9/06/2016

♪ Tokyo Game Show 2016 ကို မြန်မာနိုင်ငံမှ Game Developer များတက်ရောက်မည် ♫


လာမယ့်စက်တင်ဘာလ (၁၅) ရက်နေ့ကနေ (၁၈) ရက်နေ့ထိ ဂျပန်နိုင်ငံ Chiba မြို့ရှိ Makuhari Messe မှာ ကျင်းပပြုလုပ်မယ့် Tokyo Game Show 2016 Exhibition ကို မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ အတွင်းရေးမှူး (၃) နှင့် Game Developer များ တက်ရောက်မယ် လို့ သိရပါတယ် ။

ဒီသတင်းကိုတော့မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) က ပြီးခဲ့တဲ့ စက်တင်ဘာလ(၃)ရက် (စနေနေ့) နေ့လည် (၁) နာရီမှာ MICT Park, Building (9) ရှိ MCIA Meeting Room မှာ သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ် ။

Computer Entertainment Supplier’s Association (CESA) နဲ့ Nikkei Business Publications, Inc. တို့ ပူးပေါင်းစီစဉ်တဲ့ TGS လို့ လူသိများတဲ့ Tokyo Game Show ဟာ ကမ္ဘာကျော် Video Game ပြပွဲကြိးတစ်ခုဖြစ်ပြီး နှစ်စဉ် စက်တင်ဘာလတိုင်းမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ် ။ ပြပွဲမှာ ဂျပန်နိုင်ငံက Game Developer တွေ ဖန်တီးထားတဲ့ နောက်ဆုံးပေါ် Games တွေနဲ့ နည်းပညာတွေကို အဓိကပြသပြီး နိုင်ငံတကာက Developer တွေကလည်း ၄င်းတို့ရဲ့  hardware များ ၊ နည်းပညာများကို ပါဝင်ပြသကြတယ်လို့ သိရပါတယ် ။

TGS ကို 1996 ခုနှစ်မှာ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယခု TGS 2016 က အနှစ်(၂၀) ပြည့် အထိမ်းအမှတ် လည်းဖြစ်ပါတယ် ။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com