9/18/2016

♪ Galaxy Note 7 အစားထိုးလဲလှယ်ဖုန်းတွေကို လာမယ့် စက်တင်ဘာလ ၂၁ရက်နေ့မှာ စတင်ရရှိနိုင်မည် ♫


Galaxy Note 7 ဖုန်းတွေရဲ့ အစားထိုးမှုတွေကို စတင်လုပ်ဆောင်ရာမှာ လာမယ့် ဗုဒ္ဓဟူးနေ့ကစတင်ပြီး အစားထိုးလဲလှယ်ထားတဲ့ ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုမှာ စတင်ရရှိနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အစားထိုးပစ္စည်းတွေဟာ Samsung ရဲ့ ဆိုင်တိုင်းမှာ စတင်လဲလှယ်ပေးမှာပါ။

မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ လဲလှယ်နိုင်မှာဖြစ်ပြီး ကျပ်ငါးသောင်းတန်ကြေးရှိတဲ့ ကူပွန်တစ်စောင်လက်ဆောင်အနေနဲ့ ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ ဖုန်းကိုမလိုချင်ပဲ ဝယ်ပြီးသားပိုက်ဆံကို ပြန်လိုချင်တယ်ဆိုရင်လည်း ပြန်အမ်းပေးမှာဖြစ်တယ်လို့ Samsung ကဆိုထားပါတယ်။ ထုတ်ယူနိုင်မယ့် အစီအစဉ်ကို Samsung ကတစ်ဦးချင်း ဖုန်းဆက်အကြောင်းကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Samsung ရဲ့ ပြောကြားချက်အရ ဒီလဲလှယ်ရေးအစီအစဉ်ကို အမေရိကန်စားသုံးသူကာကွယ်ရေးအသင်း ထံက ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ကြောင်း ဆိုပါတယ။် Samsung အနေနဲ့ ဒီဘက်ထရီပြသနာကို ဖြေရှင်း ပြီးဖြစ်ပြီး အလွန်နည်းပါးတဲ့ Galaxy Note 7 ဖုန်းတွေမှာသာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဒါပေမယ့်ပိုင်၇ှင်တွေအနေနဲ့ ဒီလိုပေါက်ကွဲနိုင်တာဟာ လူတွေကို ထိခိုက်မှုနဲ့ မီးဘေးအန္တရာယ်တွေ ဖြစ် ပွားနိုင်တာကြောင့် ဖြေရှင်းပေးဖို့အတွက်တောင်းဆိုခဲ့ကြတာပါ။ Galaxy Note 7 ရဲ့ ဘက်ထရီပြဿနာဟာ ဒီလအတွင်းမှာ အလွန် Hot ဖြစ်စေခဲ့တဲ့ သတင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး Apple ရဲ့ အဆင့်မြှင့်တင်လာခဲ့တဲ့ iPhone 7 ထွက်ရှိချိန်နဲ့ တိုက်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Ref: Slash Gear, Samsung Official Facebook

ဒါကတော့ Samsung ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ Galaxy Note 7 ပြန်လည်လဲလှယ်ရေးအစီအစဉ်ပဲဖြစ်ပါတယ်။

Samsung Galaxy Note7 ၀ယ်ယူသူများအတွက် အထူးသတင်း
KBZ ဘဏ်မှတဆင့် Pre-orderဖြင့် Galaxy Note7 အားဝယ်ယူထားသူများအတွက်
.
Note7 အား အသစ်ပြန်လည်လဲလှယ်ပေးမည့်အစီအစဉ်တွင်ပစ္စည်းပြန်လည်ပေးအပ်ထားပြီး သူများနှင့်ပြန်လည်ပေးအပ်မည့်သူများအတွက်အသစ်ထုတ်ယူရန်စောင့်ဆိုင်းပေးမှုအား အထူးကျေးဇူးတုံ့ပြန်သောအားဖြင့် ကျပ်၅သောင်းတန်ဈေးဝယ်ခွင့်ကူပွန် (50,000 Ks Gift Voucher for Samsung Smart Phones, Tablet & Original Accessories) အား အထူးလက်ဆောင်အနေဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ထိုကူပွန်အား မိမိဝယ်ယူခဲ့သော Samsung Brand Shop တွင်မိမိကြိုက်နှစ်သက်ရာ စမတ်ဖုန်း၊ တက်ဘလက်နှင့်accessories များအားဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ၀ယ်ယူရမည့်နောက်ဆုံးရက်မှာ (၃၁ အောက်တိုဘာလ ၂၀၁၆) ဖြစ်ပါသည်။ မိမိဝယ်ယူသည့်ပစ္စည်းပမာဏသည်ကူပွန်တန်ဖိုးထက်နည်းပါက ငွေပြန်အမ်းမည်မဟုတ်ပါ။
ပစ္စည်းပြန်လည်ထုတ်ယူနိုင်မည့်ရက်စွဲအားလည်း ၀ယ်ယူသူတဦးချင်းစီအတွက် သီးသန့်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
မှတ်ချက်။ ။ထိုအစီအစဉ်သည်KBZ Bank မှတဆင့် Pre-order ဖြင့်Official ပစ္စည်းဝယ်ယူထားပြီး ပစ္စည်းအသစ်လဲလှယ်သူများအတွက်သာ အကျုံးဝင်ပြီး ငွေပြန်အမ်းရမည့်သူများအတွက်အကျုံးမ၀င်ပါ။
.
KBZ Bank မှ Pre-Order နောက်ပိုင်း ပုံမှန်အရစ်ကျ စနစ်ဖြင့် ၀ယ်ယူထားသူများအတွက်
.
Pre-order နောက်ပိုင်းမှ KBZ Bank ဖြင့်ပုံမှန်အရစ်ကျစနစ်ဖြင့်ဝယ်ယူထားသူများအနက်Note7 ပစ္စည်းထုတ်ယူရန်စောင့်ဆိုင်းပေးသော ၀ယ်ယူသူများအတွက်အထူးကျေးဇူးတုံ့ပြန်သောအားဖြင့် Original S View Standing Cover ၊ Fast Charging Travel Adapter တို့အား အထူးလက်ဆောင်အနေဖြင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။  ပစ္စည်းပြန်လည်ထုတ်ယူနိုင်မည့်ရက်စွဲအားလည်း ၀ယ်ယူသူတဦးချင်းစီအတွက်သီးသန့် အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
.
ငွေပြန်လည်ထုတ်ယူမည့် ၀ယ်ယူသူများအတွက်
.
ငွေပြန်အမ်းရမည့်သူများအနေဖြင့်မိမိတို့လက်ခံထားသော Samsung Galaxy Note7နှင့်တကွ ဗူးအတွင်းပါဝင်သော accessories အစုံအလင်အပြင်Samsung မှအထူးလက်ဆောင်ပေးအပ်ထားသော Original S View Standing Cover ၊ Fast Charging Travel Adapter (Pre-Order ၀ယ်ယူသူများသာ) တို့နှင့်အတူမိမိတို့ပစ္စည်းထုတ်ယူခဲ့သော Samsung Brand Shop သို့အမြန်ဆုံးပြန်လည် ပေးအပ်သွားရန်မေတ္တာရပ်ခံအပ်ပါသည်။
အရစ်ကျပေးသွင်းရန်ရှိပါကလည်း ဆက်လက်ပေးသွင်းစရာမလိုပါ။
ပေးသွင်းထားသူများအတွက်ငွေပြန်အမ်းသည့်ရက်စွဲနှင့် စရံငွေပြန်လည်ထုတ်ယူနိုင်မည့်ရက်အားလည်း ၀ယ်ယူသူတဦးချင်းစီအတွက်သီးသန့် အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
မကြာမီအချိန်အတွင်းတွင်Galaxy Note7 ပစ္စည်းအသစ်များပြန်လည်လဲလှယ်ပေးရန် ရောက်ရှိလာမည်ဖြစ်ပြီး ထုတ်ယူရရှိနိုင်မည့်ရက်အတိအကျကိုတဦးချင်းစီအား ဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
အသစ်လဲလှယ်ရန်ပစ္စည်းပြန်မအပ်သေးသော ၀ယ်ယူထားသူများအနေဖြင့်လည်း လက်ရှိအချိန်တွင် Note7 ဖုန်းအား ဆက်လက်အသုံးမပြုဘဲ စက်ပိတ်ထားပေးပါရန်လေးစားစွာတိုက်တွန်းအပ်ပါသည်။
.
Official မဟုတ်သော Galaxy Note7 များအား အသစ်တလုံး လဲလှယ်ပေးခြင်း အစီအစဉ်
မိမိတို့ဝယ်ယူခဲ့သော Official မဟုတ်သော Note7 ဖုန်းများအားလည်း အထူးအခွင့်အရေး တရပ်အနေဖြင့် ရန်ကုန်နှင့်မန္တလေးမြို့ရှိသတ်မှတ်ထားသော Samsung Brand Shop တွင် လဲလှယ်ခွင့်ပြုသွားမည်ဖြစ်ပါသည်။
*#06#* ကိုနှိပ်၍ ပေါ်လာသော IMEI ကို screenshot လုပ်၍လည်းကောင်း (သို့မဟုတ်) ဗူးအဖုံးပေါ်ရှိ စတစ်ကာအား ဓာတ်ပုံရိုက်၍Samsung Myanmar Facebook ချက်ဘောက်စ်သို့ဝယ်ယူသူအမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ၀ယ်ယူခဲ့သောဆိုင်အမည်တို့အား စာရင်းပေးပို့ပြီး Galaxy Note7 Official အသစ်တလုံးပြန်လည်လဲလှယ်နိုင်ရန်လျှောက်ထားနိုင်ပါသည်။
လဲလှယ်ပေးမည့်ရက်အတိအကျအား Hotline မှတဆင့်တစ်ဦးချင်းစီအား ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ အသစ်တလုံးပြန်လည်လဲလှယ်ပေးမည့်Samsung Brand Shopမှာ ရန်ကုန်တွင်မြန်မာပလာဇာ brand shop နှင့်မန္တလေးတွင် ၇၈လမ်း brand shop တို့ဖြစ်ပါသည်။
မှတ်ချက်။ ။ Official မဟုတ်သော Note7 ၀ယ်ယူထားသူများအား Official Note7နှင့် အသစ်တစ်လုံးပြန်လည်လဲလှယ်ပေးမှုတွင်အရောင်ရွေးချယ်ခွင့်ရှိမည်မဟုတ်ပါ။
.
ယခုကဲ့သို့ အဆင်မပြေမှုများအတွက် Samsung Myanmar မှ အထူးပင် စိတ်မကောင်းဖြစ်မိပါသည်။ Galaxy Note7 အား စိတ်ရှည်စွာ စောင့်ဆိုင်းဝယ်ယူပေးသူများအား အထူးကျေးဇူးတင်ရှိပါသည်။
.
အသေးစိတ်အချက်အလက်များ သိရှိလိုပါက (ဖုန်း ၀၉၄၅၅၇၈၈၃၀၁ – ၉) သို့ဆက်သွယ်စုံစမ်းနိင်ပါသည်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com