုံးစွဲသူအခြေပြု တဲ့ ပြန်လည်တုံ့ပြန်ဖြေကြားမှုတွေပေးအပ်မှုအပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ အဲ့ဒီအချက်က ကျွန်တော်တို့ကို ဒီအတိုင်းအတာခရီးအကွာအဝေးထိ ရောက်ရှိ လာစေခဲ့တာဖြစ်သလို ကျွန်တော်တို့ရှေ့ဆက်ချီတက်သွားနိုင်စေရေးကိုပါ ဆက်လက်တွန်းအားပေးမောင်းနှင်နေဦးမှာဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။