Facebook က ကမ္ဘာကြီးတစ်ခုလုံးကို ဆက်သွယ်နိုင်အောင် အမြဲတမ်း
ကြိုးစားနေပါတယ်။ အခုလည်း Facebook Messenger ကနေ ငွေလှူဒါန်းနိုင်အောင်
ပြုလုပ်ပေးလိုက်ပါတယ်။ စွမ်းဆောင်ချက်အသစ်ကို Assist က ပံ့ပိုးပေးထားတာ
ဖြစ်ပြီး ပထမဆုံး ငွေလှူဒါန်းနိုင်တဲ့ ကုသိုလ်ဖြစ် အဖွဲ့အစည်းမှာ Charity :
Water ဖြစ်ပါတယ်။
ကုသိုလ်ဖြစ် အဖွဲ့အစည်းများက Messenger ကနေ အလှူငွေများ လက်ခံနိုင်တဲ့အတွက် ပိုမို ကောင်းမွန်လာပါတယ်။ Messenger Bot များ အသုံးပြု၍ အလှူခံနိုင်တဲ့အတွက်လည်း ပိုမို အလုပ်တွင်ကျယ်လာမှာ ဖြစ်ပါတယ်။ Messenger မှာ Credit Cards များမှ အလှူငွေကို လက်ခံနိုင်တဲ့ အကောင်းဆုံး ၀န်ဆောင်မှုဖြစ်တဲ့ Stripe ကနေ ငွေပေးချေရမှာ ဖြစ်ပါတယ်။
Charity : Water ဟာ ကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ လူသား သန်းပေါင်း ၆၆၃ အတွက် သန့်ရှင်းတဲ့ ရေ ရရှိအောင် ကူညီပေးနေပါတယ်။

www.pyaephyo.com