Hyundai Motor Myanmar သည် တောင်ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ပဉ္စမအကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်ငန်း ဖြစ်သည့် Hyundai ၏ မြန်မာနိုင်ငံတွင်း တစ်ဦးတည်းသောတရားဝင်ကိုယ်စားလှယ်ဖြစ်ပြီး Brand New Hyundai အိမ်စီးကားများကို တင်သွင်းရောင်းချလျှက်ရှိပါသည်။ Hyundai ကိုအားပေးကြသူများအား ကျေးဇူးတုန့်ပြန်သောအနေဖြင့် စက်တင်ဘာလ နှင့် အောက်တိုဘာလတွင် Hyundai Motor Myanmar Showroom တွင်တင်သွင်းရောင်းချလျှက်ရှိသော မော်တော်ယာဉ်များကို ၁၇သိန်းမှ သိန်း၅၀အထိ ရရှိနိုင်မည့် အထူးလျော့ဈေးများဖြင့်ရောင်းချပေးမည့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Hyundai၏နာမည်ကြီးပြီး လူကြိုက်များသော Santafe (အင်ဂျင်ပါဝါ2.2စီစီ), LF Sonata (အင်ဂျင်ပါဝါ1.2စီစီ), Elentra (အင်ဂျင်ပါဝါ1.6စီစီ), Grand i10 (အင်ဂျင်ပါဝါ1.25စီစီ), H-1(၁၂ယောက်စီးmini bus) နှင့် H-100(light truck) ကားများကို အထူးလျော့ဈေးဖြင့် စက်တင်ဘာ ၁ရက်နေ့မှ အောက်တိုဘာ ၃၁ရက်နေ့အထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Hyundai Motor Myanmarတွင် တင်သွင်းရောင်းချ နေသည့် မော်တော်ယာဉ်များအားလုံးသည် Brand New မော်တော်ယာဉ်များဖြစ်သည့် အားလျော်စွာ ၃ နှစ် (သို့မဟုတ်) ကီလို ၁သိန်း အာမခံပေးထားပါသည်။

စိတ်ပါဝင်စားသော customerများအနေဖြင့် အောက်ဖော်ပြပါလိပ်စာများသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရန်ကုန်အရောင်းပြခန်း။    ။အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့  ဖုန်း ၀၁ ၅၂၂၇၂၃၊ ၀၉ ၄၂၁၀၀၂၀၅၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မန္တလေးရုံးခွဲ။    ။အမှတ်(၁၀)၊ လမ်း ၄၀၊ ၇၈လမ်းနှင့်၇၉လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး၊  ဖုန်း ၀၂ ၂၅၃၁၅၁၉၇၀၊ ၀၉ ၄၅၃၉၅၅၅၆၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။