9/18/2016

♪ “အွန်လိုင်းမှာဥပဒေချိုးဖောက်မိနေသလား” ♫


ယခုခေတ်အင်တာနက်သုံးစွဲသူအများစုအဘယ်ကြောင့်အွန်လိုင်းကိုအလွန် အမင်းစွဲလန်းကြပါသနည်း။အွန်လိုင်းတွင်မိမိအတွက်ရစရာများရှိသောကြောင့် ဖြစ်သည်။Multimedia content များကိုအွန်လိုင်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချ လာသည့်အခါထိုcontent များကိုမျှဝေအသုံးပြုမှုများလည်းရှိလာပါသည်။ ထိုသို့အသုံးပြုမှုများသည်ဥပဒေကိုချိုးဖောက်ရာကျကြောင်းမသိသဖြင့် ချိုးဖောက်မိသူများပါသည်။မူပိုင်ခွင့်ဥပဒေအတိအကျအကျိုးသက်ရောက်လာသည့်အခါဥပဒေကိုမသိသဖြင့် ချိုးဖောက်မိပါသည်ဟုဆင်ခြေပေး၍မရပါ။ လတ်တလောမှာပင်အွန်လိုင်းအသုံးပြုပုံမှားသဖြင့်ဥပဒေချိုးဖောက်သည်ဟု တရားစီရင်ခံရပြီး ထောင်နန်းစံရသူများလည်းရှိနေပါပြီ။မည်သည့်အရာများ သည် အွန်လိုင်း၌ဥပဒေချိုးဖောက်ရာကျပါသနည်း။
<အွန်လိုင်း၌identity အတုဖန်တီးခြင်း>
အွန်လိုင်းwebsite တစ်ခုခု (လူမှုကွန်ရက်တစ်ခုခု ဖြစ်ကောင်းလည်းဖြစ်နိုင် သည်) ကိုသုံးရာတွင်မိမိဘာသာဖန်တီးထားသောနာမည်တစ်ခုခုကို အီးမေး လိပ်စာအသုံးပြု၍sign-up လုပ်ခြင်းသည်မည်သူ့ကိုမှမထိခိုက်စေပါ။ဖန်တီး ထားသောအမည်ကိုသုံး၍account ဖန်တီးခြင်းသည်အရောင်းမြှင့်တင်ရေး ကြော်ငြာများကို ရှောင်လွှဲနိုင်စေမည့်အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါ သည်။သို့ရာတွင်ထိုမှတစ်ဆင့်တက်ပြီးအွန်လိုင်းတွင် အမည်လိမ်ဖြင့် account တစ်ခုဖွင့်ကာwebsite များတွင်လိမ်လည်လှည့်ဖျားရန်သို့တည်းမဟုတ်အခြား သူများ ကိုလိမ်လည်လှည့်ဖျားရန်ကြံမည်ဟုဆိုလျှင်ဒုစရိုက်အမှောင်နယ်ထဲသို့ ရောက်သွားပါပြီ။လိမ်လည်လှည့်ဖျား မှုကျူးလွန်ရာရောက်သဖြင့်ဥပဒေ ကြောင်းအရအရေးယူခံရပါလိမ့်မည်။Facebook ကလည်းဥပဒေကြောင်း ဆိုင်ရာ နှင့်ပတ်သက်သည့်သဘောထားကိုရှင်းရှင်းလင်းလင်းထုတ်ဖော် ပြောထားပြီးဖြစ်ရာယင်းထဲတွင် ကိုယ်ရေးအချက်အလက်အမှားများမပေးရန် နှင့်account ကိုကိုယ်တိုင်ဖွင့်လှစ်ရန်စသောအချက်များပါဝင်သည်။ထို့ပြင် အခြားသူတစ်ဦးဦးသို့မဟုတ်အခြားကုမ္ပဏီတစ်ခုခုဟန်ဆောင်ထားသော Profile အား တွေ့ရှိပါကသတင်းပို့ကြရန်user များအားတိုက်တွန်းထားပါသည်။
ထိုသို့ပြုလုပ်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းထက်စာလျှင်Facebook ၏ စည်းကမ်း သတ်မှတ်ချက်များအားချိုးဖောက်ရာပို၍ကျပါသည်။သို့သော်လူမှု ကွန်ရက်account ကိုအသုံးပြုပြီးအခြားသူတစ်ဦးဦး၏သတင်းအချက်အလက် များကိုနှိုက်ယူကာထိုသူအားစိတ်ဆိုးဒေါသထွက်အောင်ပြုလုပ်ခြင်းသို့မဟုတ် စိတ်အနှောင့်အယှက် ပြုလုပ်ခြင်းသည်ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်ရာ ရောက်ပါသည်။ယခုနှစ်အစော ပိုင်းတွင်အင်္ဂလန်နှင့် ဝေလနိုင်ငံရှိ ရှေ့နေများ သည်အွန်လိုင်းaccountအတုဖန်တီး၍အခြားသူများအားကြိုးကိုင်ချယ်လှယ် ခြင်းပြုသူ အားဥပဒေကြောင်းအရအရေးယူတရားစွဲရန် ရှေ့နေများ ကောင်စီမှ တစ်ဆင့် တောက်လျှောက်အကြံပေးခြင်းခံနေရသည်ဟုဘီဘီစီက သတင်း ထုတ်လွှင့်သွားခဲ့ပါသည်။တရားစွဲမည့်ကိစ္စများထဲတွင်အွန်လိုင်းaccount အတု ဖန်တီးခြင်းwebsite များကိုချုပ်ကိုင်ခြင်း၊website သုံးစွဲသောအခြားသူများအား ထိခိုက်စေခြင်းတို့ပါဝင်ပြီးယင်းတို့သည်ဆက်သွယ်ရေးဆိုင်ရာကျူးကျော် စော်ကားမှုသို့မဟုတ်ဆက်သွယ်ရေး ဆိုင်ရာကြိုးကိုင်မှုထဲတွင်အကြုံးဝင်သည်ဟု ရှေ့နေများ ကောင်စီကဆိုသွားခဲ့ပါသည်။
ထိုသို့သောကိစ္စများအတွက်ဖမ်းဆီးအရေးယူခံရနိုင်ပါသလား။ဖမ်းဆီးအရေးယူခံရမည်ဟု မျှော်လင့်ထားရ ပါမည်။ ရောင်းကုန်တစ်ခုခုသို့မဟုတ် ၀န်ဆောင်မှုတစ်ခုခုနှင့်ပတ်သက်ပြီးသတင်းအချက်အလက်အတုများပေးပါ ကထိုသူအားဥပဒေအရဖမ်းဆီးအရေးယူနိုင်ပါသည်။Website တစ်ခုတွင် အမည်တု ဖြင့်ဝင်ရောက်အသုံးပြုရုံသက်သက်ဖြင့်ရဲကအရေးယူခြင်းမှာ ဖြစ်နိုင်ခြေမရှိ သလောက် ဖြစ်သော်လည်းအမည်တုဖြင့်သတင်းမှားများ ဖြန့်ဝေခြင်း၊အခြားသူတစ်ဦးတစ်ယောက်အား ဂုဏ်သိက္ခာကျဆင်းစေခြင်းတို့သည်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာကျပြီးရာဇ၀တ်မှုမြောက်ပါသည်။
<မူပိုင်ခွင့်ရှိပြီးအရာများအားUpload တင်ခြင်း>
မူပိုင်ခွင့်ရှိပြီးသားအနုပညာပစ္စည်းတစ်ရပ်ရပ်အားတရားမ၀င်ရယူသုံးစွဲပြီး အွန်လိုင်းသို့တင်ခြင်းသည်ဥပဒေကြောင်းအရရာဇ၀တ်မှု မြောက်ပါသည်။ ပမာဆိုရသော်မိမိ၏အိမ်တွင်းလက်ဖြစ်ဗီဒီယိုတစ်ခုတွင်အခြားသူများရေးဖွဲ့ ထားသောသီချင်းတစ်ပုဒ်ကိုတရားမ၀င်ရယူသုံးစွဲခြင်းမျိုးဖြစ်ပါသည်။မူပိုင်ခွင့်ရှိပြီးအရာတစ်ခုအားမိမိ website ၌ထည့်သွင်းအသုံး ပြုလိုပါက ခွင့်ပြုချက် ယူရပါသည်။ ခြွင်းချက်အနေဖြင့်အနုပညာပစ္စည်းတစ်ရပ်ရပ်သို့မဟုတ်
အနုပညာဖျော်ဖြေမှုတစ်ရပ်ရပ်အား ဝေဖန်ရေးသားခြင်း၌မူရင်းအနုပညာအား ထည့်သွင်းကိုးကားခြင်းကိုခွင့်ပြုချက်ကင်းလွတ်ခွင့်ပေးထားပါသည်။
Website တစ်ခုခု (ဥပမာFacebook ပေါ်တွင်တင်ထားသောဓာတ်ပုံတစ်ခု) အားအခြားသူတစ်ဦးထံမျှဝေမည်ဆိုပါကတကယ်တမ်းတွင်ခွင့်ပြုချက်လိုပါ သည်။အင်္ဂလန်လိုနိုင်ငံမျိုးတွင်ယင်းကဲ့သို့မျှဝေခြင်းသည်ဥပဒေချိုးဖောက်ရာ ရောက်သည်။မူပိုင်ခွင့်ရှိသော သီချင်းများကိုခွင့်ပြုချက်မဲ့အသုံးပြုနေကြခြင်း သည်မူပိုင်ခွင့်ဥပဒေကိုချိုးဖောက်ရာရောက်ပါသည်။အွန်လိုင်းတွင်တင်သမျှ ဓာတ်ပုံ၊ဗီဒီယို၊စာသားအားလုံးကိုတိုက်ရိုက်ရယူအသုံးပြုခြင်းသည်လည်း အလားတူပင်ဖြစ်သည်။Google Search result ဖြင့်ရရှိလာသောဓာတ်ပုံတစ်ပုံ (အခမဲ့အသုံးပြုခွင့်ပေးထားသောဓာတ်ပုံမဟုတ်လျှင်) အား ပြန်လည် အသုံးပြု ခြင်းသည်ဥပဒေနှင့်ငြိစွန်းပါသည်။ထို့အတူGoogle သည်YouTube တွင် လိုင်စင်ခွင့်ပြုချက်ရယူထားပြီးဖြစ်သောသီချင်းနှင့်Sound effect များစွာ ကိုအထောက်အပံ့ပေးခြင်းဖြင့်YouTube သုံးစွဲသူများအားမူပိုင်ခွင့်ရှိသော တေးဂီတဗီဒီယိုများအားရယူအသုံးမပြုရန် ဖျောင်းဖျဖို့ကြိုးစားဆောင်ရွက် ထားပါသည်။

မူပိုင်ခွင့်ဥပဒေအားဂရုမစိုက်ဘဲမူပိုင်ခွင့်ရှိသောပစ္စည်းများအားအွန်လိုင်းသို့ တင်ခြင်း၊အွန်လိုင်းမှရယူအသုံးပြုခြင်းတို့သည်ဥပဒေလေးစားလိုက်နာမှုအား ကောင်းသောနိုင်ငံများတွင် အရေးယူခံရနိုင်ပါသည်။သို့သော်မူပိုင်ခွင့်ပြုသူများသည်သူတို့ပိုင်ပစ္စည်းများအားတစ်ကိုယ်ရေအသုံးပြုခြင်း အတွက်စိုးရိမ်ပူပန်မှု မရှိပါ။သို့သော်ယင်းပစ္စည်းတို့အားအွန်လိုင်းတင်ပြီးshare လုပ်ခြင်းသည် မူပိုင်ခွင့်ရှိသောပစ္စည်းအားလူအများအခမဲ့သုံးစွဲခွင့်ရအောင် ပြုလုပ်ပေးခြင်း မည်ပါသည်။ယင်းသည်တရားမမှုဥပဒေနှင့်ငြိစွန်းပြီးကြီးလေးစွာဒဏ်ရိုက်ခံရ နိုင်ပါသည်။

<အနီးရှိWi-fi ကွန်ရက်ဖြင့်အင်တာနက်သုံးခြင်း>
လုံးဝပွင့်နေသောWi-fi တို့သည်password မလိုသဖြင့် အလွယ်တကူ ၀င်သုံးရုံဖြစ်ပါသည်။data ပမာဏသက်သာသော်လည်းmalware စွဲနိုင်ခြင်း၊ data ခိုးခံရနိုင်ခြင်းတို့ရှိသည့်အပြင်အချို့သောနိုင်ငံများတွင်ဆက်သွယ်ရေး ဥပဒေနှင့်ငြိစွန်းပါသည်။အီလက်ထရွန်းနစ်ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုအား ငွေကြေးသက်သာလိုမှုဖြင့် မရိုးဖြောင့်စွာဝင်ရောက်သုံးစွဲခြင်း ပြစ်မှု မြောက်သည်ဟုဆိုပါသည်။Wi-fi အခမဲ့သုံးစွဲခြင်းသည်အမှန်တကယ် အခမဲ့ သုံးစွဲခွင့်ပြုသောကွန်ရက်ပေါ်၌ ဖြစ်သင့်ပါသည်။မိမိ၏ကွန်ရက်သည် opentype ဖြစ်မှန်းမသိဘဲWi-fi လွှင့်ထုတ်သုံးစွဲနေသူအချို့ရှိနိုင်ပါသည်။ ထိုသို့သောကွန်ရက်ထဲဝင်ရောက်ချိတ်ဆက်သုံးစွဲခြင်းသည် ပြစ်မှု ကျူးလွန် ခြင်းမည်ပါသည်။တစ်ဖက်လူကIP address အတိအကျသိပြီး တိုင်ကြားလျှင် ဆက်သွယ်ရေးဥပဒေနှင့်ငြိစွန်းပါလိမ့်မည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com